ရိုးရှင်းသောဘ၀ နှင့် ဘ၀တစ်ခုလုံးဧ။်အောင်မြင်မှု  

Posted by zawye




               ဇွန်လ (၁၃) ရက်နေ့က ညီငယ်တစ်ယောက်မေးခဲ့ တဲ့မေးခွန်းဖြစ်ပါတယ်။ ရိုးရှင်းသောဘ၀ဆို တာဘာလဲ ? ဘ၀တစ်ခုလုံးရဲ့အောင်မြင်မှုဆိုတာဘာလဲ ?ကျွန်တော်ချက်ချင်းပြန်မဖြေနိုင်ခဲ့ ပါဘူး။ ယခုကျွန် တော်ဖြတ်သန်းခဲ့တဲ့ (၂၆)နှစ် ဆိုတဲ့ကာလအပိုင်း အခြားတစ်ခုမှာ ပြန်သုံးသပ်ကြည့်မိတယ်။ အဲ့ဒီမေးခွန်းကို ကျွန်တော်ဖြေနိုင် ပြီလား ဆိုတာကိုပါ…. သေချာတာကတော့ ကျွန်တော်မဖြေနိုင်
သေးပါဘူး။ ဘာဖြစ်လို့ဆို ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျောက်လုံးမှာ ကျွန်တော်ကိုယ်တိုင်လဲ ဘယ်တော့မှအပြစ်ကင်းကင်း လိပ်ပြာသန့်သန့် မရိုးရှင်းခဲ့သေးဘူးထင်ပါတယ်။ ဘ၀တစ် ခုလုံး ရဲ့ အောင်မြင်မှုတဲ့… ဒါလဲထို့နည်း တူပါပဲ …တကယ်ပဲမအောင်မြင်ခဲ့သေးပါဘူး။ ဘယ်လိုဟာ ကိုအောင်မြင်မှုလို့ ခေါ်မလဲ… ဘယ်ပေတံ ဘယ်စံ ညွှန်းတွေနဲ့ တိုင်းတာနိုင်မလဲဆိုတာ ကို ရှင်းလင်း စွာမသိသေးခဲ့ပါဘူး…။
       ကျွန်တော့်ကိုယ်ကျွန်တော် မကြာခဏဆန်းစစ်မိပါတယ်…ရိုးရှင်းသောဘ၀ ဆိုတာထက် ရိုးရှင်းသော အခိုက်အတန့် ဆိုတာလောက်ကိုပဲ ရရှိခဲ့ပြီလား… ရရှိနေပြီလားဆိုတာပါ… ကိုယ့်ကိုယ်ကို သေချာမေးလေ …. ကိုယ့်ကိုယ်ကို လိမ်ညာချင်လေပါပဲ… ရသင့်သလောက်တော့ရခဲ့ပြီထင်ပါတယ်… စသဖြင့်ပါ။ ကျွန်တော်တို့စိတ် ဓာတ်တွေများ ကြောက်စရာကောင်းလိုက်ပါဘိ။ မိမိကိုယ်မိမိမကြာခဏ လိမ်လည်ချင်နေ သည်။ သူတပါးကို ဆိုရင်ပို၍ပင်လိမ်ညာနေပေလိမ့်ဦးမည်။ ဘယ်မှာရိုှးရှင်းနိုင်ပါတော့မည်နည်း။

           ဘ၀ရဲ့အောင်မြင်မှုဆိုတာကလဲ ၀န်တိုမှု၊ ငြူစူမှု၊ ရန်စောင်တိုက်မှု တို့ကိုကျော်လွှားနိုင်ခြင်းပဲလား။
ယှဉ်ပြိုင်မှု၊ သဘောထားကြီးမှု ဆိုတာတွေပဲ လား။ သေချာစွားဆန်းဆစ်ဖို့လိုပေမည်ဖြစ်သည်။
ကျွန်တော်ကြားခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပါတယ်… လောကကြီးမှာ ရိုးရိုးနဲ့ရဲရဲဆိုတာ
 ဆက်စပ်နေတယ်တဲ့…. လောကကြီးမှာ ရိုးရိုးသားသားနေရင် ရဲရဲတင်းတင်းရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။
