အဘိဓမ္မာနေ့နှင့်အဘိဓမ္မာတရားတော်အကြောင်းသိကောင်းစရာ အကျဉ်း  

Posted by zawye

အဘိဓမ္မာနေ့
မဟာ သက္ကရာဇ် ၁၀၉ ခုနှစ် ၀ါဆိုလပြည့်နေ့တွင် သုံးလူ့ထွတ်တင်ဘုရားရှင် သည် သန္တုတိ မယ်တော်မိ

နတ်သားအား အဘိဓမ္မာ တရားတော်ကို ဟောကြားခြင်းဖြင့် ကျေးဇူးဆပ်ရန် တာဝတိ ํသာနတ်ပြည်သို့ ကြွချီတော်မူသည်။

မြတ်စွာဘုရားရှင်သည် တာဝတိ ํํသာနတ်ပြည်၌ သတ္တမ၀ါကပ်တော်မူ၍ မယ်တော်မိနတ်သား အမှူးပြုသော

စကြာဝဠာတိုက်များစွာမှ လာရောက်ကြသော နတ်ဗြဟ္မာ အပေါင်းတို့အား ၀ါတွင်းသုံးလပါတ်လုံး နေ့ညမစဲ ကုသလာဓမ္မာ ၊

အကုသလာဓမ္မာ ၊ အဗျာကတာဓမ္မာ အစရှိသော အဘိဓမ္မာ တရားတော်မြတ်အား ဟောကြားတော် မူခဲ့ပါသည်။

တရားဟောတော်မူစဉ် နတ်ပြည်၌ မိမိနှင့် ထပ်တူထပ်မျှ တူညီသော ကိုယ်ပွား ရုပ်ပွားတော် ဖန်ဆင်း၍ ဤမျှ

အတိုင်းအတာရှိသော တရားတော်ကိုပါ မိမိ ကိုယ်စားဟောကြားစေဟု အဓိဌာန်ပြုကာ လူ့ပြည်စန္ဒကူးနံ့သာတောသို့

ကြွရောက်တော်မူ၍ ဟောကြားတော် မူပြီးသော အဘိဓမ္မာ တရားတော် များကို အကျဉ်းချုပ်ကာ ရှင်သာရိ ပုတ္တရာအား

ဟောကြားတော်မူသည်။ ထိုတရားတော် များကိုပင် ရှင်သာရိပုတ္တရာမထရ်က မိမိ၏ တပည့် ရဟန်းငါးရာကို အကျဉ်းအကျယ်

ပြန်လည် ဟောကြားခဲ့သည်။ အဘိဓမ္မာ တရားတော် ဟောကြားခြင်းသည် ထိုနှစ် သီတင်းကျွတ်လပြည့်နေ့တွင်

ပြီးဆုံးခြင်းသို့ ရောက်ရှိသည်။ ထိုနေ့ကိုပင် အဘိဓမ္မာ အခါတော်နေ့ဟု ခေါ်တွင်ပါသည်။
ဗုဒ္ဓအဘိဓမ္မာ သည် လောက သုံးပါးနှင့် နိဗ္ဗာန်သို့ရောက်ကြောင်းတရားများကို တကယ်အစစ်အမှန်ရှိသည့်

မရမတ္တတရား (၄) ပါး တို့ဖြင့် ခွဲခြမ်း စိတ်ဖြာ ဟောကြားထားသော တရားတော် ဖြစ်၏။

ပိဋကတ်သုံးပုံ ( ဓမ္မက္ခန္ဓာ ၈၄၀၀၀)---------->
သုတ္တန်ပိဋကတ်(သတ္တ၀ါတို့၏ အသိဉာဏ်နှင့်လျှော်ညီသော ဝေါဟာရများကိုအများဆုံးသုံး ဟောထားသည့် ဝေါဟာရဒေသနာ) (ဓမ္မက္ခန္ဓာ ၂၁၀၀၀)
ဝိနယပိဋက်(တပည့်သာဝကများလိုက်နာရန်ဓမ္မအာဏာကိုအများဆုံးသုံးကာဗုဒ္ဓပညတ်တော်မူခဲ့သောအာဏာဒေသနာ (၀ိနည်း)) (ဓမ္မက္ခန္ဓာ ၂၁၀၀၀)
အဘိဓမ္မာပိဋက် (မဖောက်မပြန်မှန်ကန်သော သဘောတရားများ / အရှိတရား / အမှန်တရားကို အကြွင်းမရှိ ပြည့်စုံစွာ ဟောထားသည့် ပရမတ္တ ဒေသနာတော်) (ဓမ္မက္ခန္ဓာ ၄၂၀၀၀)

အဘိဓမ္မာ ပိဋကတ်သည် အခြား ပိဋကတ်များထက်
(၁) ဓမ္မက္ခန္ဓာ အရေအတွက် ပိုများခြင်း၊
(၂) ဟောကြားသော နည်းအရေအတွက် ပိုများခြင်း၊
(၃) သာလွန်ထူးဆန်းသည့် တရားတော်ဖြစ်ခြင်းတို့ကြောင့် (အဘိ=သာလွန်ထူးဆန်းသော ၊ ဓမ္မာ =တရားတော်) ဟု

အမည်တွင်၏။

ပရမတ် နှင့် ပညတ်

ပရမတ္တ = မရမ + အတ္ထ = မြတ်သော + အနက်သဘော
မဖောက်မပြန် တည့်မတ်မှန်ကန်သဖြင့် မြတ်သည်ဟုခေါ်ဆိုထိုက်သာ အမှန်တကယ်ရှိသည့် သဘာဝတရားများကို ပရမတ္တ

(၀ါ) ပရမတ် ဟုခေါ်၏။ ပရမတ်သည် ဉာဏ်ဖြင့် ခွဲခြမ်း စိစစ်လျှင် ဖောက်ပြန်ပျောက်ကွယ်ခြင်းမရှိဘဲ အမြဲ မှန်ကုန်မြဲမြံနေ၏။
ပညတ်သည် လူတို့သည် ခေါ်ဝေါ်ထားသောဝေါဟာရများဖြစ်ကာ အမှန်ရှိသည်ဟု ထင်ရသော်လည်း
ဉာဏ်မျက်စိဖြင့် ခွဲခြမ်းစိစစ်လျှင်ပျောက်ကွယ်သွား၏။ (ဥပမာ - လူ ၊ ခွေး ၊ ကျောင်း ၊ အိမ် ၊ မော်တော်ကား စသည့် အမည်ဝေါဟာရများ)

ပရမတ္တ (၄) ပါး


စိတ် စေတသိက် ရုပ် နိဗ္ဗာန်
(၁) (၅၂) (၂ဂ) (၁)

စိတ် = အာရုံကို သိတတ်သော တရား
စေတသိက် = စိတ်၌ မှီတွယ်၍ စိတ်ကို ခြယ်လှယ်သော သဘာဝတရား
ရုပ် = အပူအအေးစသောဆန့်ကျင်ဘက်အကြောင်းအရာများကြောင့် ဖောက်ပြန်တတ်သည့်သဘောတရား
နိဗ္ဗာန် = ဒုက္ခခပ်သိမ်းကင်းငြိမ်းရာ ချမ်းသာအစစ်အမှန်တရား

စိတ် + စေတသိက်= နာမ် = အာရုံသို့ ကိုင်းညွှတ်ပြီး အာရုံသို့ သိတတ်ခြင်း

လူနှင့် သတ္တ၀ါတို့သည် နာမ် ရုပ် အစုများသာဖြစ်ကြခြင်း နိဗ္ဗာန်၌ နာမ်ရုပ် မရှိချေ။ နာမ် ရုပ်မရှိသဖြင့် ထာဝရ ချမ်းသာ၏။ ဤသို့သော အဘိဓမ္မာ တရားတော် (၇) ကျမ်းရှိ၏။

(၁) ဓမ္မသင်္ဂဏီ ( ဓမ္မ အားလုံးကိုစုဆောင်း ထားသော ကျမ်း)
(၂) ၀ိဘင် ( ဝေဖန်ဆန်းစစ်ခြင်း)
(၃) ကထာ (အမှား၊ အယူမှားများကို ဖြေရှင်းခြင်း)
(၄) ပုဂ္ဂလပညာ (ပုဂ္ဂိုလ်နှင့်တွဲ၍ တိုက်ဆိုင် စစ်ဆေးကြည့်ခြင်း)
(၅) ဓာတုကထာ (ဓါတ်သဘောအားခွဲခြမ်းခြင်း)
(၆) ရမိုက် (ပြန်လည်စုစည်း၊ တွဲတရား / အစုံ)
(၇) ပဋ္ဌာန်း (အကြောင်းအကျိုး ဆက်သွယ်ခြင်း ၊ သဘောတရား ပြသခြင်း)

ဘ၀အကြောင်း ၊ လောက အကြောင်း တို့ကို အမှန်တကယ် ရှိသည့် ပရမတ္တတရားတို့ဖြင့်ရှင်းလင်းဖော်ပြ ထားသော ဗုဒ္ဓအဘိဓမ္မာသည် အဖိုးအတန်ဆုံး ဘ၀ပညာဖြစ်ပါသည်။ မှန်ကန်သော ဘ၀အမြင်နှင့် လောကအမြင်တို့ကို ရှင်းရှင်းလင်းလင်း ဖွင့်ဆိုထားသောကြောင့် လူတို့အား ချမ်းသာစေကာ ဗုဒ္ဓအဘိဓမ္မာအား သိနားလည်၍ ဗုဒ္ဓ၏ သဗ္ဗညုတ ဉာဏ်တော်ကို သံသယကင်းရှင်းစွာဖြင့် မြတ်နိုးပူဇော်နိုင်ပါပြီ။
လောကကြီးကိုလွမ်းမိုးခြယ်လှယ်နေကြသော၊ စိတ်စေတသိက်တို့ဧ။် သဘောသဘာဝများကို မခြွင်းမချန်
မှန်ကန်ပြည့်စုံစွာ၊ ဟောကြားထားသည့် ဗုဒ္ဓအဘိဓမ္မာသည် လူတိုင်းအတွက် မှန်ကန်တည့်မတ်သော၊ ဘ၀ဒသန(Life Philosophy) ဖြစ်ပေဧ။်။
လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလ်စေတသိက်များကိုလည်းကောင်း၊ လူတို့ဧ။်ဘ
ဝကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏစေတသိက်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်
လုပ်ငန်းများ၌ အောင်ပန်းဆင်စေတတ်သော ဗလအင်အားနှင့် အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှလွတ်မြောက်စေပြီး၊အချမ်းသာဆုံးသန္တိသုခကိုရရှိစေတတ်သောကျင့်စဉ်အမှန်တရားကို လည်းကောင်း၊ဗုဒ္ဓအဘိဓမ္မာကတိတိကျကျညွန်ပြထားပါသည်။ယနေ့လောကသိပ္ပံပညာရပ်များအရှိန်အဟုန် တိုးတက်နေသော ခေတ်ကြီးတွင် တိုးတက်လျက်ရှိသော သိပ္ပံပညာနှင့် တစ်ကမ္ဘာလုံးမှအသိ အမှတ်ပြုထားသော ကမ္ဘာလုံးဆိုင်ရာဒသနိကနှင့် အတွေးအခေါ်ဘာသာရပ်(Global Science and Global Philosophy) များဧ။် (Main or Center Problem) အဓိကပြသနာရပ်ဖြစ်သော အရှိတရားနှင့်အမှန်တရားတည်း ဟူသော သဘောသဘာဝအား အဘိဓမ္မာတရားကဖြေရှင်းညွန်ပြထားခဲ့ပါဧ။်။
အဘိဓမ္မာတရားအား ဥာဏ်ဖြင့် ဟုတ်တိုင်းမှန်စွာ နားလည်လာပါက (စာသဘောတရား သို့မဟုတ်
သုတပညာဖြင့်သေချာစွာနားလည်မိပါက) ခန္ဓာကိုယ်ထဲ ငါ ဟု စွဲမှတ်ယူအပ်သည့် အသက်ကောင် ၊ ၀ိဉာဉ်ကောင် ၊ လိပ်ပြာကောင် တို့ မရှိကြောင်း ကို ဘွင်းဘွင်းကြီး သိမြင်သွားပါလိမ့်မည်။ ယင်းကဲ့သို့ ငါစွဲ ဟူသည့် သက္ကာယ ဒိဠိ နှင့် ရတနာသုံးပါးအပေါ်တွင် ယုံမှား သံသယ ဖြစ်မှုတည်း ဟူသော ၀ိစိကိစ္ဆာ တို့ကင်းပလောက်အောင် အမြင်ကြည်လင်လာသည့်အခါ စူဠသောတာပန်(သောတာပန်အငယ်စား) အဖြစ်သို့ရောက်ရှိပြီး နောက်ဘ၀အတွက် အပါယ်တံခါးပိတ်လေပြီ။ ဘ၀အမြင်မှန်တည်းဟူသော အဘိဓမ္မာ မျိုးစေ့သည် လူချမ်းသာနှင့် သန္တိသုခ ဟူသည့် ထာဝရ ချမ်းသာတို့ ရှင်သန်ပေါက်ဖွားလာအောင် ဧကန်အကျိုးဆောင်ပေးမည်ဖြစ်ပေသတည်း။


မေတ္တာမွန်ဖြင့်

ပုံရိပ် (IMAGE)  

Posted by zawye

  • ကျွန်တော် ငယ်ငယ် ကတိမ်တွေကိုငေးပြီး အတွေးစိတ်ကူးနဲ့ကြည်နူးခဲ့ဖူးတယ်။
  • အာကာဆိုတဲ့ကောင်းကင်ကိုကြည့်ပြီး ကျွန်တော်ခွန်အားတွေမွေးခဲ့ဖူးတယ်။
  • အခုအချိန်မှာတော့ စိတ်ညစ်ရင် တိမ်ကိုကြည့်တယ်..ပေါ့ပါးအောင်လို့။
  • ရှုပ်ထွေးရင်ကောင်းကင်ကိုကြည့်တယ်……အေးချမ်းအောင်လို့။
  • တိမ်..အာကာ….ကကျွန်တော့်ကိုပေါ့ပါးကြည်လင်စေပြီး တည်ငြိမ်အေးချမ်းအောင်ဖန်တီးပေးတယ် ..ကျွန်တော်လိုပဲလူအားလုံးကိုအေးချမ်းစေချင်တယ်..
  • တစ်ခုတော့ရှိတယ်ပေါ့…..တစ်ခါတစ်လေ…တိမ်ဟာမှောင်တတ်သလို..အာကာဟာလည်းမိုက်တတ် တယ်ဗျာ….
  • ဘယ်လိုပဲမှောင်မှောင်ဘယ်လိုပဲမိုက်မိုက်တိမ်နဲ့အာကာဟာအမြဲတွဲလျက်ပေါ့…ကျွန်တော်တို့တွေလည်း တိမ်အာကာလိုအခိုက်အတန့်မှောင်တတ်ပေမယ့် ပင်ကိုအဖြူဓာတ်လေးကတော့ ကိုယ်နဲ့မကွာ ဒွန်တွဲနေမှာပါ…
ကျွန်တော်သိတဲ့တိမ်
ငယ်ငယ်ကကျောင်းသွားရင်အမေ့စက်ဘီးနောက်ကလိုက်စီးရင်းကျွန်တော်မသိတဲ့မေးခွန်းတွေအမြဲမေးတတ် ခဲ့တဲ့ကျွန်တော်ဟာတစ်နေ့ကျွန်တော့်အတွက်အရေးပါတဲ့မေးခွန်းတစ်ခုအမှတ်မထင်မေးဖြစ်ခဲ့တယ်….အမေ ..တိမ်တွေဟာဘာကြောင့်ဖြူပြီး…ဘာကြောင့်ရွေ့နေတာလဲ……ပြီးတော့ဘယ်တော့မှငြိမ်ငြိမ်လဲမနေဘူးနော် ..လှလဲအရမ်းလှတာပဲလို့ပြောခဲ့ဖူးတယ်။အမေပြန်ဖြေခဲ့ဖူးတဲ့စကားလေးတွေကအရမ်းပညာသားပါသလို လှပပြီးအရမ်းလည်းရိုးရှင်းတယ်…….သားတဲ့……တိမ်ဟာသေးငယ်ပြီးပုံမှန်ကြည့်ရင်တော့ဘာမှမဟုတ်ပါဘူး…. ဒါပေမယ့်အတွေးမျက်လုံးဥာဏ်အသိနဲ့ကြည့်ရင်တော့တိမ်ဟာပေါ့ပါးသယောင်နဲ့နက်ရှိုင်းတယ်။သူ့မှာစည်း လုံးမှုခိုင်မာမှုအေးချမ်းမှုတွေအများကြီးရှိတယ်….ပေါ့ပါးကြည်လင်ပြီး လွတ်လပ် တဲ့ သဘောတွေ၊ နူးညံ့သိမ်မွေ့မှုဟန်နဲ့ကြံ့ခိုင်မှုတွေအပြည့်ရှိတယ်။ဒါကြောင့်သားလည်းတိမ်လိုကျင့်ပြီးအာကာဆိုတဲ့ကောင်းကင်လိုနေနိုင်အောင်ကြိုး စားလို့အမေကပြောခဲ့တယ်။

အာကာ
အမေက အာကာလိုကျင့် လို့ပြောတော့……ကျွန်တော်ကအာကာဆိုတာ ဘာလဲလို့ ထပ်မေးခဲ့ ပြန်တယ်… အာကာဆိုတာလူသားတွေအားလုံးရဲ့ မျှော်လင့်ချက်တဲ့ ဗျာ။ အာကာ က အဆုံးအစမရှိတဲ့ ဒီလောကကြီး ကို လွှမ်းမိုးထား တယ်… သူ့ ရဲ့လောင်းရိပ်အောက်မှာ ကျွန်တော်တို့တွေ လှုပ်ရှားနေကြတယ်…ရုန်းကန်နေ ကြတယ်၊ အောင်မြင်မှု တွေဆုပ်ကိုင်ထား နိုင်ကြတယ်။ဆုံးရှုံးမှုတွေကိုကြံ့ကြံ့ခံကြရင်းအာကာကိုမော့ ကြည့် ပြီး မျှော်လင့်ချက်တွေထားနိုင်ကြတယ်…အာကာကတော့သူ့ရဲ့အောက်မှာနေမင်းကြီးဘယ်လောက်ပူပြင်းပါစေ၊ မိုးတွေဘယ်လောက် အုံ့မှိုင်းနေပါစေ အားလုံးပြီးဆုံးသွားရင်တော့အာကာကပုံမှန်ကြည်လင်ဆဲပဲ….အာ ကာမှာလောက သဘာဝတရားရဲ့ လှည့်ပတ် မှုတွေဘယ်လောက်များများ သူ့ ရဲ့ပင်ကိုကြံ့ခိုင်မှုတွေက မပျောက်ပျက်သွားဘူး….ထိုစဉ်ကကျွန်တော် အာကာကိုကြည့်လို့ သဘောကျခဲ့ဘူးတယ်… မာယာတွေ၊ ပရိယာယ် တွေ အောက်ကလေးစားဖွယ်ရာ သူရဲကောင်းကြီးအဖြစ်နဲ့ပေါ့ဗျာ..
(၆) နှစ်အရွယ်ကျွန်တော့်အိမ်မက်
မူလတန်းမှာလက်သမားလေးမောင်နီကို ကျွန်တော်သင်ခဲ့ရစဉ်က အာကာကောင်းကင်မှာ ပျံသန်းမယ့် လေယာဉ်ပိုင်းလော့ဖြစ်ချင်ခဲ့မိတယ်။ အပင်ပေါ်ခဏခဏတက်ပြီး ပြန်ပြန်ခုန်ချရတဲ့ ကစားနည်းဆိုကျွန်တော့် အသည်းစွဲပါပဲ ။ စာကျက်ရင် သစ်ပင်အမြင့်ပေါ်တက်ကျက်လို့လေတိုက်လို့ သစ်ကိုင်းလှုပ်တဲ့ အရသာကို နှစ်ခြိုက်ခဲ့မိတာလည်းမမေ့နိုင်စရာပါ။ဒီလိုနဲ့နွေကျောင်းပိတ်တော့အဖွားတို့ရှိတဲ့ရွာကိုအလည်တစ်ခေါက်ရောက် ဖြစ်တယ်။ရွာရဲ့နာမည်ကမြန်မာ့သမိုင်းမှာထင်ရှားခဲ့တဲ့ကောင်းတုံဆိုတဲ့ရွာလေးပါပဲ….။ရွာလေးဟာဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းရဲ့အထက်နားမြစ်ကမ်းဘေးမှာတည်ရှိပါတယ်….။လည်လို့ပတ်လို့တစ်ပတ်လောက်အရှိမှာ သောင်းကျန်းသူတွေရွာထဲဝင်ပစ်ကြတာ တစ်ရွာလုံးနီးပါး ဒဏ်ရာတွေ ရကြတယ်ဗျာ..ကျွန်တော့် အကို၊ အဒေါ်၊ နဲ့ ညီလေး တို့လဲကျည်ဆန်ထိလို့ မြို့ဆေးရုံကိုပို့လိုက်ရတယ်။ကျွန်တော်လည်းက လေးဆိုတော့ ဆေးရုံကိုအမြဲလိုလို လူကြီးတွေနဲ့လိုက
သွားဖြစ်ပါတယ်။ အဲံဒီမှာ ကျွန်တော့်ရဲ့ဒုတိယအိမ်မက်အဖြစ် ဂျူတီကုတ်အဖြူရောင်နဲ့ဆရာဝန်လေး တွေကိုမြင်ရတော့ မြင့်မြတ်တဲ့ဆရာဝန်ကယ်တင်ရှင်ကြီးအဖြစ်မျှော်လင့်မိခဲ့ပြန်တယ်….ကောင်းကင်မှာ ပျံသန်း မယ့်လေယာဉ်ဆိုတာကို မေ့သလိုဖြစ်သွားခဲ့ပါ တယ်။

