01

Jul

လက်ဆောင် ကဗျာ  

Posted by zawye

25 KZY

KZY 25

ပြက္ခဒိန် စာမျက်နှာတို့က

တစ်ဆစ်ချိုး အပြောင်းအလဲနဲ့

တစ်နှစ်တိုးကြောင်း အကြောင်းကြားဆိုတယ်။

KZY 25

25 KZY

ကိုယ်တိုင်ရေး ဒိုင်ယာရီအပိုင်းအစတွေထဲ

စာစီအက္ခရာတွေက

နောင် ဘာတွေ စပ်ဆိုမလဲ တဲ့

မျှော်လင့် စောင့်စားနေကြတယ်။

KZY 25

25 KZY

မုန်တိုင်းထန် လေနီကြမ်းနဲ့

အရိုင်းမာန် ဘ၀လမ်းထဲ

ပျံသန်းနေဆဲ ငှက်ငယ်ရယ်

လမ်းခင်း ဖြောင့်ဖြောင့် လှမ်းနိုင်စေကွယ်….။

2 comments

KZY 25
25 KZY

ဟက်ပီး ဘက်ဒေး သူငယ်ချင်း.....။
နောင် မွေးနေ့ရက်စွဲတိုင်းမှာလည်း
နင့်အတွက် ဟက်ပီးဘက်ဒေးလို့
အမြဲ ပြောနိုင်စေဖို့
ကိုယ့်ကိုယ်ကို ဆုတောင်းသွားတယ် :P

ကဗျာလေးတွေပါစောင့်နေပါ့မယ်... :)

Post a Comment

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