လူငယ်မှလူငယ်သို့  

Posted by zawye





ခုခေတ်ကလေးတွေ စာမဖတ်ကြဘူးဆိုတဲ့ စကားကို ခဏခဏကြားနေရပါတယ်။
 ကျွန်တော်တို့ ငယ်ငယ်ကလည်း မိဘတော်တော်များများက စာဖတ်တာကို အားမပေးကြပါဘူး။
ကျောင်းစာတော့မဖတ်ပဲ တခြားစာတွေကိုဖတ် တယ်ဆိုပြီး တင်းတင်းကြပ်ကြပ် တားမြစ်ကြပါတယ်။
နောက်ပြီးဝတ္တုဖတ်လျှင် ငယ်ငယ်နဲ့ ရည်းစားထားမယ် အိမ်ထောင်ကျမယ်ဆိုတဲ့ အစွဲနဲ့စာဖတ်တာကို
ပိတ်ပင်တာအဆိုးဆုံးပါပဲ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ၀တ္တုစာအုပ်ကို ကောင်းကောင်းမမြင်ဖူး
တဲ့ သူငယ်ချင်းပေါ့ ဆယ်တန်း အောင်ပြီးတော့သူက ဆရာဖြစ်သင်တန်းသွားတက်ပြီး ကျောင်းဆရာမ
ဖြစ်သွားပါတယ်။ အဲလိုနဲ့ပဲ သူတာဝန်ကျတဲ့  ရွာက ဆယ်တန်းကျောင်းသားလေး တစ်ယောက်နဲ့
အိမ်ထောင်ကျသွားပါတယ်။ သူ့မိဘတွေက စာအုပ်ဖတ်ဖို့ ပိတ်ပင်ခဲ့သလို သူဟာ သူ့မိဘတွေတားမြစ်
ထားတဲ့ ၀တ္တုတွေကိုလည်းမဖတ်ခဲ့ပါဘူး။ ဒါပေမယ့် သူ စောစီးစွာ အိမ်ထောင်ကျခဲ့ပါတယ်။
စာအုပ်တွေမဖတ်ရင်လည်း စောစီးစွာအိမ်ထောင်ကျတတ်ပြီး စာအုပ်တွေကို ငယ်ကတည်းက
ဖတ်ခဲ့ပေ့မယ် သင့်တော်တဲ့အရွယ်ရောက်မှ အိမ်ထောင်ကျတဲ့သူတွေ ဒုနဲ့ဒေးဖြစ်ပါတယ်။
 ဒါကြောင့် စာဖတ်ခြင်းဟာ အိမ်ထောင်ရေးနဲ့ တိုက်ရိုက်အချိုးမကြပါဘူး လို့ကျွန်တော်ကတော့
ထင်မြင်ယူဆမိပါတယ်။