အရောင်စုံနဲ့ ကျွန်တော်
ဒီလိုနဲ့ပတ်ဝန်းကျင်ရဲ့ကာလာတွေအရောင်တွေကြားမှာကြီးပြင်းရင်းစာရေးဆရာ၊အင်ဂျင်နီယာ၊
စီးပွားရေးပညာရှင်၊ကျောင်းဆရာ၊ရှင်ရဟန်းနဲ့စစ်ဗိုလ်ဆိုတာတွေကကျွန်တော့်မျှော်လင့်ချက်သက်တန့်တွေ
ွဖြစ်ခဲ့ဘူးပါတယ်။စာတွေအများကြီးဖတ်ပြီးလောကကြီးကိုယထာဘူတကြည့်သလိုနဲ့ သရော်ခဲ့မိတာတွေ လည်းဖြစ်ပျက်လို့နေခဲ့ပါသည်။ ရဲရင့်ခြင်း၊ ကြောက်ရွံ့ခြင်း၊ အောင်မြင်ခြင်း၊ ရှုံးနိမ့်ခြင်း၊ ပျော်ရွင်ခြင်း၊၀မ်းနည်းခြင်းကစလို့ချစ်ခြင်း၊မုန်းခြင်းအစွန်းနှစ်ပါးကိုဖက်တွယ်ပျော်မွေ့ရင်းရောင်စုံတွေကြား မှာရှင်သန်နေခဲ့မိတာယနေ့တိုင်ပင်..။မပီပြင်တဲ့အိမ်မက်တွေကြားလမ်းလျှောက်ရင်းလက်တွေ့တစ်ခုကို တည်ထောင်မိလျက်သားဖြစ်နေပါတယ်။ကျင်လည်ပတ်သက်နေတဲ့လက်တွေ့ဆိုတာကြီးကို
ဆန်းဆစ်မိသည့်ခဏမှာတော့ကိုယ့်ကိုယ်ကိုမမှတ်မိနိုင်တော့တဲ့ဆေးရောင်စုံပန်းချီကားတစ်ချပ်ဖြစ်မှန်းမ သိဖြစ်နေခဲ့မိပေပြီ။….

စုတ်ချက်ကြမ်းနှင့်ခဲဖျက်
မိမိရဲ့အလုပ်ဟူသော စုတ်တံချက်များအောက်မှာ ဘ၀ဆိုသောပန်းချီကားကြီးကို ပုံဖော်အသက်သွင်းရင် ပုံစံတစ်ခုအောက်သို့စနစ်တကျအသက်သွင်းမိနေတတ်ပါသည်…။တခါတရံရေးဆွဲနေမိသောစုတ်တံချက်များ အောက်မှပင်ကိုအဖြူရောင်ပိတ်ကားစလေးများအားပျော်ရွင်စွာအရောင်ဆိုးလိုက်..လူးလွန့်မိလိုက်ဖြင့်ပင်. .စုတ်ချက်ကြမ်းနှင့်ရေးဆွဲမိသောပန်းချီကားတစ်ချပ်ဖြစ်မှန်းမသိဖြစ်နေရှာတော့သည်။..နီးလွန်းလျင်မမြင်ဝေးလွန်းသော်ဝါးဆိုသလိုပင်အနီးအဝေးအတိုင်းအဆမှားဖြင့်စခန်းသွားလာခဲ့သည်မှာဖြတ်သန်းလာသော အရွယ်အချိန်ကာလတစ်ခုရောက်မှသာလျင်ကျွန်တော့်ပန်းချီကားအမြင်မှားနေမှန်းသိရှိခဲ့မိဧ။်။အသိတည်း ဟူသောပဲ့ကိုင်ရှင်ကခုမှခဲဖျက်ရှာကောင်းတုန်းပင်..။ဖျက်လိုက်ပြင်လိုက်မှပင်ကာလာအေ၇ာင်စုံသုံးသည့် စုတ်တံချက်များက ပိုပိုသုံးနေမိသည်လားဟူ၍ပိတ်ဖြူစ က စကားဆိုနေတတ်ပြန်သည်။

စိတ်နှင့်အသိ
တိမ်နှင့် အာကာကဲ့သို့ ကျွန်တော့်စိတ်နှင့် အသိမှာ တွဲလျက်ရှိမနေတတ်သည်မှာ အတော်ကြာခဲ့ပေမည်….။စိတ်ကအားအင်နှင့်ရွေ့လျားသောတစ်ခဏ၊အသိဥာဏ်ဖြင့်ပြန်လည်ထိန်းညှိရ သည်မှာပင်ပန်းလွန်းလှပါဧ။်။..ကျွန်တော်လေးစားအားကျမိသောအစ်ကိုတစ်ဦးမှတစ်ခါတစ်ခါစိတ်ကိုကြည့် နေတာများရင်လည်းအသိတွေလွတ်သွားတတ်တဲ့….မှန်ပေဧ။်။အသိကိုရှေ့တန်းတင်လွန်းရင်လည်းအစွန်းမလွတ် ဟုပြောပါသည်..။ကျွန်တော့်စိတ်ဝယ်မကြာမကြာဖြစ်တတ်သောသဘောပင်..။ရည်မှန်းချက်ကြီးလွန်းသော၊ မျှော်လင့်ချက်တွေများလွန်းသောမပြည့်စုံအဆင်မပြေသည့်တစ်ခဏ၌အောင်မြင်မှုနှင့်အတူအောင်မြင်ခြင်းဟူသောစိတ်ဓာတ်တရားတို့အားမြေမြုပ်ပစ်ချင်ခဲ့မိသည့်အသိမှာအကြိမ်ကြိမ်ဆိုသလိုအောင်မြင်မှုဟူသောရေချို ကိုတရှိုက်မက်မက်သောက်ချင်ခဲ့သောစိတ်ဓာတ်အရသာကလည်းအဖန်ဖန်ဟုဆိုရပေမည်။သတ်မှတ်ချက်တည်း ဟူသောအချိန်ကာလတစ်ခုအတွင်းပညာနှင့်ပတ်သက်သောသင်ခန်းစာတစ်ချို့ကကျွန်တော့်အားသေချာသည် ကအောက်သို့ဆွဲမချသွားခဲ့ပါ။ဂုဏ်မာနနှင့်သိက္ခာတည်းဟူသောသင်ခန်းစာအချို့ကလည်းအချိန်ကာလတစ်ခု အတွင်းဇီးရိုး(သုည)အောက်သို့တော့မရောက်သည်၏မှာသေချာပေသည်….။နှလုံးသားနှင့်ပတ်သက်၍မူကား ကျွန်တော်ကိုယ်နှိုက်ကိုကမဝေခွဲနိုင်ပေ။ဖန်တီးလာသောကံကြမ္မာနှင့်အ ကြောင်းတရားတို့တိုက် ဆိုင်လာသောခဏ တွင်မူကား ရောထွေးယှက်သွယ်မှုအမျှင်တန်းများက ကျွန်တော့်စိတ်အဟုန် အားကြီးစွာသော ပြောင်းလဲမှုကိုဖြစ်ပေါ်စေလေသည်…။

မပြတ်သားခြင်းနှင့်အတူအမှတ်မှားခြင်းများကလည်းဝင်ဝင်လာတတ်ပေရာနာကျင်သောစိတ်နှလုံးမှအရောင်ပြန်ပြီး ရွင်ပြုံးပြရသည်ကအကြိမ်ကြိမ်ပင်။ပြသနာအချို့နှင့် အတူ နှလုံးသားမှ စစ်ခင်းဖြေရှင်းရဖန်များ လာသောအခါစုတ်ချက်ကြမ်းသောပန်းချီကားအောက်ကပိတ်ဖြူဘ၀လေးကိုပင်ခင်တွယ်လာရသည့် ဆန္ဒတို့ဖြစ်ပေါ်လာစေပါသည်။တခါတရံအကောင်းရှုမြင်နေရသည့်စိတ်နှလုံးကိုမှမပျော်ပိုက်စက်ဆုပ် ဖွယ်မြင်မိနေတတ်ပြန်ရာကြောက်မက်ဖွယ်ရာပင်…။တစ်ခါတစ်ခါကျတော့လောကကြီးမှာအဖြူနှင့်အမည်း၊ အကောင်းနှင့်အဆိုး၊အမှန်နှင့်အမှား၊ဆိုတာမျဉ်းတစ်ကြောင်းဖြင့်ဟိုဘက်သည်ဘက်ခြားနားထားလို့မရစ ကောင်းပေ။
သဘောထားကြီးလိုက်တာဆိုတဲ့အံ့သြမှု၊ကျေးဇူးတင်မူကလေးရဖို့အတွက်ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးတွေကတော့မတန်တဆဖြစ်လွန်းသည်ဟုကျွန်တော်တစ်ဘက်သတ်စွပ်စွဲချင်မိပါသည်….။ မလိုသူတွေရဲ့ အကြည့်မှာ အပြစ်ရှာတဲ့ အနံ့ခံ ကရိယာတွေ ပါတတ်ကာ၊ ကဲ့ရဲ့ချင်သူတွေရဲ့ အကြည့်မှာ မနာလိုအမုန်းတရားတွေပါတတ်ပါတယ်။အတ္တကြီးသူတွေရဲ့အကြည့်မှာပြိုင်ဘက်အညှိုးတွေပါတတ်ပြီးမာန် ထောင်မောက်မာသူတွေရဲ့အကြည့်မှာအထင်သေးစော်ကားစိတ်တွေပေကျံနေတတ်ပါတယ်။အဲဒီလိုကြည့် တတ်သူတွေသတိထားစဉ်းစားမိဖို့လိုတာကတော့ကိုယ်လှမ်းကြည့်မိတဲ့ပုဂ္ဂိုလ်ဟာ
'လူသားပုထုဇဉ်'ဖြစ်တယ်ဆိုတာကိုပါ။

ရုန်းကန်လှော်ခပ်နေရသောကျွန်တော့စိတ်နှင့်အသိတို့ကြားရန်စောင်မှုလေးများမကြာမကြာဆိုသလိုပင်ဖြစ်တတ်ပြန်သေးရာအသိနှင့်စိတ်တို့ကြားကျွန်တော်နှလုံးသွင်းမိသည့်စကားစုမှာချစ်သောမျက်စိဖြင့်ကြည့်ပါ ကအရာရာလှပနေတတ်ပေသည်ဟူ၍ပင်။ကျွန်တော့်ဘ၀တစ်ခဏ၌မျှော်လင့်ခြင်းတွေ၊တမ်းတခြင်းတွေ၊ လွမ်းမောခြင်းတွေမကုန်ဆုံးမချင်းပူလောင်ခြင်းတွေကိုပင်လျင်အရောင်တင်မယ်ဆိုရင်ဖြင့်သောကတွေမောဟတွေဒေါသတွေသာတမျိုးပြီးတစ်မျိုးမရိုးအောင်ပွားနေရပေဦးမည်ပင်။ကျွန်တော်တို့ဘ၀ပန်းချီပုံရိပ် အတွက်ကျေနပ်လွန်းလှဖွယ်ရာသောပုံရိပ်မှန်များမွေးဖွားနိုင်စေရန်ကောင်းမွန်သောစိတ်ဓာတ်နှလုံး မှန်ကန်သောအသိဥာဏ်ပညာဖြင့်မိမိကြိုက်သောစုတ်ချက်လုပ်ရပ်များဖြင့်ဖန်တီးကာ
မိမိကိုယ်နှိုက်နှစ်ခြိုက်ကျေနပ်တတ်စေရန်ကြိုးစားရပေဦးမည်ဟု…….




စိတ်ဓာတ်ခွန်အားတိုးစေဖို့  

Posted by zawye

အခု ဖော်ပြပေးလိုက်တဲ့ ကဗျာလေးက စိတ်ဓာတ်မြှင့်တင်ရေး ကဗျာတပုဒ်ပါ။ အဓိပ္ပါယ်ကတော့ ရှင်းလင်းလွယ်ကူပြီး ရိုးရိုးကလေးဖြစ်တာကြောင့် အကျယ်ချဲ့ပြီး ပြောစရာတောင် မလိုတော့ပါဘူး။ ဖတ်ကြည့်ပါတော့........

Remember That Anything is Possible!

Believe in what makes you feel good.
Believe in what makes you happy.
Believe in the dreams
you've always wanted to come true,
and give them every chance to.

Life holds no promises
as to what will come your way.
You must search for your own ideals
and work towards reaching them.
Life makes no guarantees
as to what you'lll have.
It just gives you time to make choices
and to take chances
and to discover whatever secrets
that might come your way.

If you are willing to take
the opportunities you are given
and utilize the abilities you have.
You will constantly fill your life
with special moments
and unforgettable times.

No one knows the mysteries of life
or its ultimate meaning,
but for those who are willing
to believe in their dreams
and in themselves,
life is a precious gift
in which anything is possible.

-Dena Dilaconi


"ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမှတ်ရပါ"
ဒီနာဒီလာကိုနီ

- သင့်ကို စိတ်ချမ်းသာစေတဲ့အရာအပေါ် ယုံကြည်ပါ။
သင့်ကို ပျော်ရွှင်စေတဲ့အရာအပေါ် ယုံကြည်ပါ။
သင်အမြဲတမ်း ဖြစ်လာစေချင်တဲ့၊
အိပ်မက်များအပေါ်မှာ ယုံကြည်ပါ။

- သင့်ဘ၀လမ်းခရီးမှာ ဘာတွေ ဖြစ်လာလိမ့်မယ်လို့
ဘ၀က ပဋိဥာဉ်ပြုထားတာ မရှိဘူး၊
သင်လိုချင်တာကို သင်ကိုယ်တိုင် ရှာဖွေရွေးချယ်ပြီး၊
ဖြစ်အောင်လုပ်ရလိမ့်မယ်။

- သင်ဘာတွေရလာလိမ့်မယ်လို့
ဘ၀က အာမခံချက်ပေးထားတာ မရှိဘူး၊
သင်ရွေးချယ်နိုင်ဖို့နဲ့ အခါအခွင့်ကြုံကြိုက်ဖို့၊
အချိန်ဆိုတာကိုပဲ ပေးထားတယ်၊
ဘ၀ခရီးလမ်းတလျှောက်ရှိ လျှို့ဝှက်ချက်တွေကို
ရှာဖွေတွေ့ရှိဖို့ပဲ လိုတယ်။

- ပေးတဲ့အခွင်အရေးများကို
ရယူချင်စိတ်ရှိပြီး၊
သင့်မှာရှိတဲ့ အစွမ်းအစများကို အသုံးချရင်
ထူးခြားတဲ့ အခိုက်အတန့်တွေ၊
မမေ့နိုင်လောက်တဲ့ အချိန်တွေ၊
သင့်ဘ၀မှာ အမြဲထာဝရပြည့်ဝနေလိမ့်မယ်။

- ဘ၀ရဲ့ လျှို့ဝှက်ချက်တွေနဲ့
အဆုံးစွန်အဓိပ္ပါယ်ကို
ဘယ်သူမှ မသိရှိကြဘူး။
ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကို ယုံကြည်တဲ့သူများအတွက်
ဘ၀ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့
အဖိုးတန်လက်ဆောင်တခုဖြစ်တယ်။

ဒီနာဒီလာကိုနီ

လူငယ်ဆိုတာ သံဝေဂတွေကြောင့် တွန့်ဆုတ်နေရမယ့် အရွယ်မဟုတ်ပါဘူး။ အိပ်မက်တွေကို ယုံကြည်ပြီး တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်ရဲရပါမယ်။ မှားမှာကို မကြောက်ပါနဲ့၊ ရှေးကလူကြီးတွေလည်း မှားဖူးကြတာပါပဲ။ အမှားတွေ့ဖူးမှ အမှန်ကို သိပါတယ်။ အမှားကို ပြင်ပြီး ရှေ့ဆက်လုပ်ရင် ခရီးရောက်မှာပဲ။ အမှားကို ကြောက်ပြီး ဆက်မလုပ်ရင် ဘယ်မှမရောက်နိုင်ပါဘူး။ လူ့ဘ၀ဆိုတာ စက်ဘီးစီးနေရသလို ဖြစ်တယ်။ စက်ဘီးစီးတဲ့အခါ နင်းနေမှ ရှေ့ကို သွားပါတယ်။ အနင်းရပ်လိုက်တာနဲ့ လဲကျသွားတာပါပဲ။ လူ့ဘ၀ဆိုတာလည်း ရှေ့တိုးရင်တိုး မတိုးရင် ကျဆင်းသွားမှာပါ။ ရှိရင်းစွဲနေရာမှာ တန့်နေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အိပ်မက်တွေကို ယုံကြည်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ အရေးကြီးပါတယ်။ အိပ်မက်တွေကို ယုံမှ ရှေ့တိုးရဲမှာ ဖြစ်ပါတယ်။ ရှေ့မတိုးရဲသူ ကျဆုံးမှာပဲ။ ဒီသဘာဝတရားကို လူငယ်တိုင်း နားလည်သဘောပေါက်စေချင်ပါတယ်။

လူထုစိန်ဝင်း
၂၁၊ ၁၁၊ ၂၀၀၅
[ချင်းတွင်းမဂ္ဂဇင်း၊ အမှတ် (၂)၊ ဖေဖော်ဝါရီလ၊ ၂၀၀၆ မှ ကူးယူဖော်ပြပါတယ်။]

 

Posted by zawye

“အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ မေးခွန်းကို လူအတော်များများ မေးဖူးကြမယ်၊ ကြားဖူးကြမယ် ထင်ပါတယ်။ ကျွန်တော့်ဘဝမှာလည်း သည်မေးခွန်းကို မကြာခဏ အမေးခံရဖူးသလို ကျွန်တော်ကိုယ်တိုင်လည်း သည်မေးခွန်းကို မေးမိခဲ့ဖူးတယ်။


အသက် တော်တော်ရတဲ့အထိ အချစ်ကို ကျွန်တော် နားမလည်ခဲ့ရိုး အမှန်ပါ။ ဘဝမှာ မိန်းကလေး အတော်များများနဲ့ ရည်ငံဖူးတယ်၊ အတော် များများကိုလည်း စွဲလမ်းဖူးတယ်၊ မစားနိုင်၊ မအိပ်နိုင်၊ တမှိုင်မှိုင်၊ တတွေတွေနဲ့ ကြွေခဲ့ဖူး၊ ဝေခဲ့ဖူး၊ လေခဲ့ဖူးပါတယ်။


အဲဒါတွေကိုပဲ “အချစ်”လို့ ယုံမှတ်မှားနေခဲ့တာ အသက် ၃၀ ကျော်တဲ့ အထိပါပဲ။ ဒါတောင် ကျွန်တော်က စာတွေ အတော်ဖတ်ထားခဲ့တဲ့အတွက် ချစ်ခြင်း မေတ္တာဆိုတာနဲ့ နှစ်သက် စွဲလမ်းမှုတို့ ကွာခြားတဲ့ အကြောင်းကို “စာသိ” သိထားခဲ့တာပါ။ အဲသလို သိပင်သိငြားသော်လည်း တကယ်တမ်း ကိုယ်တွေ့ ကြုံရချိန်တိုင်းမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ထင်မြင် ယုံမှားတာကတော့ လျော့မသွားခဲ့ဘူး။

