စိုးရိမ်သောကဖြစ်ခြင်း (ANXIETY)  

Posted by zawye

(ထွန်းဖောင်ဒေးရှင်း ဘဏ်စာပေကော်မတီက ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ဝေသောမောင်ဆုရှင် မြန်မာပြန်ဆိုသည့်အိမ်တွင်းသမားတော် စာအုပ်မှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။)

စိုးရိမ်သောကဖြစ်ခြင်း (ANXIETY)

စိုးရိမ်သောကဖြစ်ခြင်းသည်ဘ၀ဧ။်စိန်ခေါ်မှုများကိုသဘာဝကျကျတုံ့ပြန်မှုတစ်မျိုးဖြစ်သည်။စိုးရိမ်ကြောင့်ကြ အနည်းငယ် ဖြစ်ခြင်းသည်ကောင်းဧ။် ။ထိုစိတ်ဖြင့်မိမိကိုယ်ကိုယ်အားပေးရာရောက်နိုင်သည်။ သို့ရာတွင် စိုးရိမ်သောက ကြီးလွန်းလျှင်ကားထိန်းမနိုင်၊ သိမ်းမရအထိဖြစ်နိုင်သည်။ ဘာရယ်မဟုတ်ဘဲဖြစ်နေခြင်း၊ အကြောက်လွန်ခြင်း၊ နောက်ဆက်တွဲ စိတ်ဖိစီးမှုဖြစ်ခြင်းနှင့် နေမထိထိုင်မထိ စိတ်မပူပန်ဘဲ မနေနိုင် ဖြစ်ရခြင်းတို့ကိုကြုံရသည်။ ပူပန်မှုလက္ခဏာများကြုံရပါက ဆရာဝန်များနှင့်ပြသရန်လိုအပ်ပြီးဆေးဝါးမှီဝဲရန် လည်းလိုအပ်ချက်ရှိနိုင်သည်။