ကျွန်တော် ဆိုလိုချင်တာက စာပေဆိုတာ ကိုယ့်ဘက်က ယူတတ်ရင် ကိုယ့်အတွက် အကျိုးဖြစ်စေတဲ့
 အရာပါ။  လူကြီးမိဘတွေက စာဖတ်ခြင်းကို မပိတ်ပင်သင့်သလို အခြားသောဝါသနာထက်သန်ရာ
 အနုပညာ ကိစ္စများမှာလည်း မြေတောင်မြှောက်ပေးသင့်ပါတယ်။ အဆိပ်အတောက်စာပေလို့ထင်ရ
တာမျိုးကို မဖတ်စေပဲ မိဘကိုယ်တိုင်က သင့်တော်မဲ့စာပေမျိုးကိုရွေးချယ်ပြီး ဖတ်ခိုင်းတာမျိုးလုပ်သင့်
ပါတယ်။ ကျွန်တော်တို့ လူငယ်တွေကိုယ်တိုင်ကလည်း စာများများဖတ်ဖို့လိုအပ်ပါတယ်။ ဒီခေတ်မှာ
စာပေဟောပြောပွဲဆိုတာကိုမသိတဲ့ လူတွေလည်းဒုနဲ့ဒေးပါ။ တီဗွီဂိမ်းတွေ နည်းပညာတွေက
ကျွန်တော်တို့ရဲ့ စာနာထောက်ထားမှုတွေ ကိုယ်ချင်းစာစိတ်တွေကို မွေးဖွားပေးနိုင်ခြင်းမရှိပါဘူး။
ကျွန်တော်တို့ရဲ့ဘ၀အနေအထား အတွေးအခေါ်တွေကို ပြောင်းလဲအောင် လုပ်ပေးနိုင်တာက ရသစာပေ၊
 သုတစာပေ စတဲ့စာအုပ်တွေပါ။ စာတစ်အုပ်မဟုတ်ပါဘူး စာကြောင်းလေးတစ်ကြောင်းကြောင့်လည်း
လူ့ဘ၀တစ်ခုလုံးကို ပြောင်းလဲစေနိုင်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ပါ ကိုယ့်ကိုယ်ကို သတ်သေချင်
လောက်အောင် စိတ်ညစ်ခဲ့ဖူးတာတွေ ရှိသလို မျှော်လင့်ချက်ကင်းမဲ့အောင် အားလျှော့စိတ်ပျက်ခဲ့တဲ့
အခြေအနေတွေကို ကျွန်တော် ကြုံတွေ့ခဲ့ဖူးပါတယ်။ အဲဒီလိုသွေးဆုတ်ဖြူရော်သွားအောင် စိတ်ဓါတ်
ကျတတ်တဲ့ ကျွန်တော့်ကို စာအုပ်ကောင်းတွေက ကုစားပေးခဲ့ကြတယ်။
ဆင်ခြင်တုံတရားနဲ့ ထက်မြက်တဲ့ အတွေးအခေါ်ဟာ မိန်းကလေးတစ်ယောက်ရဲ့ ဘ၀တန်ဘိုးနဲ့
လက်နက်ပဲတ
ဲ့ - အဲဒီအတွေးအခေါ်တွေ လက်နက်တွေကို ကျွန်တော်တို့ ဘယ်ကနေရမလဲ။ မြောက်များ

လှစွာသော စာအုပ်တွေထဲက နေပဲရနိုင်ပါတယ်။ ခုခေတ်ကောင်မလေး အတော်များများဟာ
အနောက်တိုင်းယဉ်ကျေးမှုကို အတုယူအားကျပြီး  အတုယူမှားစရိုက်မှားတွေနဲ့ နေထိုင်နေကြပါတယ်။
တခြားနိုင်ငံရဲ့ ယဉ်ကျေးမှုကို အတုခိုးမယ်ဆိုရင်လည်း သေချာလေ့လာသင့်တယ်လို့ထင်ပါတယ်။
သူတို့နိုင်ငံတွေမှာ ညဘက် ဒင်နာသွားတဲ့ဝတ်စုံကို နေ့ခင်းဘက် ကျောင်းတက်ရာမှာ ၀တ်ဆင်လေ့ရှိ
လား ဆိုတာမျိုးကိုတောင်မှ သေချာမသိပဲနဲ့ ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲကလို မင်းသမီးလေးဝတ်ထား
တော့ လှလိုက်တာ ဆိုပြီး လိုက်ဝတ်တာမျိုး ကိုယ်သွားရမဲ့နေရာ အချိန်အခါနဲ့ ကိုယ့်နိုင်ငံရဲ့ ရာသီဥတုနဲ့
လိုက်ဖက်ခြင်းမရှိတဲ့ ၀တ်စား ဆင်ယင်မှုမျိုးတွေကို ၀တ်ဆင်နေကြတာ တွေ့ရပါတယ်။ မိကောင်း
ဖခင်သားသမီး ပညာတတ်တွေပါလို့ သူတို့တွေ ပြောကြဆိုကြပါလိမ့်မယ်။  မိဘအရှိန်အ၀ါနဲ့
ငါကဘယ်သူ့သားသမီးပဲဆိုပြီး မိဘမျက်နှာမထောက်ထားပဲ  နေချင် သလိုနေတတ်တဲ့အကျင့်က
 ကိုယ့်မိဘရဲ့ဂုဏ်သရေကိုလည်း ညှိုးနွမ်းစေပါတယ်။ ကျွန်တော်ကတော့ ကိုယ့်အဖိုး ဘယ်သူဆိုတာ
ထက် ကိုယ်ဘယ်လိုလူမျိုးလဲဆိုတာ ကိုယ့်အဖိုး သိအောင်လုပ်ပြနိုင်မှ တကယ့်လူတော်ပဲလို့ထင်ပါတယ်။
 ဆရာကြီး ဦးတက်တိုးရဲ့ မောင်တို့မယ်တို့တိုးတက်စေဖို့ ဆိုတဲ့စာအုပ်မှာ ရေးထားတာကို ကျွန်တော်ဖတ်ခ
ဲ့ဖူးတာလေးပါ။ သူဌေးသားဟာ သူဌေးမဟုတ်ဖူး  ပညာရှင် ပညာရှိတို့ရဲ့သားဟာ ပညာရှိမဟုတ်ဖူး။
 မိဘများက ဂုဏ်သတ္တိရှိတာ မင်းဂုဏ်ယူဖို့မဟုတ်ဖူး။ မင်းမှာ မင်းပိုင်ဆိုင်တဲ့ဂုဏ်သတ္တိရှိမှ မင်းဟာ
အဖိုးတန်တဲ့လူဖြစ်မှာပေါ့။တကယ့်ကို ထိမိတဲ့ဆုံးမ စကားလေးဖြစ်သလို ကျွန်တော်တို့လို ကိုယ်ဒူးကိုယ်ချွန
် ရုန်းကန်ရသူတွေ အတွက်လည်း စိတ်ခွန်အားဖြစ်စေတဲ့စာ ဖြစ်ပါတယ်။