အသက် ၃၅ နှစ်လောက် ရောက်တဲ့အခါမှ ကျွန်တော့်ဘဝမှာ အချစ်ဆိုတာကို ဘွားခနဲ တွေ့သွားတယ်လို့ ဆိုနိုင်ပါတယ်။

တလောဆီက မိတ်ဆွေလေးတစ်ယောက်က “အချစ်ဆိုတာ ဘာလဲ”ဆိုတဲ့ အပ်ကြောင်းထပ် မေးခွန်းကို မေးနေတာ နားစွန်နားဖျား ကြားလိုက်ရတယ်။ ကျွန်တော့်ကို တည်ပြီး မေးတာမဟုတ်ပေမယ့် ဖြေကြည့်ချင်စိတ်တွေ ပေါက်လာခဲ့မိရပါတယ်။ စိတ်နာနာနဲ့ကို ဖြေလိုက်စမ်းချင်တာပါ။

“စိတ်နာနာနဲ့”လို့ ပြောရတာလည်း အကြောင်းရှိပါတယ်။ ကျွန်တော့်ဘဝမှာ နှစ်သက်စွဲလမ်းမှုကို အချစ်လို့ ယုံမှားပြီး လွဲခဲ့တဲ့အဖြစ်တွေအပေါ် စိတ်နာတာက တစ်ကြောင်းပါ။ နောက်တစ်ကြောင်းက ကျွန်တော့်နောက်က မျိုးဆက်သစ်တွေမှာလည်း အဲဒီ့နှစ်သက်စွဲလမ်းမှုကိုပဲ အချစ်လို့ ထင်မြင် ယုံမှားပြီး ရွှေမြင့်မိုရ် တစ်တောင်လုံးကို တုံးမှတ်လို့ ခုန်မိကြရာက မထွေးနိုင်၊ မအံနိုင်တွေ ဖြစ်ကုန်ကြတာကို မြင်နေ၊ ကြားနေ၊ တွေ့နေရတာလည်း ပါပြန်ပါသေးတယ်။
ဒါနဲ့ပဲ ကျွန်တော် နားလည်ထားတဲ့ အချစ်အကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ ဝိတ္တာရချဲ့ဖို့ စိတ်ကူးက ပေါ်လာရပါတော့တယ်။

နှစ်သက် စွဲလမ်းမှု သို့မဟုတ် မွှန်စိတ်

သိုးဆောင်းဘာသာစကားမှာတော့ နှစ်သက်စွဲလမ်းမှုကို INFATUATION လို့ ခေါ်ပါတယ်။ အချစ်ဆိုတဲ့ LOVE နဲ့ လုံးလုံး မသက်ဆိုင်တဲ့ ကိစ္စပါ။ အရပ်သုံးစကားနဲ့ အလွယ်ပြောရမယ် ဆိုရင်တော့ “မွှန်စိတ်”လို့ ခေါ်ရမယ် ထင်ပါတယ်။

လူတစ်ယောက်ရဲ့ဘဝမှာ သက်ရှိ၊ သက်မဲ့ အရာဝတ္ထုတစ်ခုခုအပေါ်မှာ နှစ်သက်စွဲလမ်းစိတ်က အချိန်မရွေး ပေါ်လာနိုင်ပါတယ်။ “ဘကြီးအောင် ညာတယ်”ဆိုတဲ့ နာမည်ကျော်ဝတ္ထုထဲက ကလေးလေးရဲ့ ဘကြီးအောင် ထုဆစ်နေတဲ့ ယမင်းရုပ်ကလေးအပေါ် နှစ်သက်စွဲလမ်းမှုမျိုးဟာ လူတို့ရဲ့ ဘဝမှာ အချိန်အခါမရွေး၊ အသက်အရွယ်မရွေး၊ ဉာဏ်ပညာမရွေးဘဲကို ပေါ်လာနိုင်တဲ့ စိတ်မျိုးပါ။

နှုတ်ခမ်းနီလေး တစ်တောင့်၊ ပိတ်စလေး တစ်စမှသည် ကားတစ်စင်း၊ အိမ်တစ်လုံးအထိလည်း နှစ်သက်စွဲလမ်းမှုဆိုတာ ဖြစ်ပေါ်နိုင်ပါတယ်။ ဒါက သက်မဲ့ အရာဝတ္ထုတွေအပေါ် စွဲလမ်းနှစ်သက်တာမျိုးပါ။ အဲဒီ့ကမှ တစ်ဆင့် ပန်းချီကားတစ်ကား၊ စာတစ်ပိုဒ်၊ ကဗျာတစ်ပုဒ်၊ တေးသွားတစ်စကို နှစ်သက်စွဲလမ်းတာမျိုးလည်း ဖြစ်နိုင်သေးတယ်။ ဒါမျိုးကျတော့ အနုပညာရဲ့ ဖမ်းစားမှု “မှော်”က ပါလာပြီ။ အဲဒီ့က တစ်ဆင့် အဆိုတော်တစ်ဦး၊ ရုပ်ရှင်သရုပ်ဆောင်တစ်လက်ကို နှစ်သက်စွဲလမ်းမှုမျိုးလည်း ရှိနေပြန်တယ်။ သည်အခါကျပြန်တော့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းမှုက အနည်းနဲ့အများ ကဲလာပါပြီ။

တရားသဘောနဲ့ ကြည့်ရင်တော့ တပ်မက်ခြင်းဆိုတဲ့ တဏှာက သက်ရှိကိုပဲ စွဲလမ်း၊ စွဲလမ်း၊ သက်မဲ့ကိုပဲ တွယ်ငြိ၊ တွယ်ငြိ၊ အတူတူပါပဲ။ လောကီ သုံးစကားဖြစ်တဲ့ တဏှာပေမကတော့ သက်မဲ့တွေနဲ့ မသက်ဆိုင်လှဘဲ သက်ရှိများအပေါ် စွဲလမ်းတပ်မက်စိတ်ကိုသာ တံဆိပ်ကပ်ပေးကြရိုးပါ။

မစားနိုင် မအိပ်နိုင်၊ တမှိုင်မှိုင် တတွေတွေ၊ တခွေခွေ တတမ်းတမ်း၊ တနွမ်းနွမ်း တအိအိ ဖြစ်မိကြရတာဟာ အဲဒီ့စွဲလမ်းတပ်မက်စိတ်ကြောင့်ပါ။ အရူးအမူးဖြစ်ကြရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုကြောင့်ပဲ ဖြစ်ပါ တယ်။

လူပျိုပေါက်အရွယ်က “ဂစ်တာ” တစ်လုံးကို အရူးအမူး ရယူ ပိုင်ဆိုင်ချင်ခဲ့ဖူးပါတယ်။ စားလည်း သည်စိတ်၊ သွားလည်း သည်စိတ်နဲ့ နေဖြစ်ခဲ့ဖူးတယ်။ ရှစ်နှစ်ရွယ် ကျွန်တော့်သမီးလေးက လက်ပတ်နာရီကိုပဲ တပူဆာဆာ လုပ်ခဲ့ဖူးတယ်၊ ခြောက်နှစ်ရွယ် သားတော်မောင်ကျပြန်တော့ သေနတ်၊ သေနတ်နဲ့၊ ဘာလိုချင်လဲလို့ မေးမိတိုင်း သေနတ်နေခဲ့တာမျိုးလည်း ကြုံဖူးတယ်။

ဒါတွေက အချိန်တန်ရင်၊ ဒါမှမဟုတ် စိတ်ဝင်စားမှု ပြောင်းသွားရင်၊ ဒါမှမဟုတ်လည်း လိုချင်တာ ရပြီး ရိုးအီသွားရင် အလိုလို ပျောက်သွားတတ်တဲ့ စွဲလမ်းတပ်မက်မှုမျိုးပါ။

သက်ရှိဖြစ်တဲ့ ဆန့်ကျင်ဘက်လိင်အပေါ် စွဲလမ်းတပ်မက်မှုကတော့ တော်တော်နဲ့ မပျောက်တတ်ဘူး။ ဆိုကြပါစို့၊ လူပျိုဖော် မဝင့်တဝင်ကတည်းက ကျွန်တော်ဟာ “ခင်သန်းနု”ကို အရမ်းစွဲလမ်းတာ။ ခင်သန်းနုမှ ခင်သန်းနုပဲ၊ ဘယ်မင်းသမီးကိုမှ ကြည့်လို့ မရဘူး။ အိပ်မက်ထဲတောင် ခင်သန်းနုကို ထည့်မက်တဲ့အထိ စွဲတာပါ။
ချိုပြုံးပေါ်လာတော့ ချိုပြုံးကိုလည်း ကျွန်တော် တော်တော် ကြိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရင်ထဲက ခင်သန်းနုကို စွဲသလောက်တော့ မစွဲဘူး။ အိပ်မက်ထဲလည်း ချိုပြုံးကို မမက်မိဘူး။ ကြိုက်တာတော့ တော်တော့်ကို ကြိုက်တယ်၊ တပ်မက်တယ်၊ ဒါပေမယ့် မစွဲလမ်းတာလို့ ပြောရမယ် ထင်ပါတယ်။

ဒါက ကိုယ်နဲ့ ဘယ်လိုမှ နီးစပ်စရာ၊ ပတ်သက်စရာ လမ်းမရှိတဲ့ ဆန့်ကျင်ဘက်လိင်အပေါ် နှစ်သက်စွဲလမ်းတာ၊ တပ်မက်တာကို ဥပမာပေးလိုက်တာပါ။

အဲဒီ့ကမှတစ်ဆင့် ကိုယ်နဲ့ နီးစပ်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက် စွဲလမ်းရတာမျိုးကလည်း ရှိလာပါတယ်။ အဓိကကတော့ ကိုယ့်မျက်စိထဲမှာ လှတယ်လို့ ထင်တဲ့ ဆန့်ကျင်ဘက်လိင်ကို နှစ်သက်စွဲလမ်းတာပါ။

အဲဒါကျတော့ “ဂစ်တာ”ကို စွဲလမ်းတာမျိုး၊ ရုပ်ရှင်သရုပ်ဆောင်ကို စွဲတာမျိုးထက် ပိုသွားပါပြီ။ အဲဒီ့စိတ်ရဲ့တပ်မက်မှု အတိုင်းအဆက ပိုလို့ ကြီးပါတယ်။ ရယူပိုင်ဆိုင်ချင်စိတ်တွေကလည်း နီးစပ်ရင် နီးစပ်သလောက်ကို ဆီးမနိုင်၊ တားမရ ဖြစ်တတ်ပါတယ်။

မျက်နှာလေးကို မြင်နေရတာနဲ့ ထမင်းမေ့၊ ဟင်းမေ့ဖြစ်ရတာဟာလည်း အဲဒီ့စွဲလမ်းတပ်မက်မှုပါပဲ။ ပင်လယ်ကိုပဲ ကူးရ ကူးရ၊ တောင်တွေကိုပဲ ကျော်ရ ကျော်ရ၊ ဆူးပုံကိုပဲ နင်းရ နင်းရ၊ ဘာကိုမဆို ကျော်လွှား ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတာဟာ အဲဒီ့ “တပ်မက်စိတ်”ကြောင့်ပါပဲ။ တစ်နည်းပြောရရင် စွဲလမ်းတပ်မက်မှုဟာ လူကို ဆင်ခြင်တုံတရား ကင်းမဲ့သွားစေတတ်ပါတယ်။ “မွှန်စိတ်”ဆိုတာ အဲဒီ့မှာ ပေါ်လာတော့တာပါပဲ။

အဲဒါကိုပဲ အချစ်လို့ ထင်မိ၊ ယုံမိတတ်ကြတာလည်း လူတိုင်းလောက် နီးနီးပါပဲ။ သည်နေရာမှာ လူပျိုအပျိုဖော်ဝင်ခါစမို့လို့၊ ငယ်သေးလို့၊ နုသေးလို့ အဲသလိုဖြစ်ရတာလို့ ထင်စရာ ရှိပါတယ်။ အမှန်တော့ အဲဒီ့“မွှန်စိတ်”ဟာ အရွယ်မရွေးပါဘူး၊ ကျောင်းသင်ပညာတွေနဲ့လည်း သိပ်မဆိုင်ပါဘူး။ စွဲလမ်းမှုအတိုင်းအဆ ကြီးရင်ကြီးသလို အချိန်အရွယ်မရွေးဘဲ ပေါ်လာတတ်တဲ့ စိတ်မျိုးပါ။ အဲဒါကို သတိတွေ၊ ဉာဏ်တွေနဲ့ ထိန်းချုပ် ကွပ်ကဲမှု မပြုနိုင်ဘူးဆိုရင်တော့ ဘဝလှေပါ စုံးစုံးနစ်သွားရတတ်တယ်။

ပိုဆိုးတာက အဲဒီ့ “မွှန်စိတ်”ကိုပဲ “အချစ်”လို့ ခမ်းနားတဲ့ တံဆိပ်တစ်ခု ကပ်လိုက်တာနဲ့တင် ထင်ရာစိုင်းလိုက်ချင်စရာ ပိုကောင်းသွားပါတယ်။ ဝတ္ထုတွေ၊ သီချင်းတွေ၊ ရုပ်ရှင်တွေကလည်း ချစ်ပြီးရင်း ချစ်ပြနေလေတော့ကာ နဂိုကမှ လူတွေမှာ ဂယောင်ပြနေတဲ့ကြားထဲ မီးလောင်ရာ လေပင့်သလိုတွေ ဖြစ်ကုန်ပါရောလား။

တကယ်တော့ အချစ်တွေကို ဖွဲ့ဆိုသီကုံးတင်ဆက်နေကြတဲ့ အနုပညာသည် အများစုကိုယ်တိုင်က မွှန်စိတ်နဲ့ အချစ်နဲ့ မခွဲတတ်ရှာကြတာကို ဘယ်သူမှ သတိမထားမိဘူးလို့ ထင်ပါတယ်။

“အချစ်အတွက်ဖြင့် အသက်ပင် သေသေ”တို့ခေတ်မှသည် “ကိုယ် ကြေကွဲနေပြီ”လို့ အက်ကွဲတုန်ယင်စွာ အော်ကြတဲ့ခေတ်အထိ အချစ်ဖွဲ့ အများစုကို မွှန်နေချိန်မှာ ရေးခဲ့၊ သီခဲ့တာမျိုးတွေသာ ဖြစ်နိုင်တယ်လို့ ကျွန်တော်ကတော့ တွေးနေမိရတယ်။

အဲသလို မွှန်လို့ကောင်းနေချိန်က ယူတတ်ရင် တယ် အရသာရှိတာမျိုးကလား။ လမင်းကြီးကို ကြည့်ပြီးလည်း လွမ်းလို့ ရတယ်၊ သီချင်းလေးတွေ နားထောင်ရင်းနဲ့လည်း တမ်းတလို့ ရတယ်၊ သစ်ရွက်ကလေးတွေ လှုပ်တာကို ကြည့်ပြီးလည်း မျက်ရည်စို့လို့ ရတယ်၊ ယုတ်စွအဆုံး ဟိုဘက်အိမ်က ကလေး ငိုရင်တောင် အလိုလို ဆို့ချင်ဆို့နေနိုင်သေးတဲ့အဖြစ်

ဒါပေမယ့် အဲဒီ့“မွှန်စိတ်”က အချိန်တစ်ချိန်မှာ အတောသတ်သွားတတ်စမြဲပါပဲ။ အထက်မှာပြောခဲ့သလို ရိုးသွား၊ အီသွားချိန်မှာ အချစ်လို့ ထင်တာတွေ အားလုံးကို ပြည်ဖုံးကားချလိုက်ချင်လာကြတာ လူတိုင်းမှာ ဖြစ်လေ့ရှိတဲ့ကိစ္စပါ။

လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင် မဆုပ်ကိုင်မိသေးခင်၊ အငွေ့လောက်နဲ့ ကျေနပ် တင်းတိမ်နေရချိန်မျိုးမှာတော့ အဲဒီ့မွှန်စိတ်ကိုပဲ အချစ်လို့ “အမှတ်မှား”နေခဲ့ရာက တကယ်လည်း လက်ဝယ်ပိုင်ပိုင်၊ ဆုပ်ကိုင်ခွင့်တွေရ၊ ပိုင်ဆိုင်ခွင့်တွေရ၊ စားသုံးခွင့်တွေရပြီဆိုတာနဲ့ ရိုးအီမှုက တဖြည်းဖြည်း ဖွံ့ဖြိုးလာပါတော့တယ်။
သည်အခါမှာ တခြားတစ်ပါးသူဘက် ခြေဦးလှည့်ချင်စိတ်တွေ ပေါက်လာတတ်ပါတယ်။ သည်ကိစ္စဟာ ယောက်ျားတွေမှာတော့ အလွန် သိသာ ထင်ရှားတဲ့ ကိစ္စပါ။ မိန်းမသားတွေမှာကျတော့ အရှက်တရားရယ်၊ အစဉ်အဆက် စောင့်ထိန်းခဲ့ကြရတဲ့ ကျင့်ဝတ်များကြောင့်ရယ်ကြောင့် သည်ကိစ္စမှာ ယောက်ျားသားများလောက် မစွန့်စားရဲရှာကြဘူး၊ စွန့်စားဖို့နေနေသာသာ၊ စိတ်ကူးထဲတောင် မထည့်ရဲရှာကြဘူး။

(ကျွန်တော်ပြောချင်တာက လူဆိုတဲ့သတ္တဝါတွေမှာ ဖြစ်တတ်မြဲ မွှန်စိတ်ဆိုတာကိုပါ။ ဒါပေမယ့် လူ့ဘောင်မှာ ကျားမ ကွဲပြားမှုကြောင့် အနေအထားတွေလည်း မတူ ခြားနားပါတယ်။ ဒါကြောင့် မွှန်စိတ်ကို ချဆွေးနွေးရာမှာ မိန်းမသားတွေဘက်က စောဒကတက်စရာ အချက်အလက်များ ပါရှိနေခဲ့မယ်ဆိုရင် ယေဘုယျသဘောလို့ မှတ်ယူပြီး ဆင်ခြင်ပေးကြပါလို့ စကားချပ်အနေနဲ့ မေတ္တာရပ်ခံထားချင်ပါတယ်။)

ဘယ်လိုပဲဖြစ်ဖြစ်၊ လူ့အကြိုက်ဆိုတာ ပြောင်းနေတတ်စမြဲမို့ အကြိုက်ကို အခြေခံထားတဲ့ “မွှန်စိတ်”ဟာ တည်ရိုး၊ မြဲရိုး ထုံးစံမရှိပါဘူး။

ဒါကို နားမလည်တတ်တဲ့ မိန်းမသားများဟာ အဲဒီ့ “ချစ်လှချေရဲ့၊ မရရင် သေရပါတော့မယ်”ဆိုတဲ့ ယောကျာ်းသားများ အချိန်တန်လို့ ဖောက်ပြားကုန်တဲ့အခါ ဘယ်လိုမှကို နားလည်မပေးနိုင်တော့ဘဲ ဆွေ့ဆွေ့တွေ ခုန်ကုန်ရတတ်ပါတယ်။ ထိုနည်းလည်းကောင်း ညားခါစကာလအထိ ချစ်မဆုံး၊ ကြိုက်မဆုံး ဖြစ်ခဲ့ရတဲ့ ကိုယ့်ချစ်သူ(လို့ထင်မှတ်ထားသူ)ဟာ အိမ်ထောင်သက်တွေ ကြာလာလေလေ၊ စိတ်ပျက်စရာကောင်းလေလေလို့ ခံစားလာရတာမျိုးဟာလည်း အဲဒီ့ “မွှန်စိတ်ကို အခြေခံတဲ့ ဆက်ဆံရေး”ကို အဟုတ်မှတ်မှုရဲ့ ရလာဒ်ပါပဲ။

အချစ်ဆိုတဲ့ ဝေါဟာရ

အချစ်ဆိုတာ တမင် ဖန်တီးယူလို့လည်း မရ၊ ဇွတ်အတင်း ဖျောက်ဖျက်ပစ်လို့လည်း မရစကောင်းတဲ့အရာလို့ ပထမဆုံး ဖွင့်ဆိုလိုက်ချင်ပါတယ်။