စိုးရိမ်ကြောင့်ကြမှုနှင့်စိုးရိမ်ပူပန်သောကတို့အကြားနှစ်ဖက်စွန်းဧ။်အလယ်၌စိတ်အနေအားဖြင့်ကြုံဆုံရ သူတို့မှာ သန်းပေါင်းများစွာရှိကြသည်။ စိုးရိမ်မှုများသူရှိသလိုတကယ်တမ်းရောဂါမဖြစ်သေးသူတို့ရှိကြသည်။အမြဲတမ်း ပူပန်ကြောင့်ကြ ဖြစ်နေရတတ်သူတို့မှာ နေ့စဉ်ကိစ္စများ ၌ဟန်မပျက် ကျင်လည်နိုင်သော်လည်း သူတို့ဧ။် စိတ်အနေနှင့် ရုပ်ပိုင်းအနေအထားကို စိုးရိမ် မှုက တတိတိတိုက်စားပစ်ခြင်းကိုခံရလျှက်ရှိသည်။ ထိုကဲ့သို့ လွန်ကဲသော စိတ်အနေရှိသော အခါ စိတ်ကျရောဂါ၊ နှလုံးရောဂါ၊နှင့်အခြားကျန်းမာရေးပြဿနာများဖြစ်ဖို့ နီးစပ်လာလေသည်။အောက်ပါတို့မှာစိုးရိမ်ကြောင့်ကြလွန်ကဲသူများ အတွက်ကိုင်တွယ်ဖြေဖျောက်နိုင်ရန် နည်းလမ်းများဖြစ်သည်-
  • ထွက်သက်၊၀င်သက်လေကိုပုံမှန်ဖြစ်အောင်ရှူခြင်းသည် စိုးရိမ်သောကတိုက်ဖျက်ရေးအတွက် အထိရောက်ဆုံးနည်းဖြစ်သည်။သောကပြေပျောက်ရန်နှာခေါင်းမှလေးစက္ကန့်မျှအသက်ရှူပြီး ခုနှစ်စက္ကန့်မျှအသက်အောင့်ထားပါ။ ထို့နောက်ပါးစပ်မှ ရှစ်စက္ကန့်ကြာအောင် လေကိုရှူထုတ်ပါ။ ထိုနည်းဖြင့် နေ့စဉ်တစ်မိနစ်မျှကြာအောင် ထွက်လေ၊ ၀င်လေကိုမကြာခဏလေ့ကျင့်ပါ။
  • ٭တစ်ကိုယ်ထီးတည်းနေခြင်းသည် စိုးရိမ်ပူပန်စရာဖြစ်ဧ။်။ စားသောက်ဆိုင်၊ ကုန်ပဒေသာဆိုင်၊ စာကြည့်တိုက်သို့သွားပြီးတွေ့ရာတစ်ဦးဦးနှင့်စကားဖောင်ဖွဲ့ပါ။ မိတ်ဆွေသူငယ်ချင်းဖြစ်စေ၊ ဆွေမျိုးသားချင်းနှင့်ဖြစ်စေ၊ ဆက်သွယ်စကားပြောပါ။ လူသူနှင့် အဆက်ဆံရှိလျှင် စိုးရိမ်ပူပန်စိတ်လျော့သွားနိုင်သည်။
  • ٭ နေ့စဉ်အားဖြင့် သုံးလေးကြိမ်မျှစိတ်တည်ငြိမ်မှု တည်ဆောက်သော အားထုတ်မှု တစ်မျိုးမျိုးပြုလုပ်ပါ။စိတ်ထဲကဂါထာမန္တာန်ဖြစ်ဖြစ်အာရုံပြုရင်ပြု၊စိတ်ကိုဟင်းလင်း ထားချင်ထား၊ကိုယ့်စိတ်ကြိုက်အဆင်ပြေတာကိုလုပ်ပါ။
  • ٭လောလောဆယ်ဖြစ်နေသော ကိစ္စကိုအာရုံထားပါ၊ ပြီးခဲ့တာ၊ ရှေ့ဖြစ်မယ့်ဟာများကိုမတွေးပါနှင့်။ တစ်နေ့တာ အချိန်ရရ၊ တစ်နာရီအချိန်ရရ၊ တစ်မိနစ်ပဲအချိန်ရရ ဤအတိုင်းစိတ်မှာ အာရုံထားပါ။
  • ٭ပြဿနာတစ်ရပ်ရပ်ကို လက်တွေ့ဖြေရှင်းနိုင်ရန် စီမံချက်တစ်ရပ်ချပါ။ ငွေစုဘဏ်စာရင်းစ၍ဖွင့်လျှင်ဖွင့်၊အလုပ်ကိစ္စကိုဆွေးနွေးသုံးသပ်လိုကသုံးသပ်၊လက်တွေ့ချ၍ လုပ်ကိုင်လုပ်ကိုင်၊စိုးရိမ်ဖွယ်ကိစ္စ တို့ကိုလျော့ပါးသွားစေမည်။