ပညာတတ်တွေ ပါဆိုတိုင်း ပညာရှိမဟုတ်တာကိုလည်း သတိပြုရပါမယ်။ အတန်းပညာမှာ မဟာတွေ၊
ဒေါက်တာဘွဲ့တွေ မိုးပျံအောင် ရနေပါစေ ကိုယ့်စောင့်ထိန်းဆင်ခြင်ရမဲ့ ကိုယ်ကျင့်တရားကိုတောင်
မစောင့်ထိန်းနိုင်သူဟာ ပညာတတ်ပေမဲ့ ပညာရှိမဟုတ်ပါဘူး။
ပညာတတ်ဆိုတာကြီးကို ကျောင်းသင်ခန်းစာတွေက မွေးဖွားပေးတယ်။ ဒါပေမဲ့ ပညာရှိဆိုတာ ကိုတော့ စာအုပ်စာပေတွေကသာ မွေးဖွားပေးနိုင်တာပါ။ တချို့ကပညာမတတ်ပေမဲ့  ပညာရှိပါတယ်။ ပညာတတ်ပေမဲ့  ပညာမရှိတဲ့လူတွေက မိုက်မဲတဲ့လုပ်ရပ်တွေကို လုပ်ကိုင်တတ်သလို ပညာလည်းမတတ်ပညာလည်းမရှိတဲ့ လူတွေက ပိုပြီးမိုက်မဲတဲ့ အလုပ်ကိုလုပ်ကိုင် တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းစဉ်လာ ရိုးရာယဉ်ကျေးမှု ဆိုတာတွေကို ထိန်းသိမ်းဖို့ရာ ကျွန်တော်တို့လူငယ်တွေရဲ့ ဦးနှောက်စွမ်းရည် စိတ်စွမ်းရည် မြင့်မားနေဖို့လိုပါတယ်။ အဲလိုစိတ်သဘောထားမြင့်မြတ်ဖို့ရာ ဦးနှောက်စွမ်းရည်မြင့်မားဖို့ရာ စာအုပ်များများဖတ်ဖို့ပါပဲ။ စာအုပ်တစ်အုပ်ဖတ်လိုက်တာနဲ့  ရုတ်တရက် ချမ်းသာသွားတာမျိုးတော့ မဖြစ်နိုင်ပေမဲ့ စာဖတ်နာလာတာနဲ့အမျှ အရာရာကိုစဉ်းစားဆင်ခြင်ဥာဏ်နဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်စွမ်းတွေကို ရရှိမှာ ဖြစ်ပါတယ်။