ဒါဖြင့် စောစောကပြောနေတဲ့ “မွှန်စိတ်”ဆိုတာကရော တမင် ဖန်တီး ယူလို့ ရနိုင်သလားလို့ မေးစရာ ရှိပါတယ်။ ကြိုက်တယ်ဆိုတဲ့အထိက တမင် ဖန်တီးလို့ မရပါဘူး။ ကြိုက်တဲ့အဆင့်ကနေ စွဲလမ်းနှစ်သက်တာ၊ စုံမက်လာတာကိုလည်း တမင် ဖန်တီးလို့ မရဘဲ သူ့အလိုလို ဖြစ်ပေါ်လာတာ မှန်ပါတယ်။ ဒါပေမယ့် အဲဒါကိုပဲ “အချစ်”ဆိုတဲ့ တံဆိပ် ကပ်ပေးလိုက်မိချိန်မှာတော့ “မွှန်စိတ်”ကို “သတိမဲ့” ပျိုးယူလိုက်ရာ ရောက်သွားပါတယ်။ အဲဒီ့မှာတင် အယူအကောက်တွေ အကုန်လွဲပြီး ထိန်းမနိုင်၊ တားမရတဲ့ ဇာတ်လမ်းစုံ ပေါ်လာရတော့တာပါပဲ။

“အချစ်”ဆိုတာကျတော့ မွှန်စိတ်လို ရုတ်ချည်း ဖြစ်ပေါ်ခြင်း မရှိပါဘူး။ တစ်နည်းအားဖြင့် “ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့”လို့ ကုန်းအော်မိရလောက်အောင် “အချစ်(အစစ်)”က မနုံခြာလှပါဘူး။

“မြင်မြင်ချင်း ချစ်တယ်”တို့၊ “ရေစက်ဟောင်း”တို့ဆိုတာက သီချင်းထဲ၊ ဝတ္ထုထဲက စကားလုံးသက်သက်တွေပါ။ တကယ်က အချစ်က မျက်စိ မရှိတဲ့အတွက် မမြင်နိုင်ပါဘူး။

“မြင်တယ်”ဆိုတာ အာရုံပါ။ အဲဒီ့ အာရုံက ဦးနှောက်ကို စေ့ဆော်လိုက်တဲ့အခါ ကြိုက်ခြင်း၊ မကြိုက်ခြင်းတွေ ဖြစ်ပေါ်လာတတ်စမြဲပါပဲ။ အဲဒါကိုပဲ မြင်မြင်ချင်း ချစ်သွားတယ်လို့ ပြောရင် အမှားကြီး မှားပါလိမ့်မယ်။ အမှန်က ကြိုက်မိတာကို သက်သက်မဲ့ “လုံးချ”ချင်ဇောနဲ့ “မြင်မြင်ချင်းပင် ဘာကြောင့်များချစ်ချင်တယ်”တွေ၊ ဘာတွေဆိုပြီး စွတ်တင်ကြတော့တာပါပဲ။

အချစ်က မျက်စိ မရှိပါဘူး။ “မြင်ပြီးမှ ချစ်တယ်”ဆိုတဲ့ စကားထဲက “ချစ်”ဟာ တကယ်တော့ “ချစ်ခြင်း(အစစ်)”ရဲ့ အနက်နဲ့ မသက်ဆိုင်ပါဘူး။ အဲဒီ့“ချစ်”က “ချစ်စရာကောင်းတယ်”ဆိုတဲ့ အသုံးအနှုန်းထဲက “ချစ်”မျိုး၊ ခပ်ပေါ့ပေါ့ပဲဖြစ်ပါတယ်။ လမ်းမှာ ဖျတ်ခနဲ တွေ့လိုက်တဲ့ ကလေးငယ်တစ်ယောက်ကို “သည်ကလေးလေးက သိပ်ချစ်စရာကောင်းတာပဲ”ဆိုတဲ့ စကားမျိုးမှာဖြစ်စေ၊ “သည်ထဘီဆင်လေးက ချစ်စရာလေးနော်”ဆိုတဲ့ စကားမျိုးမှာ ဖြစ်စေပါဝင်တဲ့ “ချစ်”ဆိုတဲ့ ဝေါဟာရရဲ့လေးပင်မှုလောက်နဲ့ သုံးမိတဲ့ “ချစ်”စကားဟာ မွှန်စိတ်နဲ့ ယှဉ်နေတတ်ပါတယ်။

“အချစ်ယောင်”ကတော့ တစ်မျိုးပါ။ အဲဒီ့အချစ်မျိုးကိုတော့ “ကုန်းအော်ချစ်”လို့တောင် ခေါ်နိုင်ပြန်သေးတယ်။

ဘာလို့လဲဆိုတော့ “ချစ်တယ်၊ ချစ်တယ်”လို့ တစ်ချိန်လုံး အော်ဟစ် မြည်တမ်းနေပြီး ကိုယ့်ကို ပြန်မချစ်တော့ဘူးဆိုတာနဲ့ စိတ်ချဉ်ပေါက်သွားတတ်တဲ့ အချစ်မျိုးပါ။
တစ်နည်းအားဖြင့် “အတ္တဗဟိုပြုအချစ်”လို့လည်း ခေါ်မယ်ဆို ခေါ်နိုင်ပါသေးတယ်။ ငါ့ကို ပြန်ချစ်ရင်ချစ်၊ မချစ်ရင် နင့်ကို ငါ ဆက်မချစ်နိုင်တော့ဘူးဆိုတာမျိုးဟာ တကယ်တော့ “အချစ်ယောင်”ပါ။

တစ်ခါတစ်ရံမှာ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန် တစ်ကောင်ကောင်ကိုဖြစ်စေ ချစ်လှပါချေရဲ့တွေ ဖြစ်နေပြီး ဂရုတွေ လွှတ်စိုက်နေမိတတ်ပါတယ်။ ဒါပေမယ့် အချစ်ခံလူ၊ ဒါမှမဟုတ် သတ္တဝါဆီက တုံ့ပြန်ဂရုစိုက်မှုကို ပြန်မရတဲ့အချိန်မှာ စိတ်ချဉ်တွေ ပေါက်လာပြီး “သင်းတော့လား၊ နေနှင့်ဦးပေါ့။ ငါမရှိမှ ငါ့တန်ဖိုးကို သိမယ်။ ငါက စေတနာ ထားရသလောက်၊ ချစ်ရသလောက် သင်းကဖြင့် ငါ့တစ်ဝက်လောက်တောင် ငါ့အပေါ် သိတတ်မှု မရှိဘူး”စသဖြင့် ဘာဘာညာညာတွေ တွေးမိ၊ ရွတ်မိ ကုန်တဲ့အချစ်မျိုးက “ချစ်တယ်”လို့ ကြွေးကြော်ရင်းနဲ့ “အချစ်ခံချင်တယ်”ဆိုတဲ့ အတိတ်စိမ်းကို ပေးနေတဲ့ “အချစ်ယောင်”ပါ။

တပ်မက်မှုကို အခြေခံနေတဲ့ “ရမ္မက်”ကြောင့် အချစ်ယောင်ဖြစ်လာရတာပါ။ ဒါကိုတော့ အင်္ဂလိပ်လို PASSION လို့ ခေါ်ကြပါတယ်။

အချစ် (အစစ်)

တကယ့်အချစ် (အစစ်)၊ ဒါမှမဟုတ် ချစ်ခြင်းမေတ္တာက အဲဒါတွေလောက် မပေါ့ပါဘူး။ အဲဒီ့ “အချစ်(အစစ်)”က သိပ်ပါးရည်နပ်ရည်ရှိတယ်လို့တောင် ဆိုနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူက အချိန် ယူတာကိုး။

အချစ်တစ်ခု ဖြစ်လာဖို့အတွက်က ပယောဂတွေ အများကြီး လိုတယ်။ အဲဒီ့ ပယောဂတွေထဲမှာ “လှပတင့်တယ်မှု”ဟာ သိပ်နေရာမရတတ်ဘူး။ အချစ်က မျက်စိ မပါတဲ့အတွက် “ရုပ်”ကိစ္စဟာ အချစ်မှာ အဓိက ဇာတ်လိုက် မဟုတ်ဘူး။ ဇာတ်ပို့ဆိုရင်တောင် “ဖြတ်လျှောက်”လောက် ရိပ်ခနဲသာ ပါဝင်ခွင့်ရတဲ့ အနုဉာတ ဇာတ်ပို့မျှသာ ဖြစ်ပါတယ်။

“အချစ်(အစစ်)”ရဲ့အဓိက ဇာတ်လိုက်ကျော်က “နီးစပ်မှု” (familiarity) ပါ။ ဒါဖြင့် နီးစပ်တိုင်း ချစ်ကြသလားကွာလို့ မေးစရာ ရှိလာရပြန်တယ်။ အဲသလိုဆိုရင်တော့ အဖြေရ ကsပ်ချင်ချင်ပါ။ ဒါပေမယ့် သေချာတာက နီးစပ်ခြင်းဟာ ချစ်ခြင်းရဲ့ အမြုတေ ဖြစ်နေတာပါပဲ။ သည်နေရာမှာ “အမြုတေ” (catalyst)လို့ ဆိုလိုက်တာကို ဂရုစိုက်စေချင်ပါတယ်။ အဲဒီ့ အမြုတေ ပေါ်မှာမှ အခြား၊ အခြားသော ပယောဂ ပေါင်းစုံ ပူးလာဖို့ လိုပါသေးတယ်။

နီးစပ်မှုကြောင့် ရင်းနှီးကျွမ်းဝင်မှု (friendliness) ပေါ်လာရပါတယ်၊ ရင်းနှီးကျွမ်းဝင်မှုနောက်မှာ နှစ်လိုခြင်း (admiration) ဆိုတာ ပေါ်လာပါ မယ်။ “နှစ်လိုခြင်း”ဟာ “နှစ်သက်ခြင်း (like)”ဆိုတာနဲ့ မတူတာကိုလည်း သတိထားရပါဦးမယ်။ နှစ်သက်တယ်ဆိုတာက ကြိုက်တဲ့အဆင့်မှာတင် ရပ်နေပါတယ်။ “နှစ်လို”တဲ့အခါမှာတော့ နှစ်သက်ရုံမက လိုလားတာတွေပါ ပါလာတယ်။ လိုလားရာမှာလည်း မိမိအတွက်တင်မက တစ်ဖက်သားအတွက်ပါ ကိုယ်က လိုလိုလားလား ရှိလာတာကိုမှ နှစ်လိုတာလို့ ပြောလိုက်ချင်ပါတယ်။


အဲသလိုနဲ့ တစ်ဖက်သားအပေါ် တန်ဖိုးထားနိုင်လာတယ် (appreciation)၊ သံယောဇဉ်ကြီးစွာ တွယ်တာလာနိုင်တယ် (attachment)၊ မြတ်နိုးလို့ လာနိုင်ပါတယ် (affection)။ အဲဒီ့ကမှ နောက်ဆုံး အဆင့်အနေနဲ့ ကရုဏာစိတ် (compassion)ကလည်း ဆီးမနိုင်၊ တားမရအောင် ပွားလာပါတော့တယ်။

အဲသလိုနဲ့ နီးစပ်မှုကို အခြေခံပြီး တငွေ့ငွေ့ ဖွဲ့တည်လာတဲ့ အချစ် (အစစ်)ဟာ လူတစ်ယောက်ရဲ့ဘဝထဲကို ရောက်လာတတ်ပါတယ်။ အချစ်ဆိုတဲ့စိတ် ဖြစ်လာတဲ့ အခိုက်အတန့်ကို အဲဒီ့လူကိုယ်တိုင်က သတိမထားမိလိုက်နိုင်ပါဘူး။ တစ်နည်းပြောရရင် တစ်ဖက်သားအပေါ် ဘယ်အချိန်၊ ဘယ်ကာလက စပြီး ချစ်မိသွားတယ်ဆိုတာကို တိတိပပ အပြောရ ခက်နေတတ်ပါတယ်။

အဲဒါဟာ အချစ်ပါလို့ နှုတ်နဲ့ ကြွေးကြော် မြည်တမ်းလိုက်ဖို့လည်း အလွန် ဝန်လေးနေရတတ်ပါတယ်။ ရင်ထဲမှာ ထုနဲ့ ထည်နဲ့၊ အုံနဲ့ ကျင်းနဲ့ ခမ်းခမ်းနားနားကြီး တည်နေတဲ့ ခံစားချက်တစ်ရပ်ကို “အချစ်”ရယ်လို့ ခပ်နုတ်နုတ် အမည်ပေးလိုက်ရမှာကိုတောင် မဝံ့မရဲ ဖြစ်နေရတတ်ပါတယ်။

ကျွန်တော့် ပုဂ္ဂလိက အတွေ့အကြုံနဲ့ အတွေးအမြင်အရ အဲဒါဟာ “အချစ် (အစစ်)” ဖြစ်နေပါတယ်။

အချစ်(အစစ်)ရဲ့ ဝိသေသလက္ခဏာများ

အချစ်(အစစ်)မှာ ကိုယ့်ကို ပြန်ချစ်ခြင်း၊ မချစ်ခြင်းဟာ အရေးမကြီးတော့ပါဘူး။ ထိုနည်းတူ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနား (physical considerations) တွေလည်း သိပ်ကိစ္စမရှိတော့ဘူး။ ရုပ်ပိုင်းဆိုင်ရာ အဖိုးစားနားဆိုတာက အလှအပတွေ၊ ပိန်တာ၊ ဝတာတွေအပြင် ကိုယ်လက်နှီးနှောခြင်းဆိုတဲ့ ဒွါရခံစားမှုများပါ ပါဝင်လာပါတယ်။ ဒါတွေ အားလုံးဟာ အချစ်(အစစ်)မှာ သိပ် အဓိက မကျတော့ပါဘူး။

တစ်နည်းအားဖြင့် စိတ်ပိုင်းဆိုင်ရာ ငြိတွယ်မှု (mental attachment) သဘော ပိုဆောင်လာပါတယ်။

ထို့အတူ စွန့်လွှတ်ဖို့၊ အနစ်နာခံပေးဖို့လည်းဝန်မလေးတော့ဘူး။ အချစ် (အစစ်) ရင်မှာဖြစ်လာပြီဆိုတာနဲ့ တစ်ပြိုင်နက် ကိုယ်ချစ်တဲ့သူရဲ့ စိတ်လက် ချမ်းသာမှုနဲ့ လိုအင်ဆန္ဒများကိုသာ ဦးစားပေးမိလာတတ်ပါတော့တယ်။ စေတနာ နိုးနေတယ်လို့ ပြောလို့ရပါလိမ့်မယ်။


အချစ်(အစစ်)မှာ “ကိုယ့်အတွက်”ဆိုတာ ပါးရှားသွားပြီး “သူ့အတွက်”ကသာ များများလာတယ်၊ “ကိုယ့်လိုဘ”ထက် “သူ့လိုဘ”ကို ပိုတွက်လာတယ်။ “ကိုယ့်ဆန္ဒ”ထက် “သူ့အကြိုက်”ကို ပိုလိုက်မိနေတတ်ပါတယ်။

အဲဒီ့ အချစ်(အစစ်)ဆိုတာ ဖိုနဲ့မ၊ တစ်မိသားနဲ့ တစ်မိသား၊ ဆန့်ကျင်ဘက် လိင်ချင်း ချစ်ဖြစ်ကြတဲ့ “ကိလေသာချစ်”မှာလည်း ရှိနိုင်ပါတယ်၊ “၅၂၈ချစ်”လို့ ခေါ်ကြတဲ့ မိဘနဲ့ သားသမီးအချစ်မှာလည်း ရှိနိုင်ပါတယ်၊ မောင်ချစ်၊ နှမချစ်၊ သူငယ်ချင်းချင်း ချစ်ကြတဲ့အချစ်တွေမှာလည်း တကယ့် အချစ်(အစစ်)ဆိုတာ ရှိနိုင်ပါတယ်။ (အဲ… သို့သော်လည်း နည်းနည်းတော့ ရှားတတ်ပါတယ်။)


တကယ် အချစ်(အစစ်)နဲ့ ချစ်လာရင် သားသမီးကိုပဲ ဖြစ်ဖြစ်၊ မိဘကိုပဲဖြစ်ဖြစ်၊ လင်သားကိုဖြစ်ဖြစ်၊ ဇနီးသည်ကိုဖြစ်ဖြစ်၊ မောင်နှမကို ဖြစ်ဖြစ်၊ သူငယ်ချင်းကိုဖြစ်ဖြစ် “ချစ်လှချေရဲ့”လို့ ပြောဖြစ်ချင်မှ ပြောဖြစ်မှာ ဖြစ်ပေမယ့် အဲဒီ့ကိုယ့်ချစ်သူရဲ့ တိုးတက်ရာ တိုးတက်ကြောင်း၊ ကောင်းရာ ကောင်းကြောင်း၊ စိတ်ချမ်းသာရာ ချမ်းသာကြောင်းအတွက် အတတ်နိုင်ဆုံး ပံ့ပိုးပေးချင်တဲ့စိတ်တွေ ပေါ်ပေါက်နေတတ်တယ်။ ဒါပေမယ့် အဲသလို ကိုယ့်ချစ်သူ တိုးတက်စေဖို့၊ ကောင်းစေဖို့၊ စိတ်ချမ်းသာစေဖို့ အရေးတွေမှာ ကိုယ်ဖြစ်စေချင်တာ တစ်ခုတည်းကို ပဓာန ထားပြီး ဇွတ်အတင်းလုပ်ယူတဲ့ နည်းမျိုးတွေကိုတော့ အလိုလို ရှောင်တတ်သွားတယ်။
တစ်နည်းအားဖြင့် ကိုယ်ချစ်ရတဲ့သူရဲ့ ပကတိအနေအထားကို လက်ခံနိုင်လာတယ်၊ ကိုယ်လိုချင်တဲ့ ပုံစံကိုရောက်အောင် သိမ်းသွင်းယူဖို့၊ ပြုပြင်ယူဖို့ အားမထုတ်တော့ဘူး။ အဲဒါဟာ အချစ်(အစစ်)ရဲ့ အထူးခြားဆုံး ဝိသေသလက္ခဏာပဲ ဖြစ်ပါတယ်။

စဉ်းစားစရာ

ကျွန်တော့်ဘဝမှာ ကျွန်တော့်ကို ချစ်တယ်လို့ အဖေတို့၊ အမေတို့ကလည်း ပြောကြဖူးတယ်၊ သားတွေ၊ သမီးတွေကလည်း ပြောကြတယ်၊ မိန်းကလေး တချို့ကလည်း ပြောဖူးတယ်၊ ကျွန်တော့်အိမ်သူသက်ထားကလည်း ပြောတယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့တွေကို ချစ်လှချေရဲ့၊ ကြိုက်လှချေရဲ့လို့ ပြောခဲ့၊ ပြောဆဲပါ။

ထို့အတူ တိုင်းပြည်နဲ့လူမျိုးကိုလည်း တော်တော်ချစ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ထင်တစ်လုံးနဲ့ ရှိပါသေးတယ်။

ဒါပေမယ့် ဘာကိုပဲဖြစ်ဖြစ်၊ ဘယ်သူ့ကိုပဲဖြစ်ဖြစ် ချစ်ကြရာမှာ ကိုယ်ချစ်တဲ့ အရာဝတ္ထု၊ လူပုဂ္ဂိုလ်တို့ရဲ့ ရှိရင်းစွဲ ပကတိ အခြေအနေကို လက်ခံဖို့ ထက် ကိုယ်ဖြစ်စေချင်တာတွေ၊ ကိုယ်လိုချင်တဲ့ ပုံစံတွေ မဝင်၊ ဝင်အောင် ဇွတ်အတင်း သွတ်သွင်းယူတဲ့အလုပ်ကို ကိုယ်တိုင်လည်း ခံစားခဲ့ဖူးတာ၊ သူတစ်ပါးအပေါ်မှာလည်း လုပ်မိသွားတတ်ခဲ့တာ အကြိမ်ကြိမ်ပါပဲ။

သည်အခါများမှာ ကိုယ့်ကိုယ်ကိုယ်ဆိုရင် တစ်ကွက်ချန်၊ တစ်ပတ်လျှော့ တွေးတတ်ကြတဲ့ ပုထုဇဉ်တို့ ဓမ္မတာအတိုင်း “အချစ်”ဆိုတဲ့ ဝေါဟာရကို အကာအကွယ် ယူတတ်ခဲ့မိတာတွေကို ပြန်ဆင်ခြင်မိလာတယ်။ အဲသလို ဆင်ခြင်မိလာခြင်းနဲ့အတူ အဲဒီ့“အချစ်”ဆိုတဲ့ “အလွယ်သုံး ဝေါဟာရ”ကို ဖြည်းဖြည်းချင်း သံသယ ဖြစ်လာရပါတော့တယ်။