 ဒီနေရာမှာပဲ ညီငယ်မေးတဲ့ဒုတိယ မေးခွန်းတစ်ခု ကိုကျွန်တော်ကောက်ချက်ချနိုင်လိုက်ပါတယ်…
ဘ၀တစ်ခုလုံးအောင်မြင်ဖို့ ရိုးရိုးသားသားနေထိုင်ရမယ်ဆိုတဲ့ အဖြေတစ်ခုပါ… ဒါဆိုရင် ရိုးရိုးသားသား (ရိုးရှင်းမှု) ဆိုတာကဘာလဲဆိုတာ ကို ဆက်စပ်တွေးတောစဉ်းစားမိပါတယ်…. တောပုံစံနဲ့ ခေတ်ဟောင်း ဟောင်း အ၀တ်အစားတွေကိုဝတ်မှ၊ ရိုးတယ်လို့ခေါ်တာမဟုတ်ပါဘူး။ ရိုးသားမှု….ရိုးရှင်းမှုဆိုတာဟာ လောကကြီးက သတ်မှတ်ထားတဲ့၊ သဘာဝတ၇ားကြီးကသတ်မှတ်ထားတဲ့လူ့စည်းကမ်း၊ ဘ၀စည်းကမ်းဘောင်တွင်းမှာ အပြစ်ကင်းစွာနေထိုင်နိုင်ခြင်းပဲ လို့ကျွန်တော့်အနေနဲ့ယူဆမိပါတယ်။ စည်းကမ်းဆိုတာ သီလ၊ကျင့်ဝတ်၊ စောင့်ထိန်းလိုက်နာခြင်း၊ စာနာထောက်ထားခြင်း၊ အချင်းချင်းလေးစားနားလည်မှုရှိခြင်းတွေပဲဖြစ်ပါတယ်။ ဒါတွေကို လိုက်နာစောင့်ထိန်းခြင်းကပဲ လုံခြုံမှုရှိစေပါတယ်။ဆရာတော်ဦးဇောတိကဟောခဲ့သလို စည်းကမ်းရှိတဲ့စိတ်ဟာ သိပ်ကိုလွတ်လပ်ပါတယ်။ လွတ်လပ်စွာ နေထိုင်လုပ်ကိုင်နိုင်လေ ရိုးရှင်းလေပါပဲ။ ရိုးရှင်းလေ၊ ရိုးသားလေ ရဲတင်းမှုရှိလေဆိုရင် အောင်မြင်မှုဆိုတာကိုရောက်ရှိလေပါပဲ။ ဒီနေရာအရောက်မှာပဲ ညီငယ်မေးတဲ့ မေးခွန်းအဖြေကို ရောက်ရှိနိုင်ခဲ့ပါပြီ။သို့သော် ရိုးသားစွာဝန်ခံရပါလျှင် ကျွန်တော်မရိုးရှင်းနိုင်သေးပါ။ ထို့ကြောင့် အောင်မြင်သော ကျွန်တော်မဖြစ်နိုင်သေးပါ။
    ဒီနေရာမှာ ကို(Moe Tout) ရဲ့ အတွေးအခေါ်လေးတစ်ရပ်ကို ကျွန်တော်ချရေးကြည့်မိပါတယ်။
လူမှုသိပ္ပံပညာရှင်တွေ ပြောဖူးတယ်.. လူတယောက်ရဲ့ ဘ၀ဖြစ်စဉ်တခုမှာ အဆင့် ၃ ဆင့်ရှိတယ်..ပထမ အဆင့်က ရှင်သန်ရေး (Survival) အဆင့်.. ကျန်တာတွေဘေးချိပ်ပြီး ကိုယ့်ဘ၀လေး အသက်ရှုချောင်ဖို့အ တွက် အရင် ကြိုးစားရတယ်.. ဒုတိယအဆင့်က ကိုယ်ပိုင်အဆင့်ပြဋ္ဌာန်းရေး (Identity) အဆင့်.. အဲဒါကတော့ ပထမအဆင့်ကိုကျော်လွန်လို့ ဘ၀အခြေအနေ အဆင်ပြေလာရင် ကိုယ်ဘာကောင်ဆိုတာ လူမှုပတ်ဝန်းကျင် မှာ အရာဝင်ဖို့အတွက် ကြိုးစားရတာ.. ဥပမာ - ကိုယ်က အင်ဂျင်နီယာလား၊ ဆရာဝန်လား၊ စီးပွားရေး