ဂျွန်ဟော့ပကင်းတက္ကသိုလ်ရဲ့ ပါမောက္ခ စတိဗင်မူလာက �ဒီနေ့ခေတ် တက္ကသိုလ်တွေဟာ ပညာတတ်လ
ူကြမ်းကြီး  တွေကို မွေးထုတ်နေကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေအတွက် တကယ်လိုအပ်
နေတဲ့ စာရိတ္တ ပညာရေးနဲ့ တန်ဘိုးထားတတ်မှုတွေကို သင်ကြားလေ့ကျင့်ပေးဖို့ သူတို့သင်ရိုးညွှန်းတမ်းမှာ
မပါလို့ပါပဲလို့
�ပြောကြားခဲ့ဖူးပါတယ်။ သင်ရိုးညွှန်းတမ်းမှာမပါတဲ့  စာရိတ္တပညာရေးကို ကျွန်တော်တို့ စာအုပ်စာပေတွေကနေ ရယူကြ ဖို့လိုအပ်ပါတယ်။ နည်းပညာတိုးတက်မှုတွေ မြင့်မားလာသလောက် စိတ်ယဉ်ကျေးမှု နိမ့်ပါးလာတဲ့ လူငယ်တွေကြားမှာ စာအုပ်ဖတ်ခြင်းကို အားဆေးသောက်သလို သောက်သုံးဖို့လိုအပ်နေပါပြီ။ စာလေးတစ်ကြောင်းနံရံမှာကပ်ထားရုံနဲ့ ဆောင်ပုဒ်လေးတစ်ခုကို မှတ်စုစာအုပ်မှာ ရေးထားရုံနဲ့ အောင်မြင်မှုကိုရနိုင်လို့လားလို့ တွေးထင်ကြ

မှာပါ။ ဒါပေမဲ့ စကားလုံးတိုင်းမှာ ခွန်အားတွေပါရှိပါတယ်။ ဖရန်ဆစစ်ခ်ဗေးကွန်း ကလည်း  reading make a full man.စာဖတ်ခြင်းဟာ ပြည့်ဝတဲ့လူတစ်ယောက်ဖြစ်စေတယ် လို့ ပြောထားပါတယ်။



ကျွန်တော်ဖတ်ဖူးသမျှထဲမှာ သဘောကျတဲ့စာပိုဒ်လေးတစ်ပိုဒ်ရှိပါတယ်။ အဲဒါကတော့ Everybody wants to save the earth; nobody wants to help Mum to help with dishes လူတိုင်းဟာ ကမ္ဘာကြီးကို တယ်တင်ချင်ကြတယ်။ ဒါပေမယ့် အမေပန်းကန်ဆေးနေတာကိုတော့ ၀ိုင်းကူဖို့မစဉ်းစားဘူးတဲ့ ဆိုလိုတာက ကျွန်တော်တို့ တွေဟာ ကြီးကြီးကျယ်ကျယ် တွေလျှောက်လုပ်နေကြပေမဲ့ တကယ်တမ်းမှာ လုပ်သင့်တာတွေကိုမေ့လျှော့နေတတ်တာမျိုးတွေ အများကြီးရှိပါတယ်။ ကမ္ဘာမြေကြီးကို ကယ်တင်ဖို့ထက်မိမိကိုယ်ကိုယ်တင်နိုင်တဲ့သူ မိမိပတ်ဝန်းကျင်ကို မိမိနိုင်ငံကို ကယ်တင်နိုင်တဲ့သူ ဖြစ်အောင် အရင်ဆုံး ကြိုးစားသင့်တယ် ဆိုတဲ့အတွေးလေးကို အဲဒီစာပိုဒ်လေးက ပေးသွားခဲ့ပါတယ်။ တွေးခေါ်တတ်တဲ့  စဉ်းစားဆင်ခြင်တတ်တဲ့ လူပီသတဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ ကျွန်တော်တို့လူငယ်တွေ စားများများဖတ်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။


ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်လို့ရ၏မရတော့ကျွန်တော် သေချာမသိပါ။
 ဒါပေမဲ့စာဖတ်ခြင်းဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သောလူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကိုတည်ဆောက်နိုင် သည်ဟု ကျွန်တော် ရဲရဲဝံ့ဝံ ဆိုရဲပါသည်။


ရေးသားသူ
ယောဖြူ
(Myanmar Daily News Journal မှကူးယူဖော်ပြပါသည်.. ညီငယ်၁ယောက် ကျေးဇူးကြောင့်ဖတ်ရှုရခြင်းဖြစ်ပါကြောင်း :D )

စိုးရိမ်သောကဖြစ်ခြင်း (ANXIETY)  