  • အကြောင်းမဲ့စိုးရိမ်ခြင်းသည် အခြေအနေအမှန်ကိုမသိသောကြောင့် ဖြစ်ရသည်များလည်းရှိသည်။ ကိုယ့်ကိုနှုတ်မဆက်ဘဲမသိကျိုးကျွန်ပြုသွားသည်ကို ကြုံလိုက်ရလျှင် ငါ့ကိုဂရုမစိုက်ဘဲနေသည်ဟု စိတ်မကောင်းမဖြစ်သင့်။
  • ٭အာရုံထွေပြားမှုဖြစ်စရာ အကြောင်းများကို ရှောင်ဖို့လိုသည်။ ကိုယ့်ကိုအပြိုင်အဆိုင် စိတ်ရှုပ်အောင်ပြုလုပ်နေသာသူများနှင့်ကိစ္စများကိုမေ့ထားပြီး ဝေးဝေးသို့ ရောက်အောင်သွား၊ ဝေးဝေးလေးနေပေးပါ။ ရက်အနည်းငယ်မျှ သတင်းစကားတို့နှင့်ဝေးဝေးနေပါ။ ကိုယ်ရေးကိုယ်တာ စိုးရိမ်ကြောင့်ကြဖွယ်များ လျော့သွားမည်။
  •  ٭မိမိကိုယ်တိုင်မေးကြည့်ပါ။ "အဆိုးဆုံးဘာဖြစ်နိုင်မည်လဲ" "အဲ့ဒီအဖြစ်ကဘယ်လောက်ဆိုးမှာလဲ" "အဆိုးဆုံးဖြစ်ဖို့အကြောင်းတွေဘယ်လိုရှိသလဲ" ဟူ၍ဖြစ်သည်။ ထင်သောအခြေအနေမှာ တကယ်ဖြစ်လာသောအခါ ဤသို့မဆိုးတတ်၊ ထိုမျှမက တကယ်တမ်းဖြစ်ချင်မှလည်းဖြစ်လိမ့်မည်။ နောက်ပိုင်း၌ "ငါဘာဖြစ်လို့ ဒီလိုစိုးရိမ်မိတာပါလိမ့်" ဟူ၍ပင်တွေးမိတတ်သည်။
  • ٭ကိုယ့်မှာ စိုးရိမ်ကြောင့်ကြဖြစ်ရမှုများကို ဒိုင်ယာရီရေးသလိုရေးမှတ်ပါ။ သို့မဟုတ် စာရွက်ပေါ်တွင် ချ၍ရေးထားပါ။ ထိုသို့ချ၍ရေးကြည့်လိုက်လျှင် စိုးရိမ်မကင်းမှုလျော့သွားပြီး စိတ်အေးသွားစရာ အကြောင်းရှိသည်။
  • ٭"ညအိပ်ချိန်တွင်အားလုံးကိုဖြေလျှော့ပြီး သက်သက်သာသာအနားယူဖို့ ပြင်ဆင်ပါ" အိပ်ရာမ၀င်မီမိနစ် ၃၀၊ ၅၀ မျှတိတ်တိတ်ဆိတ်ဆိတ်ဖြင့် အေးအေးလူလူလုပ်ရသော အလုပ်တစ်မျိုးမျိုးကိုလုပ်သင့်သည်။ ဥပမာ- ၀တ္ထုတစ်အုပ်ဖတ်ခြင်း၊ တီဗီဇာတ်မြူးတစ်ခုကို ကြည့်ခြင်းကဲ့သို့ အလုပ်မျိုးဖြစ်သည်။ အိမ်တွင်းမှု သိမ်းဆည်းရေးကဲ့သို့ အလုပ်မျိုးကား မဖြစ်သင့်။
  • ٭ကိုယ့်မှာဖြစ်တတ်သော စိုးရိမ်မှုများကို အခြားအမြင် တစ်မျိုးဖြင့် မြင်ကြည့်ပါ။ "ဒီလိုဖြစ်တာ ဘယ်လောက်ရယ်စရာကောင်းသွားလဲ"၊ "ဒီလိုကြောင့်ကြမှုမျိုးကို နောင်နှစ်နှစ်လောက်ကြာလို့ ကိုယ့်ဘာသာပြန်တွေးမိရင် ရယ်မောစရာဖြစ်တော့မှာပဲ" ဟူသော အတွေးမျိုးကိုတွေးကြည့်ဖို့ဖြစ်သည်။ ကြည်သာရွင်ပျ၊ ရယ်မောတတ်ခြင်းသည် စိုးရိမ်ဖွယ်အကြောင်းကိစ္စကို ချက်ချင်းသက်သာစေသည်။
  • ٭စိုးရိမ်စရာ ကို တစ်ယောက်တည်းမခံစားပါနှင့်။ ပြောရင်းဖြင့်ပြဿနာဧ။် အဖြေများရလာတတ်ပြီး ကိုယ့်ပြဿနာမှာ ထင်သလောက်မကြီးလှသည်ကို သဘောပေါက်ရလိမ့်မည်။

