စာမရေးဖြစ်တာတော်တော်လေးကြာမှ ရေးဖြစ်တဲ့ကဗျာတစ်ပုဒ်  

Posted by zawye

နှစ်ဦးဆုတောင်း

အေးစေတဲ့၊ ငြိမ်းချမ်းတဲ့ရေ
ငြိမ်းစေတဲ့ မေတ္တာရေနဲ့
ခါသဘင်အတာပွဲကိုနွဲပြီးသကာလ
ဤဌာနေညီအစ်ကိုအပေါင်းတို့ရေ……..

ဘိုးဘွားတွေတို့မြန်ပြည်က
သွေးသားတွေနဲ့ဖွဲ့ကာတည်
အစဉ်အလာတွေတည်လာခဲ့တဲ့
တစ်ထောင့်သုံးရာခုနှစ်ဆယ့်ငါးကို…….

ဖြူသောနှလုံး၊ မြတ်သောစိတ်ဓာတ်
ကောင်းသောအမှုများဖြင့်
မြတ်ပညာလက်ကိုင်ထားကာ
တို့မြေပုံကမ္ဘာမှာလှစေဖို့
ဝီရိယအပေါင်းထပ်ကာညောင်းပြီး
စင်စစ်မသွေဆောင်းကြစို့ရယ်ဟု
နှိုးဆော်သမှုအစဉ်ပြုကာ
အသင်တို့နှလုံးငြိမ်းချမ်းစေရန်
ကမ္ဘာမြေထုသက်သေပြု၍
အကျွန်ဆုတောင်းမိပါ၏။
(K.Z.Y._17.04.2013)

0 comments

Post a Comment

ကျွန်တော်

My photo
ကျွန်တော့်အကြောင်းကတော့ ထွေထွေထူးထူးမရှိပါဘူး.. .မကြာခဏပြုတ်ပြုတ်ကျနေ တဲ့စိတ်ဓာတ်တွေကိုပြန် လည်ကောက်တင်ရင်း ဘ၀တက်လမ်း အတွက် ရုန်းကန်နေဆဲ လူငယ်တစ်ယောက်ပါ...

အကန့်များနှင့်အတူ

ရောင်းရင်းတို့၏အမြင် :)

visiters!

hit counter

NeoCounter

သူငယ်ချင်းများနှင့် ညီအစ်ကိုမောင်နှမများ