Posted by zawye

(ထွန်းဖောင်ဒေးရှင်း ဘဏ်စာပေကော်မတီက ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသောမောင်ဆုရှင် မြန်မာပြန်ဆိုသည့်အိမ်တွင်းသမားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။)

စိုးရိမ်သောကဖြစ်ခြင်း (ANXIETY)

စိုးရိမ်သောကဖြစ်ခြင်းသည်ဘ၀ဧ။်စိန်ခေါ်မှုများကိုသဘာဝကျကျတုံ့ပြန်မှုတစ်မျိုးဖြစ်သည်။စိုးရိမ်ကြောင့်ကြ အနည်းငယ် ဖြစ်ခြင်းသည်ကောင်းဧ။် ။ထိုစိတ်ဖြင့်မိမိကိုယ်ကိုယ်အားပေးရာရောက်နိုင်သည်။ သို့ရာတွင် စိုးရိမ်သောက ကြီးလွန်းလျှင်ကားထိန်းမနိုင်၊ သိမ်းမရအထိဖြစ်နိုင်သည်။ ဘာရယ်မဟုတ်ဘဲဖြစ်နေခြင်း၊ အကြောက်လွန်ခြင်း၊ နောက်ဆက်တွဲ စိတ်ဖိစီးမှုဖြစ်ခြင်းနှင့် နေမထိထိုင်မထိ စိတ်မပူပန်ဘဲ မနေနိုင် ဖြစ်ရခြင်းတို့ကိုကြုံရသည်။ ပူပန်မှုလက္ခဏာများကြုံရပါက ဆရာဝန်များနှင့်ပြသရန်လိုအပ်ပြီးဆေးဝါးမှီဝဲရန် လည်းလိုအပ်ချက်ရှိနိုင်သည်။