ဖြစ်ချင်တော့ အသက် ၃၅ နှစ်ကျော်လောက်မှာမှ “အချစ်(အစစ်)”ဆိုတာ နဲ့ ခလုတ်တိုက်မိပြီး ဘွားခနဲ သွားတွေ့လိုက်ပါတယ်။ အဲဒီ့မှာတင် “အချစ်”လို့ ထင်ယောင်မှားမှု (အချစ်ယောင်) တွေကိုပါ သတိထားမိလာခဲ့ရတယ်။

အဲဒီ့မှာတင် ကျွန်တော့်အတွက် အချစ်(အစစ်)ရဲ့သေချာတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကိုပါ တွေ့လာရပါတယ်။

အမှန်က “အချစ် (အစစ်)”ဆိုတာ “တစ်ဖက်သားဆီက တုံ့ပြန်ချစ်ကို လုံးဝ ထည့်တွက်မနေတော့ဘဲ ကိုယ့်ဖို့၊ ကိုယ့်အကြိုက်၊ ကိုယ့်ဆန္ဒ၊ ကိုယ့်လိုဘဆိုတာတွေ ကင်းစင်ပြီး သူ့ရဲ့ ပကတိ အနေအထားကို လိုလိုချင်ချင် လက်ခံနိုင်စွမ်း ရှိတဲ့၊ သူ့အတွက် သက်သက်ကိုသာ ခပ်ရဲရဲ စဉ်းစားပေးနိုင်စွမ်းတဲ့ စိတ်ခံစားမှု”သာ ဖြစ်တယ်လို့ ကျွန်တော်ကတော့ ကောက်ချက် ဆွဲလိုက်မိသွားပါပြီ။

စာဖတ်သူများလည်း စဉ်းစားကြည့်ပါဦးလား။

(၁၉၉၈ မတ်လထုတ် သရဖူမဂ္ဂဇင်းမှာ ဖော်ပြခဲ့ပြီး စာမူခွင့်ပြုချက်အမှတ် ၄၀၀၉၅၉၀၅၀၉ နဲ့ လက်တွဲဖော်စာအုပ်တိုက်က ၂၀၀၆ ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေထားတဲ့ တွေးတောဆင်ခြင်မှု အနုပညာ စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားတာလေးကို တင်ဆက်လိုက်တာပါ။ ပထမအကြိမ်ကို ၂၀၀၁ ခုနှစ် စက်တင်ဘာလမှာ စာပေလောက စာအုပ်တိုက်က ထုတ်ဝေခဲ့ပါတယ်။)



ကျွန်တော်တို့အိမ်: အပြာရောင် ကင်းမဲ့ခဲ့လေသော ကောင်းကင်  

Posted by zawye

ကျွန်တော်တို့အိမ်: အပြာရောင် ကင်းမဲ့ခဲ့လေသော ကောင်းကင်

အချစ်စစ်စစ် မျဉ်း  

Posted by zawye






သူငယ်တန်းမှ စတုတ္ထတန်းအထိ မြန်မာကိန်းဂဏန်းများ (၁၊၂၊၃၊၄၊...) ဖြင့်သာ သင်ကြားခဲ့ရသော
သင်္ချာဘာသာရပ်ကို ပဉ္စမတန်းမှ အစပြုကာ အင်္ဂလိပ်ကိန်းဂဏန်းများ (1, 2, 3, 4…)
ဖြင့် စတင်သင်ကြားရ၏။ ထို့အတူ သင်္ချာဂဏန်းများတွင် အနုတ်ကိန်း (-) ရှိသည်
ဆိုသည်ကိုလည်း ထို ပဉ္စ္စမတန်းရောက်မှသာ စတင်သိရှိခဲ့ရသည်။

လေးတန်းအထိ ၅ နှင့် ၆ ပေါင်းလျှင် ၁၁ (5+6=11) ဟု သိခဲ့သော်လည်း ၅ တန်းသို့
ရောက်သောအခါ အကယ်၍များ ၅ သည် အနုတ်ကိန်း ဖြစ်နေခဲ့ပါမူ ထို ၅ နှင့် ၆
ပေါင်းပါက အဖြေသည် ၁၁ မထွက်နိုင်တော့ပေ။ အဖြေ ၁ ဟု ဆိုမှသာ မှန်ပေသည်။
(-5+6=1)
ထိုမှ စတင်လျက် ကိန်းဂဏန်းများ ပေါင်းကြလျှင် ထိုကိန်း၏ ရှေ့ တွင် ရှိသော လက္ခဏာပေါ်မူတည်လျက်သာ အမှန်တန်ဖိုးထွက်လာနိုင်ကြောင်း၊ ကိန်းဂဏန်း နှစ်ခု ပေါင်းရန်အတွက် ၎င်းင်းတို့၏ ရှေ့ ရှိ လက္ခဏာများကို သေသေချာချာ ဂရုစိုက်ရန် လိုအပ်ကြောင်း သိရှိလာခဲ့ရသည်။
ဆက်လက်၍ ကိန်းစစ်မျဉ်း ဆိုသည်ကို ရင်းနှီးလာခဲ့သည်။

ကိန်းစစ်မျဉ်းကြီးပေါ်တွင် ကိန်းဂဏန်းများသည် ရေပြင်ညီမျဉ်းတစ်ခုပေါ်တွင် ညီညီညာညာ ရှိနေကြသော်လည်း သုညမှတ်၏ အရှေ့ ဘက် သို့ သွားသော ကိန်းများသည် အပေါင်းလက္ခဏာဆောင်သော ကိန်းများဖြစ်ပြီး သုညမှတ်၏ အနောက်ဘက်သို့ သွားသော ကိန်းများသည် အနှုတ်လက္ခဏာဆောင်သော ကိန်းများ ဖြစ်ကြရလေသည်။ ပကတိ ပမာဏ တူသောငြား ပိုင်ဆိုင်ထားသော လက္ခဏာ မတူညီသော ကိန်းနှစ်ခုသည် ကိန်းဂဏန်းပမာဏ ကြီးလာလေလေ၊ ပိုမို ဝေးကွာရလာလေလေ ဖြစ်သည်။

ထိုအကြောင်းများကို စတင်သိရှိခွင့်ရသော အချိန်သည် ပဉ္စမတန်း ( ၅ တန်း) ၊ အသက်အရွယ်အားဖြင့်
ဆယ်နှစ် ပြည့်ပြီးစ ပတ်ဝန်းကျင်များ (ဆက်ကျော်သက်ရွယ်)။

ဆယ်ကျော်သက်၏ အရွယ်တစ်ရွယ်တွင် ကိန်းစစ်မျဉ်းတန်းကြီးတစ်ခုပေါ်ရှိ သုညမှတ်တစ်မှတ်၌ ချစ်သူနှင့် ကိုယ် မမျှော်လင့်ဘဲ စတင် ဆုံတွေ့ခဲ့ကြသည်။
ချစ်သူသည် အများကြား၌ မာနကြီးသူ တစ်ယောက်ဖြစ်လျက်နေပြီး ကိုယ်သည် ချစ်သူကို
တိတ်တခိုး ချစ်လျက်နေသောကြောင့် ချစ်သူ ဖြစ်စေချင်လောက်သော ပုံစံအတိုင်း
ဝင်ရန် ကြိုးစားရင်း ချစ်သူနှင့် အသွင်တူသူ
တစ်ယောက် ဖြစ်ခဲ့ရသည်။ သို့သော် ချစ်သူသည် ဘ၀ တိုးတက်ကြီးပွားရေးကိုသာ
အမြဲတစေ ရှေးရှုလျက်ရှိပြီး နေထွက်သည့်ဘက်သို့သာ လျှောက်လှမ်းလိုသူ
တစ်ဦးဖြစ်လျက်နေသည်။
ကိုယ်သည် ချစ်သူအား ကိုယ့်ရှေ့မှ ပျောက်ကွယ်မသွားစေရန် မျက်တောင်မခတ်ဘဲ ငေးလျက်ကြည့်နေရင်း မှပင်
အသက်အရွယ်ရလာသည်နှင့် အမျှ ကိုယ်တို့နှစ်ယောက် လျှောက်လာသော လမ်းသည်
ဆန့်ကျင်ဘက်များဆီသို့သာ ဦးတည်နေကြကြောင်း သတိထားမိလာခဲ့ရသည်။

ထိုသတိထားမိသောအချိန်သည် လွန်စွာနောက်ကျခဲ့ပေပြီ။

ချစ်သူက အောင်မြင်မှုများဖြင့် ရှေ့သို့တစ်လှမ်းလှမ်းတိုင်း ကိုယ်သည်
မပြည့်စုံမှုများကြောင့် ကျဆုံးမှုများ ရင်ဝယ်ပိုက်လျက် နောက်သို့ အမြဲ
ဆုတ်မိခဲ့သည်။ ကိုယ့် ဘ၀တစ်လျှောက်လုံးတွင် အနုတ်လက္ခဏာများစွာဖြင့် ရင်ဆိုင်ခဲ့ရခြင်းပင်။

”ပြန်မဆုံနိုင်တော့ပါဘူး ချစ်သူရေ။ သို့ပေမယ့် သုညအမှတ်လေးမှာ တစ်ခါ ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်တော့ ကျေးဇူးတင်ပါရဲ့”

ကိုယ် အော်ပြောမိပါသည်။ ချစ်သူသည် ကြားနိုင်မည် မထင်ပါ။ သူမကြားနိုင်သော်ငြား
ကိုယ် သိပ်ချစ်ခဲ့ရကြောင်း သူ သိပါလိမ့်မည်။ ကိုယ့်ကို
မမြင်နိုင်တော့သော်ငြား ကိုယ်သည် သူ ရှိရာအရပ်သို့သာ
လှမ်းကြည့်လျက်ရှိကြောင်း သူ သိပါလိမ့်မည်။

လူတကာကလည်း သိပါလိမ့်မည်။

ကိုယ်တို့အကြောင်းအား မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပြောပြကြသောအခါ ကိုယ့်ကို ( - ∞ ) ဟု သင်္ကေတဖြင့် ရေးကြပြီး ကိုယ့်ချစ်သူအား ( + ∞ ) ဟူ၍ ကိုယ်စားသုံးပြီး ရှင်းပြကြလေသည်။

ဘယ်လောက်ပင် ဝေးဝေး ကိုယ်သည် ကိုယ့်ချစ်သူအား ငေးကြည့်နေခွင့်ရသည့်အတွက် ကျေနပ်ပါသည်။

(- ∞ ) 0 (+ ∞ )

သူကမူ ကိုယ့်ကို ယနေ့တိုင် ကျောခိုင်းထားဆဲပါလေ။ ။
(မူရင်းကိုမသိလို့ဒီကနေ ခွင့်တောင်းထားပါတယ် )
ခံစားချက်တိုက်ဆိုင်လို့ပါ ..

လက်ဆောင် ကဗျာ  

Posted by zawye

25 KZY

KZY 25

ပြက္ခဒိန် စာမျက်နှာတို့က

တစ်ဆစ်ချိုး အပြောင်းအလဲနဲ့

တစ်နှစ်တိုးကြောင်း အကြောင်းကြားဆိုတယ်။

KZY 25

25 KZY

ကိုယ်တိုင်ရေး ဒိုင်ယာရီအပိုင်းအစတွေထဲ

စာစီအက္ခရာတွေက

နောင် ဘာတွေ စပ်ဆိုမလဲ တဲ့

မျှော်လင့် စောင့်စားနေကြတယ်။

KZY 25

25 KZY

မုန်တိုင်းထန် လေနီကြမ်းနဲ့

အရိုင်းမာန် ဘ၀လမ်းထဲ

ပျံသန်းနေဆဲ ငှက်ငယ်ရယ်

လမ်းခင်း ဖြောင့်ဖြောင့် လှမ်းနိုင်စေကွယ်….။

 

Posted by zawye

25 လမ်းဆုံ
အဖြူထည်စမှတ်တစ်ခု အပျူလွယ်ကာ လျောက်ဘိနှင့်
အမှီအတွယ်တီကာ
စလေတော့
သြော် ချီလေပြီတည့်
ဘ၀စခန်းထွေ

များလှချည့် ဒီခရီး.....။

ဒီဘ၀တစ်ကွေ့ဝယ်

လမ်းခုလတ်စမ်းနေရာနဲ့

ပန်းမန်ရတနာတွေပေါခဲ့သလို

ပမ်းစရာတွေ များကဖြင့်

သြော် ငြီးရက်ပါဘူး.....။

များမကြာလှမ်းလာတော့

လမ်းဆုံများကလဲမဆန်းတော့တာမို့

၂၅ ဆိုတဲ့ နေရာလေးတစ်ခု

ထင်မထီ မြင်မကြည်ခင်မှာပင်

ဖြတ်ရပေအံ့.....။

လမ်းဆုံ တစ်ကွေ့

ရပ်ကာခဏငေးတော့

သြော် မပီကလာတီတာ နဲ့

ဖြီတီတာပါလာများတော့

မသတီစရာတွေ အများသားပေဟု

အမှန်တကယ်ရှုမြင်ကြည့်မိတယ်

ပြင်ရပေအံ့.......။

နီးလွန်းသည့် ဒီခရီး

အဆုံးဆိုတာမမြင်ရခင်က

၂၅ ဆိုတဲ့လမ်းဆုံမှပင်

မွေးနေ့ရှင် ကိုဇော်ရဲ ကိုယ်မှ

အသိပညာဆင့်ကာပွားပေလို့

ကောင်းကျိုးကိုယ်၌တည်မိပါစေသတည်း.....။

(စာကြွင်း...။ အမှတ်တရ အဖြစ်ကိုယ့်အတွက်ကိုယ် ကဗျာမရေးခဲ့ပါဘူး တကယ်တမ်းချရေးတော့လဲ လေးချိုးလေး ပဲထွက်လာလို့ အတွေးလေးတွေ စီကာရေးလိုက်မိပါတယ်...။ ၁.၇.၂၀၁၀ မှာ ၂၅ ဆိုတဲ့အချိုးအကွေ့လေးတွေ ဖြတ်လာတော့ ဆန်းဆစ်မိလာတာလေးတွေပါ။ အမှားတရားတစ်ခုမဟုတ် တစ်ခုကို စောင့်ထိန်းနေရာက နေ ကျူးလွန်မိနေတတ်ပါတယ်..။ မရင့်ကျက်သေးတဲ့ ကိုယ့်ကိုယ်ကိုလဲ အားမရလာတာတွေများလာ သလို၊ အမှားကနေ နောင်တအဖြစ်ကို ကူးကူးသွားလို့ တခါတရံ အထီးကျန်မှု နဲ့ စိတ်ဓာတ်ကျမှုတွေ ပေါ်လာတတ်တာ ၂၅ အချိုးအကွေ့မှာ ပိုများနေပါတယ်။ ကျွန်တော့် ကဗျာလေးမှာရေးထားသလိုပါပဲ အသိပညာတွေဆင့်ကာပွားပြီး မှန်ကန်တဲ့ သဘာဝလောက ကြီးက သတ်မှတ်ထားတဲ့ ဘောင်ဝင်တဲ့ စည်းကမ်း တရားအောက် မှာ ပျော်ရွင်စွာ နေထိုင်သွားချင်မိတာက တော့ ကျွန်တော့်ရဲ့ ၂၅ အချိုးအကွေ့လေးမှာ အဖြစ်ချင်ဆုံး ဆန္ဒတရားပါပဲ..။)

ထာဝရ ချုပ်ကိုင်လွမ်းမိုးနိုင်သော လူငယ့်အတွေး နှင့် အသိစိတ်  

Posted by zawye

ခေတ်မီတိုးတက်ခြင်း နှင့် အတူအမှီလိုက်နိုင်ရန် အလို့ငှာရင့်ကျက်ခေတ်မီသော အတွေးအမြင်သစ်ရှိရန်လို အပ်သကဲ့သို့ ဆုတ်ယုတ်မှု ကိုဦးတည်လျက် အကျင့်ပျက်ခြစားနေမှုများဧ။် ဆွဲဆောင်မှုများမှ ရုန်းထွက် နိုင်ရန် သုံးသပ်ပိုင်းခြားနိုင်သည့် ဥာဏ်ပညာရှိရပေမည်။ တိုးတက်ခြင်း နှင့် ဆုတ်ယုတ်ခြင်းသာမကပေ....အဆိုပါ ဖြစ်တည်မှု နှစ်ခုကြားမှ ရရှိခံစားလိုက်ရသော ကောင်းကျိုးဂုဏ်အင် ၏နှင့်ဆိုး ကျိုးအနိဌာရုံအား လည်းဟုတ် တိုင်းမှန်ရာလက်ခံ နိုင်မည့်စိတ်ဓာတ်ကြံ့ခိုင်မှုကား မရှိမဖြစ်ပင်တည်း..။
ကျွန်တော်တို့မြန်မာလူမျိုးများသည် မေတ္တာဧ။်သဘောအား စိတ်ခံစားမှုများဖြင့် ရောယှက်ဆက်ဆံတတ် ကြလွန်းပေသည်..။ မေတ္တာဆိုသည်မှာ အေးမြငြိမ်းချမ်းခြင်းသဘောကိုဆောင်သော ပေးဆပ်ချင်သည့် ဆန္ဒဖြစ် မည်ဟု ကျွန်တော်အနေဖြင့် ကောက်ချက်ချလိုပါသည်....။ စိတ်ခံစားမှု ဟူသည်မှာ ခံစားမှုအား ပွင့်အံထုတ်ခြင်း၊ စိတ်ဧ။်အာရုံတည်မှီနေစေရန်အတွက် တည်မှီရာနေရာတစ်ခု၌ ဝေ့၀ိုက်ကျက် စားနေခြင်း ဖြစ်ပေမည်ဟု....။ ယင်းဆန္ဒ နှင့် စိတ်ခံစားမှု နှစ်ခုပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသောစိတ်ဧ။်အစွမ်းသတ္တိကို ပညာဖြင့်ပိုင်းခြားဝေဖန်ပါမူ အသိစိတ်ဖြစ်ပေါ်ပါလိမ့်မည်...။သို့တည်းမ ဟုတ်မူကား အာရုံအသွင်၌ စိတ်ခံစားမှုကိုအသားပေးသော ပညာမပါသည့်မေတ္တာ အသွင်ကိုရောက်ရှိဖြစ်တည်မိပေမည်....။

မြန်မာလူငယ်များနှင့် ကမ္ဘာ့လူငယ်အများစုဧ။်ကွာခြားမှု များအားကျွန်တော့်သိမှီသလောက်အတွေး လေးများဖြင့် မကြာခဏ ဆိုသလိုဆန်းဆစ်မိပါသည်.....။ ရေခံမြေခံသဘာဝမတူသည့် အချက်များ အပါအ၀င် ထည့်သွင်း စဉ်းစားသင့်သည်များ အားမချန်လှပ်ဘဲ ဝေဖန်မိပါဧ။်။ ကျွန်တော်တို့ဧ။် ကောင်းသောအချက်မှာ လူကြီးမိဘ အားရိုသေလေးစားခြင်း၊ လူတဘက်သား အား ငဲ့ညှာပေးလွန်း ခြင်းစသည့် စသည်များပင်......။ မပြည့်စုံသေးသော အချက်မှာမူကား ကျွန်တော်တို့အများစု၌ ယုံကြည်မှု နှင့် ရဲတင်းမှု သည်အားနာမှု ငဲ့ညှာမှု တရားများအောက်၌ မမှန်ကန်စွာ၊ သဘာဝမကျစွာ ဖြင့် ငုပ်လျှိုးနေခဲ့ ရပါသည်...။ ဘာကြောင့်ဆို သည်အား ဆန်းဆစ်မိသည်က မကြာခဏဆိုသလိုပင်...။