(၂၀၁၁ခုနှစ်၊ မေလ (၂၂)ရက်နေ့ ထုတ်ကြေးမုံသတင်းစာ အခန်းဆက်ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ )


စိုးရိမ်သောကဖြစ်ခြင်းသည်ဘ၀ဧ။်စိန်ခေါ်မှုများကိုသဘာဝကျကျတုံ့ပြန်မှုတစ်မျိုးဖြစ်သည်။စိုးရိမ်ကြောင့်ကြမှုနှင့် စိုးရိမ်ပူပန်သောကတို့အကြား နှစ်ဖက်စွန်းဧ။် အလယ်၌ စိတ်အနေအားဖြင့် ကြုံရ ဆုံရသူတို့မှာ သန်းပေါင်းများစွာ ရှိကြသည်။ စိုးရိမ်မှုများ သူရှိသလို တကယ်တမ်း ရောဂါမဖြစ်သေးသူတို့ရှိကြသည်။ အမြဲတန်းပူပန်ကြောင့်ကြ ဖြစ်နေရတတ်သူတို့မှာ နေစဉ်ကိစ္စများ၌ ဟန်မပျက် ကျင်လည်နိုင်သော်
လည်းသူတို့ဧ။်စိတ်အနေနှင့် ရုပ်ပိုင်းအနေအထားကိုစိုးရိမ်မှုကတစ်တိတိတိုက်စားပစ်ခြင်းကိုခံရလျက် ရှိသည်။ ထိုကဲ့သို့ လွန်ကဲသောစိတ်အနေရှိသောအခါ စိတ်ကျရောဂါ၊ နှလုံးရောဂါ နှင့် အခြားကျန်းမာရေး ပြဿနာများဖြစ်ဖို့ နီးစပ်လာလေသည်။ အောက်ပါတို့မှာ စိုးရိမ်ကြောင့်ကြ လွန်ကဲတတ်သူများအတွက် ကိုင်တွယ်ဖြေဖျောက်နိုင်ရန် နည်းလမ်းများဖြစ်သည်....

  • စွဲစွဲလမ်းလမ်း စိုးရိမ်တတ်သူတို့မှာ ရှိပါစေ၊ နေပါစေဟူ၍ မေ့ပျောက်ထား၍ မရကြ။ သူ့အလိုလို ရှင်းချင်မှ ရှင်းသွားပေရော့ဟုဆက်၍သာ စိုးရိမ်နေတော့သည်။ ထိုသို့ကားမဖြစ်နိုင်။ ထို့ကြောင့်အလေ့အထပြု၍ ရှိပါစေ၊နေပါစေဟုအတွေးဖြတ်လျက်လေ့ကျင့်ပေးဖို့ဖြစ်သည်။သို့သော်ကိုယ့်နည်းနှင့်ကိုယ်အဆင်ပြေသော နည်းကို လည်းပြုလုပ်လေ့ကျင့်နိုင်သည်။
  • မိမိကိုယ်ကိုယ် "အထိမခံ ရွေပန်းကန်" လိုသဘောမထားပါနှင့်။ ဤသို့ထင်မိလျှင် ထင်သလိုဖြစ်ကာ လူပျော့ဖြစ်သွားလိမ့်မည်။ ထို့ကြောင့်စိုးရိမ်တတ်ခြင်း ကိုအားနည်းချက်အဖြစ် လက်မခံဘဲ အားမွေးစရာ အကြောင်းအဖြစ်အသုံးဖို့ဖြစ်သည်။ လူရှေ့သူရှေ့တွင် ဟောပြောစရာအကြောင်းတစ်ခုရှိသည် ဆိုပါစို့။ ထိုကိစ္စကို ရင်ခုန်ဒူးတုန်စရာ မဟုတ်ဘဲ စိတ်ပါလက်ပါ ဆောင်ရွက်ရန်ရှိမှုဟု သဘောထားလိုက်ပါ။
  • လူတစ်ဦး အဖို့ တစ်ခါတစ်ရံတွင် လုပ်ဆောင်ရန် ကိစ္စအမျိုးမျိုးကို တစ်ပြိုင်တည်း ကြုံရသောအခါ ၌စိုးရိမ်ကြောင့်ကြမှု ပေါ်တတ်သည်။ထိုအခါမျိုး၌ ကိစ္စများမြောင်လှသည်ဟု အပျက်သဘောမမြင်ဘဲ ဘ၀မှာ တက်ကြွစွာ လုပ်စရာတွေ၊ စိန်ခေါ်ချက်တွေ ရင်ဆိုင်ဖို့ အပြည့်ရှိနေသည်ဟုသဘောထားရန်လိုသည်။
  • ဘီယာ၊၀ိုင်နှင့်အခြားအရက်သေစာတို့သည်စိုးရိမ်မှုကိုတိုးပွားစေနိုင်ဧ။်။ အရက်သောက်ခါစမှာစိုးရိမ်ပျောက် စေသော်လည်း အရက်သောက်ပြီးသည့်နောက်တစ်နေ့တွင် ပို၍အစိုးရိမ်ကြီးကြောင်းတွေ့ရသည်။ ထို့ကြောင့်အရက်သေစာရှောင်ဖို့ဖြစ်သည်။

(၂၀၁၁ခုနှစ်၊ မေလ (၂၃)ရက်နေ့ ထုတ်ကြေးမုံသတင်းစာ အခန်းဆက်ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။ )

0 comments

Post a Comment

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