စိုးရိမ်ကြောင့်ကြမှုနှင့်စိုးရိမ်ပူပန်သောကတို့အကြားနှစ်ဖက်စွန်းဧ။်အလယ်၌စိတ်အနေအားဖြင့်ကြုံဆုံရ သူတို့မှာ သန်းပေါင်းများစွာရှိကြသည်။ စိုးရိမ်မှုများသူရှိသလိုတကယ်တမ်းရောဂါမဖြစ်သေးသူတို့ရှိကြသည်။အမြဲတမ်း ပူပန်ကြောင့်ကြ ဖြစ်နေရတတ်သူတို့မှာ နေ့စဉ်ကိစ္စများ ၌ဟန်မပျက် ကျင်လည်နိုင်သော်လည်း သူတို့ဧ။် စိတ်အနေနှင့် ရုပ်ပိုင်းအနေအထားကို စိုးရိမ် မှုက တတိတိတိုက်စားပစ်ခြင်းကိုခံရလျှက်ရှိသည်။ ထိုကဲ့သို့ လွန်ကဲသော စိတ်အနေရှိသော အခါ စိတ်ကျရောဂါ၊ နှလုံးရောဂါ၊နှင့်အခြားကျန်းမာရေးပြဿနာများဖြစ်ဖို့ နီးစပ်လာလေသည်။အောက်ပါတို့မှာစိုးရိမ်ကြောင့်ကြလွန်ကဲသူများ အတွက်ကိုင်တွယ်ဖြေဖျောက်နိုင်ရန် နည်းလမ်းများဖြစ်သည်-
  • ထွက်သက်၊၀င်သက်လေကိုပုံမှန်ဖြစ်အောင်ရှူခြင်းသည် စိုးရိမ်သောကတိုက်ဖျက်ရေးအတွက် အထိရောက်ဆုံးနည်းဖြစ်သည်။သောကပြေပျောက်ရန်နှာခေါင်းမှလေးစက္ကန့်မျှအသက်ရှူပြီး ခုနှစ်စက္ကန့်မျှအသက်အောင့်ထားပါ။ ထို့နောက်ပါးစပ်မှ ရှစ်စက္ကန့်ကြာအောင် လေကိုရှူထုတ်ပါ။ ထိုနည်းဖြင့် နေ့စဉ်တစ်မိနစ်မျှကြာအောင် ထွက်လေ၊ ၀င်လေကိုမကြာခဏလေ့ကျင့်ပါ။
  • ٭တစ်ကိုယ်ထီးတည်းနေခြင်းသည် စိုးရိမ်ပူပန်စရာဖြစ်ဧ။်။ စားသောက်ဆိုင်၊ ကုန်ပဒေသာဆိုင်၊ စာကြည့်တိုက်သို့သွားပြီးတွေ့ရာတစ်ဦးဦးနှင့်စကားဖောင်ဖွဲ့ပါ။ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ ဆွေမျိုးသားချင်းနှင့်ဖြစ်စေ၊ ဆက်သွယ်စကားပြောပါ။ လူသူနှင့် အဆက်ဆံရှိလျှင် စိုးရိမ်ပူပန်စိတ်လျော့သွားနိုင်သည်။
  • ٭ နေ့စဉ်အားဖြင့် သုံးလေးကြိမ်မျှစိတ်တည်ငြိမ်မှု တည်ဆောက်သော အားထုတ်မှု တစ်မျိုးမျိုးပြုလုပ်ပါ။စိတ်ထဲကဂါထာမန္တာန်ဖြစ်ဖြစ်အာရုံပြုရင်ပြု၊စိတ်ကိုဟင်းလင်း ထားချင်ထား၊ကိုယ့်စိတ်ကြိုက်အဆင်ပြေတာကိုလုပ်ပါ။
  • ٭လောလောဆယ်ဖြစ်နေသော ကိစ္စကိုအာရုံထားပါ၊ ပြီးခဲ့တာ၊ ရှေ့ဖြစ်မယ့်ဟာများကိုမတွေးပါနှင့်။ တစ်နေ့တာ အချိန်ရရ၊ တစ်နာရီအချိန်ရရ၊ တစ်မိနစ်ပဲအချိန်ရရ ဤအတိုင်းစိတ်မှာ အာရုံထားပါ။
  • ٭ပြဿနာတစ်ရပ်ရပ်ကို လက်တွေ့ဖြေရှင်းနိုင်ရန် စီမံချက်တစ်ရပ်ချပါ။ ငွေစုဘဏ်စာရင်းစ၍ဖွင့်လျှင်ဖွင့်၊အလုပ်ကိစ္စကိုဆွေးနွေးသုံးသပ်လိုကသုံးသပ်၊လက်တွေ့ချ၍ လုပ်ကိုင်လုပ်ကိုင်၊စိုးရိမ်ဖွယ်ကိစ္စ တို့ကိုလျော့ပါးသွားစေမည်။