လူတစ်ယောက်ဧ။် အသွင်သဏ္ဍာန် နှင့် အနှစ်သာရ ပိုင်းရပ်တည်မှုသည် ထိုလူတစ်ယောက်ဧ။် ပင်ကို စိတ်သတ္တိပေါ်တွင်တည်မှီသကဲ့သို့ ပြင်ပပတ်ဝန်းကျင်ဧ။် ပဲ့ပြင်ထိန်းမတ်မှုလမ်းကြောင်းပေါ်၌လည်းတည်မှီနေ ပေသည်......။ ကျွန်တော်အထက်၌ ဆိုခဲ့သလိုပင် လူကြီးသူမများဧ။် မေတ္တာမှာ စိတ်ခံစားမှုနှင့် ရောယှက် နေသည့်အတွက် ကလေးဘ၀မှစကာ လူလတ်ပိုင်းအရွယ်အထိ ရှင်သန်ကြီးပြင်းမှု အများစုမှာ ကြောက်ရွံ့မှု ချိုးနှိမ့်မှုများဖြင့် အပင်သန်သင့်သလောက်မသန်ခဲ့ရပေ..။ ယုံကြည်မှု တည်းဟူသော မိမိကိုယ်ကို အောင်နိုင် စိတ်အချို့ သည် အချို့အချို့သောဒေသစွဲ၊ ပတ်ဝန်းကျင် အမှားများကြား၌ ကွယ်ပျောက်ခဲ့ရဖူးပေသည်။ ယုတ္တိမဆန်သော ကျိုးကြောင်းဆီလျော်မှုမရှိသည့် ဒဏ္ဍာရီ ဆန်သော စကားများကြား၌ ကြီးပြင်းခဲ့ရသော ကျွန်တော်တို့လူငယ်အများစုသည် ဘ၀ဧ။်ဖြစ်တည်မှုအချို့အား ဒဏ္ဍာရီဆန်ဆန်စိတ်ကူးယဉ် ရင်းအမှောင် ဖုံးမှန်းမသိဖုံးလွမ်းခဲ့ရ ဖူး ပေသည်....။

မသင့်တော်သည့် ရှေးဟောင်းအယူအဆ နှင့် ကျိုးကြောင်းဆီလျော်သည့် သက်သေပြမှုများ ဧ။် ကြားယှဉ်ပြိုင်မှု များ၌ အတွေးအခေါ်ပညာရှင် ဆိုကရေးတီးတို့ ရှုံးနိမ့်ခဲ့ရဖူးသကဲ့သို့၊ အနော်ရထာ ကဲ့သို့သော ထက်မြက်စွာစဉ်းစားတွေးခေါ်တတ်သည့် လူငယ်များကြောင့်လည်း အရိုးစွဲနေသော အစဉ်လာဆိုး များပျောက် ပျက်ခဲ့ဖူးပေသည်....။ သို့သော်အချို့အချို့သော အသိမရှိသည့် လူတစ်ချို့ ကြောင့် အစဉ်အလာဆိုးများ သက်ဆိုးရှည်ကာ လူငယ်အများစုမှာ လက်တွေ့နှင့်ဝေးကွာလျက်ရှိပေ သေးသည်...။ ပုခက်လွဲသော မိခင်ဧ။် လက်သည် ကမ္ဘာကြီးအား အုပ်စိုးနိုင်စွမ်းဧ။်ဆိုသကဲ့သို့ပင် ကလေးဘ၀ တွင်လူကြီးအချို့ဧ။် ပြီးပြီးစလွယ် ဆုံးမမှုများမှ တည်နောင်အနာဂတ်အတွက် ရတက် မအေးဖွယ် ရာများ ကြုံခဲ့ဖူးပေသည်...။ ကျွန်တော်သည် ပြည်ပနိုင်ငံတွင် ပညာသင်ယူနေသည့် ၄ နှစ်ခန့်ကာလအတွင်း၌ ကလေးငယ်များဧ။် နေထိုင်ရပ်တည်မှု အချို့အား လေ့လာခဲ့ရာ ကျွန်တော်တို့ မြန်မာကလေးများနှင့်ကွာခြားလွန်းလှပေသည်...။ emotion ကိုအ ခြေခံ၍ ကြီးပြင်းလာရသောပတ်ဝန်းကျင် ၌မိဘလူကြီးများသည် ညှာတာမှု အားနာမှု တရားများအောက် တွင်အသားတကျနေထိုင်ရင်း ကလေးငယ်များ အားမှားယွင်းသောဆုံးမမှုများဖြင့် အသိတရားတွေးဆနိုင်စွမ်းနှင့် ယုံကြည်စိတ်ရဲစိတ်အားဖျောက်ဖျက်ပေးသကဲ့သို့ပင်...။

မျက်နှာစိမ်းအားကြောက်ရွံ့ခြင်း၊ လူကြီးသူမများ၊ ဧည့်သည်များနှင့်ဆက်ဆံပြောဆိုသော အခါများ၌ ကလေးများလူငယ်များအား အရေးတယူမပြုသည့်အပြင် ဖယ်ကြဉ်ထားခြင်းစသော အသေးစိပ်အပြု အမူ တချို့မှသည် လူငယ်အများစုမှာ မိမိကိုယ် မိမိတာဝန်ယူလိုစိတ်များပျောက်ပျက်နေခဲ့ရပေသည်..။လူကြီးတချို့ ဧ။်လွမ်းမိုလိုသည့်စိတ်ပိုင်းဆိုင်ရာ အတ္တများသည်လည်း လူငယ်အများစုဧ။် မိမိကိုယ်ကို Manage နှင့် control လုပ်နိုင်စွမ်းများလျော့ ကျလာသည်ကိုတွေ့မြင်နေရရာ မသင့်တော်လွန်းလှပေ။ဂါရ၀ တရား ထားရှိခြင်းသည် မှန်ကန်သော မင်္ဂလာမည်ပေဧ။်....။ သို့သော် ဂါရ၀တရားအား ခုတုံးလုပ်၍ လူငယ်များဧ။် အနာဂတ်အား မလွမ်းမိုး မချုပ်ကိုင်သင့်ပေ..။လူငယ်ဟူသည် ထက်မြက်ဧ။်။ အတွေးသစ် အမြင်သစ်များ တွေးတော ကြံဆနေတတ်၍ တက်ကြွ နေတတ်ကာ ဆန်းဆစ်ဝေဖန်မှုများနှင့်အတူ ရိုးဆွေးနေသော အစဉ်အလာဟောင်းများအား အစဉ် ပြုပြင်ပြောင်းလဲနေချင်သည့်စိတ်အပြည့်ရှိတတ်ဧ။်...။ သို့သော် ငါသည်လူကြီးဖြစ်ဧ။် အတွေ့အကြုံ ပညာပိုပြည့်ဧ။် ဟူသော အတ္တကိုကာကွယ်သည့် အရေခြုံ စကားများ ထပ်တလဲလဲဆိုကာ လူငယ်အများစု ဧ။်အခွင့်အလမ်းများအားရိုက်ချိုးပစ်တတ်လွန်းပေရာ။ အဆိုပါလူများ မိမိကိုယ် ကိုမိမိသေချာစွာပြန်လည်ဆန်းဆစ်စေချင်ပေသည်....။

မိမိရှိမှ နေရာပေးမှဟူသော အတ္တလွန်ကဲသည့်စိတ်အခြေခံများအားလျော့ချသင့်ပေသည်....။ မြန်မာလူမျိုးများ ဧ။် စိတ်အစဉ်၌ ကြီးစွာသောအဖျက်အမှောင့် တစ်ခုသည် မကြာခဏဆိုသလိုပင် ၀င်ဝင်လာတတ် ကြရာ...ထိုအရာကား မနာလိုမှုနှင့် ၀င့်ကြွားချုပ်ကိုင်လိုမှုပင်....။ မှန်ကန်ကြီးမြတ် သောလူတစ်ဦးဖြစ်ရန်မှာ စွန့်လွတ်နိုင်ရပေမည်..။ “တစ်” ဆိုသောနေရာလေးအား မက်မော နေကြကာ နောက်ထပ်ပေါင်းလာမည့် “တစ်” အားမကြိုဆိုချင်ကြပေ.......။ မိမိဧ။်ကြိုဆိုမှုနှင့်အတူ မိမိပတ်ဝန်းကျင်တစ်ခုလုံး တန်ဖိုးတက်သွားမည် ဟူသည့် အကောင်းမြင်စိတ်ကိုထည့်မတွက်နိုင်ကြဘဲ မိမိဧ။် “တစ်” သည့်နေရာ ပျောက်သွားမှာ ကိုသာ ကြောက်လန့်နေကြပေသည်..။

ကျွန်တော်ကိုယ်တိုင်ပင်လျှင် ကျင်လည်နေရသော လုပ်ငန်းခွင် နှင့် ပတ်ဝန်းကျင်၌ ယင်းကဲ့သို့ ပိတ်ဆို့မှုများ အားမကြာခဏ ကြုံတွေ့နေခဲ့ရာ....နဂိုပင်ကိုယ်ရှိ ထာဝရ ချုပ်ကိုင်လွမ်းမိုးနိုင်သော လူငယ့်အတွေး နှင့် အသိစိတ် ကို အခြေခံသည့် ထက်မြက်မှုများ ရဲရင့်မှု များ ယုံကြည်မှုများ လွတ်လွတ်ကျနေခဲ့မိသည်မှာ အတော်ကြာခဲ့ပေပြီ...။ မည်သို့ပင်ဆိုစေကာမူ လွတ်ကျ၊ ကွဲကြေနေသော စိတ်ဓာတ်အချို့အား ပြန်လည် ကောက်တင်ရင်း ရေတစ်ပွက်စာ ဘ၀တိုလေး၌ ရှေ့သို့ခရီးဆက်ရပေဦးမည်ဟုအားတင်းလျှက်.....။

မာန နှင့် သတ္တိ  

Posted by zawye



ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်၊ လုပ်သင့်လုပ်ထိုက် သောအရာများ၌ သွေဖည်ယိမ်းယိုင်သွားခြင်း ကြောင့် ဖြစ်စေ၊ အတိုင်းအတာတစ်ခု အထိမအောင်မြင်ခြင်းကြောင့်ဖြစ်စေ ဖြစ်ပေါ်ရရှိလာသော စိတ်ခံစားမှု အစုစုတို့အား “မာန”ဟူ၍ ကျွန်တော့် အတွေးအမြင့်ဖြင့် အဓိပ
္ပာယ်ဖွင့်ဆိုချင်ပါသည်။

ရင်ဆိုင်သင့် ဖြေရှင်းသင့် ကြိုးစားသင့် ပြုလုပ်ဆောင်ရွက်သင့် သောကိစ္စရပ်များ၌ တွန့်ဆုတ် နှောင့်နှေးခြင်း ကင်းစွာ၊ စိတ်ခံစားမှု နှင့် လက်တွေ့ဖြစ်တည်မှု တို့အားဒွန်တွဲခြင်းကင်းစွာ ဟုတ်တိုင်း မှန်ရာ ဆောင်ရွက်နိုင်သော အစွမ်းအား “သတ္တိ”ဟူ၍ သတ်မှတ်လိုပါသည်။

ဤနေရာ၌ ကျွန်တော့်အနေဖြင့် သိမှီသလောက် ဖွင့်ဆိုရှင်းလင်းခြင်းပင်။ ဖွင့်ဆိုရှင်းလင်းသည်ဟုဆို ရာတွင်လည်း လက်တွေ့ ရာနှုန်းပြည့်လိုက်နာခြင်း ကင်းလွန်းနေသေးသောကြောင့် ဆန်းဆစ်ဆုံးမ ခြင်း ပင်ဖြစ်ပါသည်....။ ကျွန်တော်ရေးသော စာများတွင် တတ်နိုင်သလောက် မိမိကိုယ်ကို ဆန်းဆစ်ချက်များအား ယထာဘူတ ကျစွာရေးသားမိပါဧ။်။ ဖြစ်တည်ပြောင်းလဲနေသော လောကသဘာဝနှင့် နေ့တဓူဝ လှုပ်ရှားဆောင်ရွက်နေရသောဖြစ်ရပ်များ အားအခြေပြုလျက် လူဟူသောအတ္တ နှင့် ယှဉ်တွဲလျက်ရှိတတ် သည်များက

မာန နှင့် သတ္တိ” ဆိုသောအရာသည် နေ့စဉ်လိုပင်ပူးကပ်စွဲနစ်လျက် ရှိပေ သည်။ တလွဲထင်၍ တလွဲ မြင်နေကာ ထင်တစ်လုံးများနှင့် ရပ်တည်မှု ကပို၍များနေတတ်ဧ။်။

ငါတည်းဟူသော အတ္တများနှင့် လှုပ်ရှားဆောင်ရွက်ကြရာဝယ် တစ်ဦးနှင့် တစ်ဦး အကျောမခံချင် တည်းဟူသော မာနလေးများဖြင့် မဖြစ်ဖြစ်အောင်တင်းခံနေကြသည်ကများပေသည်...။ လူကြီး သူမများကမူပြောကြဧ။်။ မရှိမာန ...........ရှိမာန တဲ့.....ကျွန်တော်ကမူ လှုပ်ရှားမှု အသွင် သဏ္ဍာန်ကိုရုပ်ဆိုးအကျည်းတန်စေလွန်းသော သိမာနနှင့် မသိမာန များဟူ၍ ထပ်ဖြည့်လိုက်ချင် သေးဧ။်။လမ်းလျှောက်သည်မှအစအိပ်ရာဝင်သည်အထိကိုယ့်မာနလေးများနှင့် ကိုယ်ရပ်တည် လှုပ်ရှား နေကြရာ မည်သူမဆိုတစ်စုံတစ်ဦး ဧ။်လွမ်းမိုးမှုများကိုမကြိုက်ကြပေ။ ကိုယ်က အကြီး မို့လို့ အငယ်မို့လို့ ရာထူးကြီးလို့ ငယ်လို့ဟူသည် ကတဖုံ မာနများအသွယ်သွယ်ထားနေကြရာ အချို့သောမည် သူမဆို. ..ယင်းထိုသူများအနက်မှပင် မောက်မာခက်ထန်ခြင်းနှင့် စဉ်းစားချင့်ချိန်ခြင်း ကင်းမဲ့စွာ ပြုမူ သည့်မသိ မာနသမားများက ပို၍ဆိုးပေသည်။

လောက၌ မသိခြင်းဆိုရာတွင် လည်းရောယှက်နေပေသေးသည်....။ ကလေးငယ်များ၊ ရိုးသား သူများဧ။် မသိခြင်း၊ မြင့်မြတ်သူများဧ။်မသိခြင်းများကိုမူ လူအများစုက မသိသေး၍ဟုဆိုကာ သမုတ် ခေါ် ဝေါ်နေကြရာ...အမှန်မှာမူဆိုခဲ့ပါမသိသူများအားရိုးစင်းစွာ မသိသေးသောရိုးသားသူများဟုသတ်မှတ်သင့်ပေ သည်။ ကျွန်တော်ဆိုလိုသော မသိသောသူများသည်ကား သိသင့်သိလျက်နှင့် လုပ်သင့်လုပ်ထိုက်လျက်နှင့်ပင် မသိသေးသောသူများပင်...။ ထိုသူများဧ။်မာနကိုလွမ်းမိုးခံရသောဆက်ဆံခံရသောသူ များအဖို့မူ မခံချိမခံသာ ပင်...လောကအပူကူးစက်ခံရခြင်းနှင့်တူပေသည်...။ မာနခေါင်လွမ်း၍ပြောဆိုပြုမူနေရာ၌ လူအများအတွက် ကောင်းမြတ်ခြင်းအဖော်မွန်ဟူ၍ သတ်မှတ်ထားသော သတ္တိနှင့်တွဲဖက်လာပါကမူဆိုဖွယ်ရာမရှိတော့ပေ။ သီးခြားအနေဖြင့်မူ သတ္တိအား ရင့်ကျက်စွာဆုံးဖြတ်လုပ်ကိုင်ခြင်းဟုဖော်ပြနိုင်ပေသေးဧ။်။

မသိသေးသောမာနရှင်များအတွက်မူ သတ္တိဟူသည့်အရာကား ဘ၀င်ခိုက်၍မြောက်ပင့်ခြင်းကိုညွန်းဆို စေနိုင်သောအသားလွတ်ဘ၀င်မြှင့်ခြင်းကိုဖြစ်ပေါ်စေပါသည်....။ သတ္တိဟုဆိုရာ၌ နှလုံးရည် ရောလက် ရုံးရည်ပါအကျုံးဝင်ပေသည်...။မသိမာနနှင့်ရောပြွမ်းသော လက်ရုံးရည်သတ္တိရှင်များသည် လောက ကမ္ဘာအား အရုပ်ဆိုးအကျည်းတန်ခြင်းကိုဖြစ်စေသော မိုက်ရူးရဲ လူဆိုးများလူရမ်းကားများအဖြစ် သို့ဦးတည်စေပါသည်...။ ထို့အတူပင် မသိမာနနှင့်ရောပြွမ်းသော လက်ရုံးရည်သတ္တိရှင်များကား စိတ်ကြီးမြှင့်သူ အထင်တစ်လုံးနှင့် ဘ၀င်ကြီးသူများ ပတ်သက်ဆက်ဆံ နေထိုင်ရာ ပတ်ဝန်းကျင် အားအနှောင့်အယှက် ပေးနိုင်လွန်းသော သူ့ကန့်လန့် လူ့ခွစာကြီးများအဖြစ်ခိုးလို့ခုလုပင်.....။

ဆရာဦးအောင်သင်းပြောသကဲ့သို့ လူအများသည်မိမိလုပ်ချင်သောပြုမူချင်သော ဆိုင်ရာကိစ္စများအ တွက်ရံဖန်ရံခါ ၌အမှန်တရားအဖြစ်တည်ရှိနေသော အရာများအား သွေဖည်ယိမ်းယိုင်ပြောဆိုကာ အရောင်ဆိုးတတ်ကြပေရာ မုသားကာလာများအားသတိပြုသင့်ပေသည်...။ လောကလူ့ဘောင်၌ မာနနှင့် သတ္တိမှာ ရှိသင့်သော စိတ်ခံစားမှုတစ်ခုပင်..သို့သော် မူလရှိပြီးသားကောင်းမြတ်သော ဂုဏ်အင်များသည် မသိမာနရှင်သမားများဧ။် လက်သုံးတော်စကားဖြစ်သွားမည်ဆိုပါ ကကျွန်တော်တို့ ပတ်ဝန်းကျင် ညှိုးနွမ်း ပေလိမ့်မည်.ဖြစ်ပေရာ အထူးသတိပြုဆင်ခြင်သင့်လှပေသည်...။

“အဖေ့လို အေး၍ အမေ့လို ထက်ချင်သည်”  

Posted by zawye in

“သြော်သားရယ် ဒီလိုပဲပေါ့ကွာ...ထမင်းကြမ်းကို ဆားနဲ့ ပဲ စားတော့မယ်” ဟူသော အဖေ့ လက် သုံး စကား...။ အမှန်တရားဘာနဲ့မှမလဲဘူး..။ဒါမျိုးတော့လာမလုပ်နဲ့...ကိုယ့်အရည်အချင်းသိက္ခာတရားကိုစော်ကားတာလက်မခံ ဘာညာပေါင်း မြောက်မြားစွာဖြင့် အများကို စိတ်ထားကောင်းသလောက်မာနကြီးသလောက် ထက်လှ သွက်လှသောအမေ။

အဖေကတော့ အေးသလောက် ရိုးလှပေသည်..။သူ့မှာ မာနဆိုတာမရှိ...အပြိုင်အဆိုင်ဆိုတာမရှိ။ ဖြစ်နေတာနှင့် ရှိနေတာ ကိုအမြဲနှလုံးသွင်းတတ်လှပေသည်....။ အမေကတော့ ဘုရားတရားလုပ် သလောက်စိတ် ကအင်မတန်မှထက်လှပေသည်။ သူများက အကွက်ကျော်လုပ်လျှင်လဲ လက်မခံ ဒေါသတွေကြီးနေတတ်ပြန်။ အဖေကတော့ အကွက်ကျော်လို့ကျော်မှန်းပင်မသိ..စိတ်လဲမ၀င်စား...ထို့ကြောင့်ပင် သူအင်မတန် တန်ဖိုးထား လှသော အစိုးရ၀န်ထမ်းအလုပ်ကို နှစ်ပေါင်း(၃၀) ကျော်လုပ် ရိုးသားစွာလုပ်နေရင်း မှပင် ထောင်ချောက် ကြားညှပ်ကာ နစ်နာမှုတွေခံစားခဲ့ရပေသည်...အမေကတော့ အအေးလွန်ပြီး အလွန်းသည်ဟုမှတ် ချက်ပြုခဲ့သည်။ အမေကတော့ ထက်သလောက် မသွက်ပေ...သူတစ်ဖက်သားဧ။်လုပ်ပိုင်ခွင့် နှင့် ဂုဏ် သိက္ခာကိုအင်မတန် တန်ဖိုးထားကာ မာနသိက္ခာကြီးလွန်းလှပေသည်။