ပညာရှင်လား.. စသဖြင့်ပေါ့.. နောက်ဆုံး တတိယအဆင့်ကတော့ လူတယောက်ရဲ့ ဘ၀ဖြစ်စဉ်မှာ အဆင့်မြင့်ဆုံး လူသားဖြစ်စဉ်ပါ.. အဲဒါကတော့ ကိုယ်နေထိုင်တဲ့ လူအဖွဲ့အစည်းကို ပြန်လည် ပေးဆပ်ခြင်း (Contribution) အဆင့်ပါ.. အဲဒါကတော့လူ့သမိုင်းဖြစ်စဉ်မှာ အဆင့်အမြင့်ဆုံးနဲ့ အမြင့်မြတ်ဆုံး အဆင့်ပါ.. လူသာသေမယ်၊ နာမည်က ဘယ်တော့မှ မသေဘဲ ကျန်ခဲ့တဲ့ အဆင့်မျိုးပေါ့.. ဥပမာ - ဗုဒ္ဓ တို့လို၊ ယေရှုတို့လို၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို၊ Mother Teresa တို့လို၊Gandhi တို့လို အများကောင်းကျိုးအတွက် မိမိရဲ့ ဘ၀ကို ပေးဆပ်သွားတဲ့သူတွေပေါ့..ကျွန်တော်ကတော့ အဲဒီ လူ့သမိုင်းဖြတ်သန်းမှုဖြစ်စဉ်ရဲ့ ပထမနဲ့ ဒုတိယအ ဆင့်မှာ တ၀ဲဝဲလည်လည်နေပြီး တတိယအဆင့် ကိုရောက်ဖို့အတွက်ရူးသွပ်နေသော်လည်း အတော် အပျင်း ထူသူ တယောက်လို့ ပြောရင်ရမယ် ထင်ပါတယ်...
    ဒီအယူအဆအတွေးအခေါ်ကို ကျွန်တော်အနေနဲ့ ရာနှုန်းပြည့် လက်ခံသဘောကျနှစ်သက်မိပါတယ်။
ကျွန်တော်တို့အနေနဲ့ ပထမအဆင့် ရှင်သန်ရေး (Survival) နဲ့ ဒုတိယအဆင့် ကိုယ်ပိုင်အဆင့်ပြဋ္ဌာန်းရေး (Identity) တွေကိုကျော်လွှားနိုင်ဖို့ ရိုးသားမှုရဲ့အရင်းအမြစ်ဖြစ်တဲ့ ကျင့်ဝတ်စည်းကမ်း တွေကိုအရောင်မဆိုး ပစ်ကြဖို့အေ၇းကြီးလွန်းလှပါတယ်။ အကယ်၍သာ ရှင်သန်ရေးနဲ့ ကိုယ်ပိုင်အဆင့်ရပ်တည်ရေးအတွက် အေ၇ာင်ဆိုးပြီး တစ်ပွဲတိုးနည်းသုံးမယ်ဆိုရင်ဖြင့် အေ၇ာင်လွင့်လာမယ့် အခ်ျိန်မှာ ဘာမှကျန်တော့မှာ မဟုတ်ပါဘူး။ ရှင်သန်မှုဆိုတဲ့အဆင့်မှာတင်ရှိနေပါစေ….ရိုးသားမှုဆိုတဲ့ ဘ၀ရဲ့ရိုးရှင်းမှုကို ဆက်လက်ထိန်း
သိမ်းထားနိုင်မယ်ဆိုလျင်ဖြင့် ရဲတင်းမှုနဲ့အတူ ကိုယ်ပိုင်အဆင့်ကို သိက္ခာရှိရှိ လက်ခံရရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်၇ိုးသားတာကိုကပဲ လောကကြီးကိုစောင့်ရှောက်နေတာဖြစ်ပါတယ်။ ဒါဆိုရင်ဖြင့် တတိယအ ဆင့်ဖြစ်တဲ့ လူအဖွဲ့အစည်းကို ပြန်လည် ပေးဆပ်ခြင်း (Contribution) ကိုရောက်ရှိနေပါပြီ။
ဇော်ရဲ (မနောမြေ)

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