  • အကြောင်းမဲ့စိုးရိမ်ခြင်းသည် အခြေအနေအမှန်ကိုမသိသောကြောင့် ဖြစ်ရသည်များလည်းရှိသည်။ ကိုယ့်ကိုနှုတ်မဆက်ဘဲမသိကျိုးကျွန်ပြုသွားသည်ကို ကြုံလိုက်ရလျှင် ငါ့ကိုဂရုမစိုက်ဘဲနေသည်ဟု စိတ်မကောင်းမဖြစ်သင့်။
  • ٭အာရုံထွေပြားမှုဖြစ်စရာ အကြောင်းများကို ရှောင်ဖို့လိုသည်။ ကိုယ့်ကိုအပြိုင်အဆိုင် စိတ်ရှုပ်အောင်ပြုလုပ်နေသာသူများနှင့်ကိစ္စများကိုမေ့ထားပြီး ဝေးဝေးသို့ ရောက်အောင်သွား၊ ဝေးဝေးလေးနေပေးပါ။ ရက်အနည်းငယ်မျှ သတင်းစကားတို့နှင့်ဝေးဝေးနေပါ။ ကိုယ်ရေးကိုယ်တာ စိုးရိမ်ကြောင့်ကြဖွယ်များ လျော့သွားမည်။
  •  ٭မိမိကိုယ်တိုင်မေးကြည့်ပါ။ "အဆိုးဆုံးဘာဖြစ်နိုင်မည်လဲ" "အဲ့ဒီအဖြစ်ကဘယ်လောက်ဆိုးမှာလဲ" "အဆိုးဆုံးဖြစ်ဖို့အကြောင်းတွေဘယ်လိုရှိသလဲ" ဟူ၍ဖြစ်သည်။ ထင်သောအခြေအနေမှာ တကယ်ဖြစ်လာသောအခါ ဤသို့မဆိုးတတ်၊ ထိုမျှမက တကယ်တမ်းဖြစ်ချင်မှလည်းဖြစ်လိမ့်မည်။ နောက်ပိုင်း၌ "ငါဘာဖြစ်လို့ ဒီလိုစိုးရိမ်မိတာပါလိမ့်" ဟူ၍ပင်တွေးမိတတ်သည်။
  • ٭ကိုယ့်မှာ စိုးရိမ်ကြောင့်ကြဖြစ်ရမှုများကို ဒိုင်ယာရီရေးသလိုရေးမှတ်ပါ။ သို့မဟုတ် စာရွက်ပေါ်တွင် ချ၍ရေးထားပါ။ ထိုသို့ချ၍ရေးကြည့်လိုက်လျှင် စိုးရိမ်မကင်းမှုလျော့သွားပြီး စိတ်အေးသွားစရာ အကြောင်းရှိသည်။
  • ٭"ညအိပ်ချိန်တွင်အားလုံးကိုဖြေလျှော့ပြီး သက်သက်သာသာအနားယူဖို့ ပြင်ဆင်ပါ" အိပ်ရာမ၀င်မီမိနစ် ၃၀၊ ၅၀ မျှတိတ်တိတ်ဆိတ်ဆိတ်ဖြင့် အေးအေးလူလူလုပ်ရသော အလုပ်တစ်မျိုးမျိုးကိုလုပ်သင့်သည်။ ဥပမာ- ၀တ္ထုတစ်အုပ်ဖတ်ခြင်း၊ တီဗီဇာတ်မြူးတစ်ခုကို ကြည့်ခြင်းကဲ့သို့ အလုပ်မျိုးဖြစ်သည်။ အိမ်တွင်းမှု သိမ်းဆည်းရေးကဲ့သို့ အလုပ်မျိုးကား မဖြစ်သင့်။
  • ٭ကိုယ့်မှာဖြစ်တတ်သော စိုးရိမ်မှုများကို အခြားအမြင် တစ်မျိုးဖြင့် မြင်ကြည့်ပါ။ "ဒီလိုဖြစ်တာ ဘယ်လောက်ရယ်စရာကောင်းသွားလဲ"၊ "ဒီလိုကြောင့်ကြမှုမျိုးကို နောင်နှစ်နှစ်လောက်ကြာလို့ ကိုယ့်ဘာသာပြန်တွေးမိရင် ရယ်မောစရာဖြစ်တော့မှာပဲ" ဟူသော အတွေးမျိုးကိုတွေးကြည့်ဖို့ဖြစ်သည်။ ကြည်သာရွင်ပျ၊ ရယ်မောတတ်ခြင်းသည် စိုးရိမ်ဖွယ်အကြောင်းကိစ္စကို ချက်ချင်းသက်သာစေသည်။
  • ٭စိုးရိမ်စရာ ကို တစ်ယောက်တည်းမခံစားပါနှင့်။ ပြောရင်းဖြင့်ပြဿနာဧ။် အဖြေများရလာတတ်ပြီး ကိုယ့်ပြဿနာမှာ ထင်သလောက်မကြီးလှသည်ကို သဘောပေါက်ရလိမ့်မည်။