ကျွန်တော်ငယ်စဉ်ကဆို လျှင်အိမ်မှာအမေ ကတတွတ်တွတ် ပြောဆိုမြည်တွန်တတ်ပေသည်။ အဖေကတော့ သူနှင့်မဆိုင်သလိုပင်..။ အလုပ်ကိစ္စ၊ ရပ်ရေးရွာရေး လူမှုရေးကိစ္စ၊ ဘာညာသာသကာနေကြာကွာစိ အမြဲလုပ်နေတတ်သည်။ သို့သော် အဆုံးသတ်မှာ တော့ အမေလဲ အဖေ့လိုပင် လောကီလောက သဘောအရ ခံလိုက်ရသည်ကများပေသည်...။သည်တော့ ကျွန်တော်က မှတ်ချက်ပြုမိသည် ...ထက်သလောက် သွက်သ လောက် အသည်ဟု။ အမေကားလက်မခံတတ်ပြန်သေးပေ...လောကုတ္တရာသဘောအရ သူနိုင်သည်တဲ့..။ တကယ်တော့ အပြင်အကာအနေနှင့်မူအဖေ နှင့် အမေ သည် ရှုံးသည်ဟုပြောနိုင် သလောက် လောကုတ္တရာ အနှစ်နှင့်ကြည့်လျှင်ကားကြီးမြတ်စွာအောင်နိုင်ခြင်းပင်...။

ကျွန်တော့်မိဘများသည် လခစားနိုင်ငံ ၀န်ထမ်းများဖြစ်ကြ ကာ ဘ၀ကို ရိုးစင်းစွာဖြတ်ကျော်နေထိုင်လိုသူများ ဖြစ်ကြပေသည်...။ ရိုးရိုးကြည့်ကာ တည့်တည့်ပင်ရှုမြင်တတ်ကြပေသည်..။ ရုန်းကန်မှု ကို ဘ၀ဟု အဓိပ္ပာယ် ဖွင့်ကြကာ တရားတော်ကိုအားကိုးလွန်းတတ်ကြဧ။်။ ကျွန်တော် အသက်(၁၆) နှစ် မှစ၍ အသက်၂၀ ကျော်စွန်းသည်ထိ အဖေနှင့် အမေတို့ဧ။် ဘ၀ရပ်တည်မှု ကို အားရမှု မရှိခဲ့ပေ ။ ကျွန်တော့် ဘ၀တလျှောက်လိုချင်မှု တပ်မက်မှု မကျေနပ်မှု လောဘတွေများဖြင့်သာ ပူပူလောင် လောင် ကြိုးစားခဲ့ရဧ။်။ ပြ ဿနာ များအား အရှိန်ပြင်းပြင်းနှင့် ဆောင့်တွန်း တိုက်ခဲ့တတ်ပေသည်။ထိုသို့သောအခါမျိုး၌ အဖေ့လိုအပူငြိမ်းသော အသွင်ပြင်ကို တရှိုက်ရှိုက်မက်မက် တမ်းတခဲ့ ဖူးပေ သည်။ အမေကဲ့သို့ ထက်မြက်သောအသွင် ဖြင့်ပြ ဿနာကိုဖြေရှင်း ခြင်ကဲ့ပေသည်။ အဖေ နှင့်အမေတို့ ဘ၀နှင့် ရင်း၍ ရ ရှိခဲ့သော သင်ခန်းစားများ အား ကျွန်တော့် အတွက် နာကြဉ်မှုအဖြစ်ခံယူကာရှေ့ခရီးကိုဆက်ချင်ခဲ့မိပေသည်။

အမှန်၌မူ ကျွန်တော်အတွေးတွေ ခံယူချက်တွေသည် သွေဖယ်လမ်းမှားနေခဲ့ပေဧ။် ။ အဖေ နှင့်အမေ ကမူပြ ဿနာကို ယေဘူယျဖြစ်စဉ်တစ်ခု ဟုသတ်မှတ်ယူဆကာ ဖြေရှင်းနိုင်ခဲ့ကြဧ။်။ အငြိုးတေးအာဃာတများ အားတရားနှလုံးသွင်းကာ ဖျောက်ဖျက်နေနိုင်ခဲ့ကြပေသည်..။ကျွန်တော်အနေနှင့် မူလူငယ်ဟူသော မာန်များဖြင့် ပူလောင်မှုဇောဖြင့်ဖျောက်ဖျက်နိုင်ခဲခဲ့ပေသည်....။ယခင်ကာလများ၌လူဟုမြင်မှတ်ပါကအပြိုင်အဆိုင်သတ်မှတ်ကြိုးစားရာပြိုင်ဖက် များသဖွယ်သဘောထားခဲ့မိသည်။ပရောဂတစ်ခုကြောင့် ကျွန်တော်တို့မိသားစုကြီးမားစွာ ဆုံးရှုံးမှုများအားဆက် တိုက်ဆိုသလိုပင်ကြုံဆုံခဲ့ရာ၌မူ အပူအကြီးဆုံးမှာ သားကြီး သြရသ ဟူသည့်ကျွန်တော်ပင်ဖြစ်ခဲ့သည်။ ပူလောင်မှုလောကဓံကြုံ တိုင်း လည်း အဖေနှင့် အမေသြ၀ါဒကိုအပြေးအလွားခံယူမှသာ သက်သာခဲ့သည်။

အသက်(၂၀) ကျော်သောအခါ၌မူ စာကောင်းပေမွန်များဧ။်ကျေးဇူးဖြင့် မိမိကိုယ်မိမိဆန်းဆစ်မှု တချို့ ပြုလုပ်နိုင်ခဲ့ရာ အချို့အချို့သောအမှားတချို့အား အမှန်တရားဘက်သို့ အနည်းငယ်ယိမ်း၍ကြည့်ရှုသုံး သပ်နို်င်ခဲ့ပေသည်။ ခံယူချက်အချို့၊ အတွေးအမြင်အချို့ ရင့်ကျက်ချင်ယောင်ဆောင်သောအဆင့် ပင်။ လူတွေ ကိုဟုတ်တိုင်းမှန်ရာ ကိုယ်ချင်းစာလာနိုင်ခဲ့ပေသည်....လောဘအချို့တို့အတောသတ်နိုင်လာကာမေတ္တာ ထားနိုင်ခဲ့ပေသည်....။ကြည်နူးငြိမ်းအေးမှုအချို့တို့ခံစားသီးပွင့်နိုင်ခဲ့ပေသည်....။သို့သော်လူ့ဘ၀ခေါက်ရိုးမကျိုးနိုင်ခင် ပင်ရင့်ကျက်မှုသင်ခန်းစာအချို့သည်လေပြင်းသဖွယ်တိုက်ခပ်ကာ လုပ်ငန်းခွင် ဟူသောအသွင်ဖြင့် ချဉ်းနင်းဝင်ရောက်လာပြန်ပေသည်။ အဖေ နှင့် အမေတို့ဧ။်လုပ်ငန်းခွင်များအားကိုယ်ချင်းစာတတ်ခဲ့ကာ ရိုးအေးစွာဖြင့် ထက်မြက်စွာဖြေရှင်းကြည့်ခဲ့မိသည်။ဘာတဲ့လူ့ဘောင်လောကမှာ ၀င်မရှုပ်နဲ့တဲ့...။ ကောင်လေးမင်းငယ်ပါသေးတယ်ဟူသော ....အကြောင်းပြပြစ်ချက်ကြီး ကမာနကို ပက်ပက်စက်စက် ထိုးကြိတ်တတ်ကြပြန်သည်....။ လူငယ်များဧ။်အားကိုးရာအမှန်တရားမှာအရည်အချင်းပင်။ အချို့အချို့သော လူများက တက်သစ်စ အညွှန့်အဖူးများဖြစ်သောအရည်အချင်းများအား ရိုက်ချိုးကာ ငါ ဟူသော တစ်ကိုယ်ရည် အတ္တတရားများဖြင့် ဖုံးလွမ်းထားချင် ကြပြန်ရာ..အသို့နည်းဖြင့်ရှာကြံဆဖြေရှင်းအံ့။

နူငယ်သော နှလုံးသားခံယူချက်များယိမ်းယိုင်ခဲ့ရဧ။် ပြန်လည်တည်ဆောင်မှုများအား အပြင်းအထန် ကြိုးစားလေ့ကျင့်တည်ဆောက်ခဲ့ရပြန်သည်။ ဘတ်စ်ကားတစ်နေရာ...ထိုင်ခုံတစ်နေရာစာ....အိပ်ရာနေရာ တစ်နေရာစာ.....လူ့ဘောင်လောကအလယ် တင့်တယ်ခြင်းဟူသော နေရာလေးတစ်နေရာ...သေဆုံးခါနီး နှင့် ထွက်ခွာခါနီး သတ်မှတ်ချက်ဟူသောနေရာလေးတစ်နေရာ အတွက် အပြင်းအထန်လောကဓံလှိုင်းတွေကြား ကြိုးစားရင်ဆိုင်ကာ လိမ္မာပါးနပ်ခြင်းအဖော်ပြုခဲ့ရပြန်ဧ။်။ သို့သော် အဖေနှင့်အမေကဲ့သို့ တင်းတိမ်ရောင့် ရဲစွာ ဖြင့်အေးချမ်းမှုများအားမရှာဖွေနိုင်ခဲ့သေးပါ။ အောင်မြင်မှုအချို့ရရှိဖို့ကြိုးစားနေခဲ့ရာ အသက်(၂၀) ၌ ငါးခု စွန်းတော့ပေမည်။ ကျွန်တော်ယခုအချိန်ထိ တစိုက်မတ်မတ် ဆုပ်ကိုင်ထားမိသည်က အမုန်းတရားများ မလောက်မင အရာဝတ္ထုအချို့ နှင့် မမက်မောလောက်သည့်နေရာလေးတစ်နေရာ၊ မကြာခဏဖောက် ဖျက်တတ်သည့်အမှားတချို့ပင်။ ကောက်ချက်ချမိသည်က အဖေ့လို ရိုးအေး၍ အမေ့လို ဘ၀အားထက်မြက်စွာ ရင်ဆိုင်နိုင်ရန် အားအင်တည်းဟူသော ရင့်ကျက်မှု အချို့ တည်ဆောက်နိုင်ရန်ကြိုးစားရပေဦးမည်ဟုပင်..........။

ပင်လယ်သေ ထဲက လှေ  

Posted by zawye in

စိတ်အစာကို သိပေမယ့်
ဝမ်းစာကို ကြည့်နေရတယ်။

ကျော တစ်ထောက်စာ နေရာနဲ့
မီးတောက်နေတဲ့ ၀မ်းတစ်ထွာရယ်
“နောက်” ရောက်မှာကို ကြောက်တဲ့စိတ်နဲ့
ဘ၀ တစ်လျှောက်လုံး
စိတ်ထွက်ပေါက်ကို ပျောက်စေခဲ့တာပါ။

မိုးခါးရေ
(တစ်ချို့ တစ်ချို့ ကိုပဲ....)
တရှိုက်မက်မက် သောက်ရင်း
ဆန္ဒအားလုံး
စနစ်တကျ ခေါက်သိမ်း
ဒါ..........
ဘ၀ တဲ့လား။

ခေါက်ရိုးကျိုး အတွေးထဲမှာ
ဝမ်းစာကို ကြည့်နေရပေမယ့်
စိတ်အစာက
ရင်မှာ အမြဲ ရှိနေတယ်...........။ ။
(ဂျွန်မိုးအိမ်)

သူတို့တွေနဲ့ မတူချင် (နန္ဒာသိန်းဇံ )  

Posted by zawye in


Photo: http://www.karis.biz/images/boat.jpg

ပင်လယ်ရေပြင်ကျယ်ကြီးနားရောက်တော့ လေပြင်းမုန်တိုင်းတွေ ၊ သင်္ဘောပျက်တာတွေကိုလည်း မြင်ယောင်ကြည့်ဖြစ်နေတယ်။ သဘောင်္ပျက်လို့ ဖောင်တစ်ခုပေါ်ရောက်နေတဲ့ လူတစ်စုအကြောင်းကိုလည်း အမှတ်ရပါရဲ့ ။ မသေမပျောက်ဘဲ ဖောင်ပေါ်ရောက်တဲ့အတွက် ကံကောင်းတယ်လို့ ယူဆရမှာလား .. ။

ဖောင်ပေါ်မှာက လူခုနှစ်ဦး .. ။ အဲဒီခုနှစ်ဦးထဲက တစ်ဦးကတော့ ကံကောင်းလို့ ဖောင်ပေါ်ရောက်နေတယ်လို့ မြင်ပုံမရဘူး။ သူက တစ်လောကလုံးကို အမြဲပဲအဆိုးမြင်နေတတ်တဲ့ အဆိုးမြင်ဝါဒီ Pessimist ဖြစ်တယ်တဲ့။ လောကမှာ ကောင်းမြတ်ပါပေတယ်ဆိုတဲ့ အရာတွေဟာ တကယ်တော့ လူကို ဒုက္ခပိုရောက်အောင် ဆွဲဆောင်လှည့်စားနေတာတွေဖြစ်တယ်။ ဒီတော့ .. ကောင်းမြတ်ပါပေတယ် ဆိုတာတွေဟာ တကယ်တော့ ကောင်းမြတ်တာတွေ မဟုတ်ဘူးလို့ သူကမြင်တယ်။ အခုလည်း သင်္ဘောပျက်ပြီး ဖောင်ပေါ်ရောက်နေတာဟာ ကံကောင်းလို့ ရောက်နေတာမဟုတ်ဘူး။ ဒုက္ခများများ လူမှာရောက်ဖို့အတွက် အချိန်ဆွဲထားတဲ့ သဘောပဲလို့ သူမြင်တယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အတ္တဗဟိုပြုသမား Egocentric အတ္တဗဟိုပြုဝါဒီဖြစ်တယ်။ သူ့ရဲ့ လက်သုံးစကားကတော့ ဒီကနေ့မှာ ရနိုင်သမျှ ကာမဂုဏ်အာရုံတွေကို ခံစားသာယာပစ်လိုက်ဆိုတာပဲတဲ့။ အခုလို ဖောင်ပေါ်ရောက်နေတုန်းမှာလည်း သက်သက်သာသာလေး နေလို့ရရင် သက်သက်သာသာပဲ နေလိုက်မယ်လို့ သူက သဘောထားတယ်။ အတ္တသမားပီပီ ဖောင်ပေါ်မှာ သူ့အတွက် သက်သက်သာသာ နေလို့ရအောင် ၊ သူများတွေထက် နေရာကျယ်ကျယ်ရအောင် ၊ ထိုင်နိုင် အိပ်နိုင်အောင် ယူထားတယ်။


ဖောင်ပေါ်မှာ နောက်တစ်ဦးကတော့ အကောင်းမြင်သမား Optimist ဖြစ်တယ်။ သူက အကောင်းမြင်သမားပီပီ မိုးကုပ်စက်ဝိုင်းဆီ လှမ်းမျှော်ပြီး ကမ်းကိုမြင်ရတော့မှာပါလို့ ပြောနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ စူးစမ်းလေ့လာရေးသမား Observer ဖြစ်တယ်။ စူးစမ်းလေ့လာရေးသမားပီပီ သူကတော့ ပင်လယ်ရဲ့ အနေအထား ၊ လှိုင်းလေတွေရဲ့ အတိုးအဆုတ် ၊ ဖောင်ပေါ်က လူတွေရဲ့ အပြုအမူ ၊ အစာငတ် ရေငတ်ဖြစ်နေကြပုံ ၊ ဖောင်ရဲ့ ပျက်စီးလုနီးနီး အခြေအနေ .. ဒါတွေကို မှတ်တမ်းတင်ဖို့ ကြိုးစားနေတယ်။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အများအကျိုး ဆောင်ရွက်တာကောင်းတယ်လို့ ယူဆတဲ့ ပရဟိတ၀ါဒီ Altruist ဖြစ်တယ်တဲ့ .. ။ ငါဟာ သူတစ်ပါးကို အကူအညီမပေးဘဲ မနေသင့်ဘူး။ သူတစ်ပါးအကျိုးကို ရွက်ဆောင်သင့်တယ်ဆိုတဲ့ အယူအဆ ခိုင်လုံဖို့အတွက် ဆင်ခြင်ဆင်လက်တွေကို သူကရှာနေတယ်တဲ့။

ဖောင်ပေါ်က နောက်တစ်ဦးကတော့ အဆိုးအကောင်းဟူသမျှကို ကြိတ်မှိတ်ပြီး ခံတတ်သူ Stoic ဖြစ်တယ်။ သူက ဘာကိုမှ မယုံကြည်ဘူး။ သူယုံကြည်တာက ပင်လယ်ထဲခုန်ချပြီး ဘ၀ကို မြန်မြန်အဆုံးစီရင်ပစ်လိုက်တော့မယ် .. ဆိုတဲ့စိတ်ဖြစ်လာတိုင်း ခုန်မချဖြစ်အောင် အဆုံးမစီရင်ဖြစ်အောင် ငြင်းဆန်နေတဲ့ သူ့ရဲ့ ငြင်းဆန်ချက်ကိုတော့ မှန်တယ်လို့ ယုံကြည်နေတာတဲ့ .. ။

ဖောင်ပေါ်က နောက်ဆုံးတစ်ဦးကတော့ လောကကြီးအကြောင်း ဘာဆိုဘာမှမသိတဲ့ ကလေးငယ်ကလေးဖြစ်တယ်။ ဖောင်ရဲ့ မခိုင်ခံ့တော့တဲ့အဖြစ် ၊ ညအမှောင်ထု ဖုံးလွှမ်းလာတော့မယ့် အဖြစ်ကို စိုးရိမ်ရကောင်းမှန်းလည်းမသိ။ မုန်တိုင်းလာတော့မယ့် အတိတ်နိမိတ်တွေကိုလည်း ကလေးငယ်ဟာ ကြောက်ရကောင်းမှန်း မသိဘူး။ ကလေးငယ်အတွက်တော့ ဖောင်ပျက်ရင်လည်း ပျက်တဲ့အထဲပါမယ် ၊ ပင်လယ်ရေထဲကျမယ် ၊ ဒီအတွက် ကလေးငယ်ဟာ တွေးလည်းမတွေးတတ်ဘူး။ ဒီတော့ ကြောက်ရကောင်းမှန်းလည်း မသိဘူး။ စိုးရိမ်ထိတ်လန့်မှုလည်း မရှိဘူး။ အခြေအနေပေးရင်လည်း မိုးလင်းတဲ့အခါ ကမ်းခြေကို ဖောင်ဆိုက်မယ်။ ကလေးငယ်ဟာ ကမ်းပေါ်ရောက်မယ်။ ကလေးငယ်ရဲ့ ဘ၀ဟာ ၊ အခြေအနေတွေဟာ ဖန်တီးတဲ့အတိုင်း ဖြစ်မှာပဲ။

ဖောင်ပေါ်က လူခုနှစ်ဦးဟာ လောကမှာရှိတဲ့ လူတွေမှာ ဖြစ်တတ်တဲ့ သဘောထားခုနှစ်မျိုးကို ရည်ညွှန်းထားတာ ၊ လောကနဲ့ ဘ၀ကို အကောင်းမြင်တဲ့လူရှိတယ်။ အကောင်းမြင်ပေမယ့် လက်တွေ့မှာ ကောင်းတာ ၊ မှန်တာတွေကို မလုပ်နိုင်သူ မဖြစ်ဖို့လည်း လိုမှာပဲ။ လောနဲ့ဘ၀ကို အဆိုးဘက်က ကြည့်မြင်တဲ့လူလည်း ရှိတာပဲ။ အဆိုးမြင်ရာကနေပြီး စိတ်ဓာတ်တွေကျဆင်း ပြိုကွဲသွားသူမျိုး မဖြစ်ဖို့လည်း လိုလိမ့်မယ် .. ။ ပြီးတော့ လူ့လောကမှာ အတ္တဗဟိုပြုသမားတွေလည်း ရှိတယ်။ ဒီလူတွေကတော့ ဘယ်သူသေသေ ၊ ငါတေမာရင်ပြီးရော .. ဆိုတာလို သူတစ်ပါးတွေ ဘယ်လိုဒုက္ခတွေ ရောက်ရောက် ၊ ငါကောင်းစားချမ်းသာရင် ပြီးရောဆိုပြီး သဘောထားတယ်။ ဒီသဘောထားနဲ့ ကိုယ့်အကျိုး ကိုယ့်စီးပွားကိုပဲ ရှာရင်း လောကကြီးကို အရုပ်ဆိုးအောင် လုပ်ကြတယ်။

ပရသမားကတော့ အများအကျိုးသယ်ပိုးခြင်းဟာ ကောင်းတယ်လို့မြင်တယ်။ ဒါပေမယ့် ပရသမား အရေအတွက်ဟာ လူ့လောကမှာ အရေအတွက်အားဖြင့် သိပ်ကိုနည်းတယ်ဆိုတာ တွေ့နိုင်တယ်။

ဖောင်ပေါ်က ကလေးငယ်လို ဘာကိုမှ အလေးအနက်မသိသူ ၊ ဘာကိုမှ အလေးအနက်မထားသူ .. ဖြစ်သလို ကြုံသလို နေသူတွေလည်းရှိမယ်။ ဖြစ်ချိန်တန်ဖြစ် ၊ ပျက်ချိန်တန်ပျက် ၊ သူ့သဘော သူဆောင်သွားလိမ့်မယ်လို့ သဘောထားသူတွေလည်း ရှိမယ်။ အများကြီးရှိနေလိမ့်မယ်လို့ .. တွေးရင်း .. ဖောင်ပေါ်က လူအမျိုးအစား ခုနှစ်မျိုးထဲမှာ ငါ .. ဘယ်အမျိုးအစားမှာ ပါသလဲ .. လို့တွေးတယ်။ ဘယ်အမျိုးအစားထဲမှာမှ မပါချင်ဘူးလို့ စိတ်ထဲမှာ ပြောလည်းပြောလိုက်ရော .. ကျောက်ဆောင်ကို ရိုက်လိုက်တဲ့ လှိုင်းကနေ စင်လာတဲ့ ရေတွေက တစ်ကိုယ်လုံးကို တုပ်တုပ်နစ်အောင် ရွှဲစိုသွားတယ်။ ပြန်လှည့်ဆင်းသွားတဲ့ ပင်လယ်ရေရဲ့အသံဟာ တဟားဟားရယ်မောသွားသလိုပဲ … ။

နန္ဒာသိန်းဇံ ( အင်တာဗျူး ဂျာနယ် ၊ အမှတ်-၁၂၁ ၊ ၀၃-၀၄-၂၀၀၂ )

အတက် နှင့် အကျ  

Posted by zawye in

ပင်လယ်ရေမျက်နှာပြင်တွင် ဒီရေတက်ချိန် လှိုင်းလုံးကြီးများ သံစုံမြည်အော် လျက်တလိမ့်လိမ့် တ၀ုန်းဝုန်းတက်လာ ပြန်ရာ ရေမျက်နှာပြင်ထက်သို့ လှိုင်းလုံးများကြောက်ခမန်းလိလိပင်… သို့ဖြင့် လှိုင်းရေများ ပြန်ကျသွားပြန်ရာ ရေမျက်နှာပြင်မှ ရေများလျော့ဆင်းမသွား ပုံမှန်လှိုင်းငယ်အဖြစ် ပင်တင်ကျန်လျက်…..