(၂၀၁၁ခုနှစ်၊ မေလ (၂၂)ရက်နေ့ ထုတ်ကြေးမုံသတင်းစာ အခန်းဆက်ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ )


စိုးရိမ်သောကဖြစ်ခြင်းသည်ဘ၀ဧ။်စိန်ခေါ်မှုများကိုသဘာဝကျကျတုံ့ပြန်မှုတစ်မျိုးဖြစ်သည်။စိုးရိမ်ကြောင့်ကြမှုနှင့် စိုးရိမ်ပူပန်သောကတို့အကြား နှစ်ဖက်စွန်းဧ။် အလယ်၌ စိတ်အနေအားဖြင့် ကြုံရ ဆုံရသူတို့မှာ သန်းပေါင်းများစွာ ရှိကြသည်။ စိုးရိမ်မှုများ သူရှိသလို တကယ်တမ်း ရောဂါမဖြစ်သေးသူတို့ရှိကြသည်။ အမြဲတန်းပူပန်ကြောင့်ကြ ဖြစ်နေရတတ်သူတို့မှာ နေစဉ်ကိစ္စများ၌ ဟန်မပျက် ကျင်လည်နိုင်သော်
လည်းသူတို့ဧ။်စိတ်အနေနှင့် ရုပ်ပိုင်းအနေအထားကိုစိုးရိမ်မှုကတစ်တိတိတိုက်စားပစ်ခြင်းကိုခံရလျက် ရှိသည်။ ထိုကဲ့သို့ လွန်ကဲသောစိတ်အနေရှိသောအခါ စိတ်ကျရောဂါ၊ နှလုံးရောဂါ နှင့် အခြားကျန်းမာရေး ပြဿနာများဖြစ်ဖို့ နီးစပ်လာလေသည်။ အောက်ပါတို့မှာ စိုးရိမ်ကြောင့်ကြ လွန်ကဲတတ်သူများအတွက် ကိုင်တွယ်ဖြေဖျောက်နိုင်ရန် နည်းလမ်းများဖြစ်သည်....

  • စွဲစွဲလမ်းလမ်း စိုးရိမ်တတ်သူတို့မှာ ရှိပါစေ၊ နေပါစေဟူ၍ မေ့ပျောက်ထား၍ မရကြ။ သူ့အလိုလို ရှင်းချင်မှ ရှင်းသွားပေရော့ဟုဆက်၍သာ စိုးရိမ်နေတော့သည်။ ထိုသို့ကားမဖြစ်နိုင်။ ထို့ကြောင့်အလေ့အထပြု၍ ရှိပါစေ၊နေပါစေဟုအတွေးဖြတ်လျက်လေ့ကျင့်ပေးဖို့ဖြစ်သည်။သို့သော်ကိုယ့်နည်းနှင့်ကိုယ်အဆင်ပြေသော နည်းကို လည်းပြုလုပ်လေ့ကျင့်နိုင်သည်။
  • မိမိကိုယ်ကိုယ် "အထိမခံ ရွေပန်းကန်" လိုသဘောမထားပါနှင့်။ ဤသို့ထင်မိလျှင် ထင်သလိုဖြစ်ကာ လူပျော့ဖြစ်သွားလိမ့်မည်။ ထို့ကြောင့်စိုးရိမ်တတ်ခြင်း ကိုအားနည်းချက်အဖြစ် လက်မခံဘဲ အားမွေးစရာ အကြောင်းအဖြစ်အသုံးဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် ဟောပြောစရာအကြောင်းတစ်ခုရှိသည် ဆိုပါစို့။ ထိုကိစ္စကို ရင်ခုန်ဒူးတုန်စရာ မဟုတ်ဘဲ စိတ်ပါလက်ပါ ဆောင်ရွက်ရန်ရှိမှုဟု သဘောထားလိုက်ပါ။
  • လူတစ်ဦး အဖို့ တစ်ခါတစ်ရံတွင် လုပ်ဆောင်ရန် ကိစ္စအမျိုးမျိုးကို တစ်ပြိုင်တည်း ကြုံရသောအခါ ၌စိုးရိမ်ကြောင့်ကြမှု ပေါ်တတ်သည်။ထိုအခါမျိုး၌ ကိစ္စများမြောင်လှသည်ဟု အပျက်သဘောမမြင်ဘဲ ဘ၀မှာ တက်ကြွစွာ လုပ်စရာတွေ၊ စိန်ခေါ်ချက်တွေ ရင်ဆိုင်ဖို့ အပြည့်ရှိနေသည်ဟုသဘောထားရန်လိုသည်။
  • ဘီယာ၊၀ိုင်နှင့်အခြားအရက်သေစာတို့သည်စိုးရိမ်မှုကိုတိုးပွားစေနိုင်ဧ။်။ အရက်သောက်ခါစမှာစိုးရိမ်ပျောက် စေသော်လည်း အရက်သောက်ပြီးသည့်နောက်တစ်နေ့တွင် ပို၍အစိုးရိမ်ကြီးကြောင်းတွေ့ရသည်။ ထို့ကြောင့်အရက်သေစာရှောင်ဖို့ဖြစ်သည်။

(၂၀၁၁ခုနှစ်၊ မေလ (၂၃)ရက်နေ့ ထုတ်ကြေးမုံသတင်းစာ အခန်းဆက်ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ )

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