၂၀၀၈ ခုနှစ် ပင်လယ်ပြင်အားဖြတ်ကျော်ခဲ့စဉ်က တွေးခဲ့မိသော အတွေးလေးပင်…. လတ်ဆပ်သောလေနှင့်အတူ တက်လိုက်ကျလိုက်ဖြစ်နေသော လှိုင်းတို့အကြား အလိုက်သင့်ရှိနေသော ရေမျက်နှာပြင်ကို ကြည့်ရမြင်ရ တွေ့ရ သည်မှာ စိတ်နှလုံး ချမ်းမြေ့ဖွယ်ပင်…. ထို့အတူပင် ကျွန်တော်တို့ဖြတ်သန်းရသော အချိုးအကွေ့များဝယ် အတက်အကျများနှင့် ရင်ဆိုင်ခဲ့ရစဉ်က မမေ့နိုင်စရာ တုန်လှုပ်ဖွယ်ရာများနှင့်လည်း နှုတ်ဆက်ခဲ့မိကြမည်ထင်ပေသည်။ လောကဓံမုန်တိုင်းကလဲ တွန်းတွန်းပို့တတ်ပြန်ဧ။်။ ပုံမှန်တွေ့ ဆုံကြုံကွဲ များ အပြင် ချမ်းသာဆင်းရဲ ထင်ရှားမထင်ရှား စသော အပိုဆုများလည်း မကြာမကြာပေးပို့တတ်ပြန်။ တချို့က အသက်အရွယ်အပိုင်းအခြားအလျှောက် စိတ်ဓာတ် တက်ကျ နိမ့်မြင့်ဖြစ်တတ်သည်။ လူတိုင်းတွင် အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်းများ အထိုက်အလျောက်ဖြစ်ဖူးတတ်ကြဧ။်။ လူဟူသည်မှာ တစ်ယောက်တည်း မရပ်တည်နိုင်သော သက်ရှိတစ်မျိုးပင်…..။ မျိုးရိုးဗီဇ အရသော်လည်းကောင်း စိတ်ဓာတ်ရေးရာ ပတ်ဝန်းကျင်လွမ်းမိုးမှု အရသော်လည်းကောင်း ဖြစ်ပေါ်လာသော ရိုက်ခပ်မှုအရ စိတ်အတက်အကျ သာကွာပါသည်….။ ပုံစံအသွင်အားဖြင့်မ တည်ရှိသော စိတ်ပိုင်းဆိုင်ရာ ရပ်တည်ချက်များသည် အလွန်အထူး ဂရုပြုအပ်ပေသည်။ အားငယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း များဖြစ်ပေါ်ခြင်းမှာ လူ့ဘ၀တွင်သဘာဝတစ်ရပ်ပင်။ သို့သော် သဘာဝမကျသော အချက်များအား နောက်ဆက်တွဲအဖြစ်တွေ့မြင်နေရခြင်းပင်။

မိမိကိုယ်တိုင်က စိတ်ဓာတ်မကြာခဏကျလေ့ ရှိရာမှ လမ်းမှားသို့မကြာမကြာ ရောက် ရောက်သွားတတ်ပြန်ရာ ပုံမှန်အခြေအနေသို့ ရောက်စေရန် မနည်းပြန်လည်ဆောက်တည်ယူ ရပေသည်။ ဤသည်မှာလည်းသဘာဝကျပေသည်။ အဓိကကျသည်မှာ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကိုခွဲခြားနိုင်မည်။ ဖြစ်ချင်တာရောဖြစ်သင့်တာကိုပါ ဖြစ်အောင် လုပ်နိုင်ရမည်ဖြစ်ပေရာ ဖြစ်ချင်သလောက်တော့ ဖြစ်လာမှာ မဟုတ်သည်မှာ သေချာသလောက်ပင်…။ ဖြစ်မြောက်အောင်မြင် အောင်တော့ လုပ်ရမှာဖြစ်သလို ဖြစ်ခြင်းမဖြစ်ခြင်းသည် ကိုယ်နှင့် တိုက်ရိုက်မသက်ဆိုင်ပေ။ ကိုယ့်အပိုင်းကိုယ့်တာဝန် ကျေအောင် လုပ်နေမည်ဆိုပါက စိတ်ဓာတ်ကျခြင်းနှင့် ကင်းဝေးမည်ပင်။ ကျွန်တော် အပါအ၀င် တော်တော်များများမှာ ပြင်ပမှရသော result ကို ပိုပြီးခုံမင်မက်မောပါသည်။ အမှန်က မိမိကိုယ်ကို ကြည်ညိုနိုင်သော ကျေနပ်အားရနိုင်သော သူများအဖြစ်ရပ် တည်ရန်သာ အရေးကြီးပါသည်။

ဘ၀တစ်ခုရလာတာဟာ ရပ်တည်နိုင်ဖို့တင်မဟုတ်ပါဘူး၊ လှုပ်ရှားရုန်းကန်၊ လှော်ခပ်နေမှ ဘ၀သရုပ် ပီပြင်မည်ပင်။ ရောက်နေတဲ့အခြေအနေကို တော်သလို လှော်ခတ်နိုင်မှတော်ကာ ကျမည်ပင်။ လှိုင်းကြက်ခွပ်ငယ်လေးများ ကဲ့သို့ စိတ်ဓာတ်မှာ အတက်အကျကြမ်းလှပေသည်။ ဤနေရာ၌ လူအများစုမှာ အောင်မြင်ခြင်း ရှုံးနိမ့်ခြင်း မှစိတ်ဓာတ်အတက် အကျရှိတတ်သည်ဟု သတ်မှတ်နေကြရာ....။ မှန်သင့်သလောက်မှန်ပေသည်ဟု ပြောရမည်ပင်။ အထက်တွင်ဆိုခဲ့ပြီး သလိုပင် ကျွန်တော်တို့ဧ။် ဘ၀ရုန်းကန်လျှောက်လှမ်းမှုတွင် အားပေးဖော်များလိုအပ်ပေသည်။ မိတ်ဆွေအပေါင်းအသင်း ချစ်သူခင်သူ များမှ မိမိတက်လှမ်းကိုများစွာ တွန်းပို့နိုင်သလို ကျလမ်းသို့လည်း မြန်းစေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ အပေါင်းအသင်းမရှိ တစ်ကိုယ်တည်းနေသော သူများတွင် စိတ်ကျပိုမြန်တတ်ပါသည်။ ဤသို့မဖြစ်စေနိုင်ရန် အပြစ်ကင်းတဲ့ ၀ါသနာများများရှိဖို့လိုပါသည်။ ၀ါသနာနည်းတဲ့ သူဟာတခါတလေ ဘာမှစိတ်ဝင်စားစရာ မရှိသလိုဖြစ်တော့ depression ဖြစ်တတ်ပါသည်။ပျော်စရာကောင်းပြီးတော့ အပြစ်ကင်းတဲ့ ၀ါသနာများများရှိရင် ဟိုဟာလေးလုပ်လိုက်ပျော်လိုက် ဒီဟာလေးလုပ်လိုက်ပျော်လိုက် နှင့် depression လျော့နည်းစေနိုင်ပါသည်။

တခါတလေ စိတ်ဓာတ် တက်ကြွမှုလေးများသည်လည်း တစ်ရက်အတွင်း မကြာခဏပေါ်ပေါက် သကဲ့သို့ စိတ်ဓာတ်ကျစရာများသည်လည်း ပေါ်ပေါ်လာတတ်ပါသည်။ ဂရုပြုဆန်းစစ်ကြည့်ပါက တစ်ဦး တည်းနေရချိန်များတွင် ပို၍ဖြစ်တတ်ပါသည်။ မကျေနပ်စိတ်၊ သိမ်ငယ်စိတ်၊ လိုချင်မှုလောဘစိတ်များမှ ဖြစ်ပေါ် လာတတ်သောကြောင့် အထူးဆင်ခြင်နိုင်စေရန်လိုအပ်ပေသည်။ နေ့ပြီးလျှင်ည၊ ညပြီးလျှင်နေ့ဖြစ်ဧ။်။ သူ့အလှည့်နှင့်သူ ပြောင်းလဲပြီးနေရာ ယူထားကြပါသည်။ သမုဒ္ဒရာတိုင်းမှာလည်း အကန့်အ သတ် အပိုင်း အခြားရှိဧ။်။ ကုန်းမြေတောင်တန်းများမှာလည်း အကန့်အသတ်ရှိဧ။်။ အရှုံးမှာလည်းအကန့် အသတ်အပိုင်းအခြားရှိပါသည်။ အရှုံးနှင့်ကန့်သတ်မျဉ်း ဟိုဘက်မှာအောင်ပွဲမုချရှိပေသည်။ တစ်ဦးတည်း အထီးကျန်မှုမှလည်း မိမိကိုယ်ကိုက လွန်မြောက်စေနိုင်ပါသည်။ အတက်ပြီးလျှင် အကျ ဆိုသည်မှာ ဓမ္မတာဖြစ်သလို အကျပြီးအတက်ဖြစ်လာမည်မှာလည်း မလွဲမသွေအမှန်တရားပင်။ တက်ကျ မှု များမှ တည်ဖြစ်ပေါ်လာသော စိတ်ဓာတ်ရေးရာ နေထိုင်မှုတစ်ရပ်ကိုသာ ဟုတ်တိုင်းမှန်ရာ ဆုံးမ၍ နေထိုင်အပ်ပေသည်။

တွေ့ဆုံချိန်လေးကို တန်ဖိုးထားတတ်ကြပါစေရန်......  

Posted by zawye in

ကျွန်တော်တို့လုသားတွေရဲ့ဘ၀ဟာတိုတောင်းလွန်းလှပါတယ်..အသက်လေးရလာတော့လူတွေ အကြောင်းကို ပိုသိလာဖြစ်တယ်...။ တချို့က အချင်းချင်း တွေ့တာတောင် အပြိုင်အဆိုင်တွေမာနတွေ ဒေါသ တွေနဲ့ဝန်တိုခြင်းတွေနဲ့ မကင်းနိုင်ကြဘူး..... တကယ့် အစစ်အမှန်ဆို တာဘာလဲ ဆိုတာ ကိုမေ့နေကြ တယ်.. မိတ်ဆွေသူငယ်ချင်းဆိုတဲ့ တန်ဖိုးကိုလည်း အလေးမထားဘဲအတ္တကို ရှေ့တန်း တင်လာကြတယ်.. ကျွန်တော်အပါအ၀င်ပေါ့ဗျာ..... တခါတလေကျတော့လည်း ကိုယ့်ကိုယ်ကိုဆန်းစစ် မိပါ တယ်.. ရံဖန်ရံခါကျတော့လည်း ကျွန်တော့်အသိတွေက တော်တော် လွတ်သွားတယ်... ကိုယ့်ကိုယ် ကိုပြန်သိအောင်လုပ်ရင်လုပ်.. ဒါမှမဟုတ်စာတွေဖတ်... ကိုယ့်ထက်လူကြီးသူမ... မိတ်ဆွေတွေရဲ့အသိနဲ့ သတိပေးမှုတွေကိုနာယူတဲ့အခါမှ ပြန်ထိန်းနိုင်တာများတယ်... “တကယ့်သူငယ်ချင်းဆိုတာ... အတွေ့ အကြုံ အမျိုးမျိုးကို သူနဲ့အတူ ကိုယ်ကြုံတွေခဲ့ရဖူးတယ်။ တစ်ခါတလေမှာ သူ့ကို ကိုယ်နှစ်သက်မယ်။ တစ်ခါတလေမှာ သူ့ကို ကိုယ်စိတ်ဆိုးမယ်။ ဘယ်လိုအကောင်းအဆိုးမျိုးပဲ ကြုံတွေ့ခဲ့ပါစေ နောက်ဆုံးမှာ သူ့ကိုသူငယ်ချင်း အဖြစ် ကိုယ်သတ်မှတ်သေးတယ်၊ ကိုယ်က သူ့သူငယ်ချင်းပါလို့ သူက သတ်မှတ်သေးတယ်ဆိုရင် သူငယ်ချင်း အစစ်အမှန်ပဲ ”ကိုယ့်ဘ၀မှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက် ချိုး ရေတွက်ကြည့်ဖူးပါသလား.. သူငယ်ချင်းဘ၀ ရဲ့အဓိက လျှို့ဝှက်ချက် က နားလည်ပေးနိုင်မှု နဲ့ သည်းခံ ခြင်း ပဲလို့ ကျွန်တော် ယုံကြည်ပါတယ်....

ယခု ကျွန်တော် ဒီဘလော့လေးစလုပ်ဖြစ်တာ ကလဲ သူငယ်ချင်း တစ် ယောက် ရဲ့ ဘလော့လေးကိုသွားသွားလည်ရင်း ကနေအကောင်အထည်ဖော်ဖြစ်တာပါ ... ဘလော့ဆိုတဲ့ ဒိုင်ယာယီလေး တစ်ခုဖန်တီးမယ်လို့ တွေးထားတာ တစ်နှစ်ရှိသွားပါပြီ...။ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့သေးပါဘူး...။ ဒီ၂၀၁၀မှာ ကျွန်တော်ကို စာရေးဖြစ်အောင်တွန်းအားပေးတဲ့ အဓိက အကြောင်းကြီး နှစ်ချက်ရှိပါတယ်။ ငယ်ငယ်ကတည်းကလဲ စာတွေရေးဖြစ်သလို... ကြီးလာရင်လဲစာရေး မယ်လို့ရည်ရွယ်ထား ခဲ့မိပါတယ်...ကျွန်တော်က လူ့ဘ၀ မှာတန်ဖိုးအထားဆုံးက မေတ္တာတရား ပါပဲ..။ ဒါကြောင့် ဘလော့ ရဲ့အစ ပျိုး နိဒါန်းလေးကို ရောင်းရင်းတို့ အတွက် သူငယ်ချင်းဆိုတဲ့ ဝေါဟာရ စကားလေးပါးဖြစ်တာပါ...။ ကျွန်တော်ခုအချိန်ထိ ကိုယ်သိမှီသလောက်ကြုံခဲ့ရတဲ့ သင်ခန်းစာလေးတွေ အတွေ့အကြုံလေးတွေအရ တစ်ယောက် နဲ့တစ် ယောက် တွေ့ဆုံ အတူရှိချိန်တွေမှာ တန်ဖိုးထား မှုတွေ လျော့လာတာတွေ့ခဲ့ကြုံခဲ့ရပါတယ်..။ ပိုပြီး တန် ဖိုး ထားနားလည်ရမယ့်အစား သည်းခံမှုတွေ လျော့လျဲလာပဲ ဖြစ်တတ်ကြပါတယ်...။ မလိုတဲ့နေရာ လေးတွေ မှာ သူလဲလူသားတစ်ယောက် ကိုယ်လဲ သက်ရှိတစ်ယောက်ဆိုတာကို မေ့ထားကြပြီး ကိုဖြစ်ချင်လိုချင်တဲ့ အ တိုင်း တာကိုပဲ စဉ်းစားခဲ့ကြလို့ပါ..။ တစ်ခါတလေ နားလည်မှုလေးပေးပြီးခွင့် လွတ်တဲ့ အကြည့်နဲ့ ကြည့်မယ်ဆိုရင်ဖြင့် အရာအားလုံးဟာ လှပသေသပ် နေမှာပါပဲ....။ မှတ်မှတ်ရရ လူတွေအများစုကို ပိုချစ်တတ်လာတာ ကျွန်တော် အသက် (၂၀) ပြည့်ကစတာပါ...။ ကျွန်တော်ဆိုလိုတာက ကာမတဏှာ မပါတဲ့ မေတ္တာ စိတ်ကိုပြောတာပါ...။ လူတွေကိုအကောင်းမြင်ဘက်ကနေ ပိုချစ်တတ်လာလေလေ မိတ်ဆွေအပေါင်း သင်းတွေအတွက် ကိုယ်ဟာ အသုံးဝင်တဲ့ လူဖြစ်လာပါပြီ.... ကိုယ်နေထိုင်တဲ့ ပတ်ဝန်းကျင် ကို မေတ္တာဓာတ်နဲ့အလှဆင်နေသလိုပါပဲ... ဆေးရောင်စုံတွေနဲ့ အလှဆင်ထားသလို ကိုယ့်ရဲ့ အလေးထား ဂရုပြုတဲ့ စိတ်က အရာအားလုံးကိုချိုမြိန် လှပ စေလာနိုင်ပါတယ်...။ ကိုယ့်ကိုယ်ကိုကျေနပ်နိုင်တဲ့သူ ကိုယ့်ပတ်ဝန်းကျင်အတွက် လိုအပ်နေတဲ့သူဖြစ်လာမယ်လို့ ယုံကြည်ပါတယ်…။ ခုကျွန်တော့် ဒိုင်ယာရီလေးမှာ အများဆုံးရေးဖို့ ရည်ရွယ်ထားတာကတော့ လူတွေနဲ့ ပတ်သက်နေတဲ့ လူတွေ အကြောင်း နဲ့ ခံစားမှုစာစုလေးတွေပါ... သက်မဲ့ ရုပ်ဝတ္ထုတွေတိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ ကျွန်တော်အပါအ၀င် အားလုံးအမှီ ပြေးလိုက်နေရပါတယ်..။ တစ်နေ့တာလှုပ်ရှားမှုတွေက နေ အံဝင်ခွင် ကျမဖြစ်မှု ကို အခြေခံပြီး လူ့စိတ်တွေပြောင်းလဲတတ်ပါတယ်..။ ပြောင်းလဲ နေတဲ့ ကျွန်တော်တို့ စိတ်တွေအတွက် ထင်သလိုမြင်သလို အားဖြည့် အကြံပြုရင်း ကျွန်တော့် ဒိုင်ယာရီ ကျောက်ဆောင်လေး ကိုဖွင့် လှစ်လိုက်ရပါတယ်.........။

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

မာတိကာ

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